Saturday, April 20, 2019

မျက်နှာဖုံး












 မျက်နှာဖုံး

ကိုယ့်ကို ပြုံးပြနေတိုင်း
ကိုယ့်အကျိုးလိုလားသူ ဟုတ်ချင်မှမဟုတ်မယ်

ကိုယ့်ကို လက်ဆွဲနှုတ်ဆက်တိုင်း
ကိုယ့်ကို ခင်မင်ချင်သူ ဟုတ်ချင်မှ ဟုတ်မယ်

ကိုယ့်ကို ဖေးမကူညီတိုင်း
ကိုယ့်ကို ကယ်တင်ချင်သူ ဟုတ်ချင်မှဟုတ်မယ်

ကိုယ့်ကို လမ်းပြတိုင်း
ကိုယ့်ကို လမ်းမှန်ရောက်စေချင်သူ ဟုတ်ချင်မှဟုတ်မယ်

လူတိုင်းရဲ့ရင်ထဲမှာ " နတ်ဆိုး " ကိုယ်စီရှိတတ်ကြတယ်
လူတွေရဲ့ အကြောင်း အသေးစိတ်မသိသေးချင်
ဘယ်သူ့ကိုမှ စိတ်လွတ်ကိုယ်လွတ်မယုံကြည်လိုက်ပါနဲ့

နောက်ဆုံး နောင်တတွေနဲ့ ကျန်ခဲ့ရမှာ ကိုယ်ပဲဖြစ်နေတတ်တယ် ။

သက်တန့်ချို
20 April 2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment