Saturday, April 27, 2019

လူ့သဘာဝ










 ကိုယ့်ကို လာထိမှ နာတတ်ကြတာ
လူ့သဘာဝပါပဲ

ကိုယ့်ကို မထိခိုက်သရွေ့
ကိုယ်ကိုယ်တိုင် မနာကျင်သရွေ့
သူတစ်ပါးရဲ့ နာကျင်မှု ဒါဏ်ရာဆိုတာ
စာနာပေးပါတယ်ဆိုတဲ့ အကြည့်တစ်ချက်
စကားတစ်ခွန်းနဲ့တင် ပြီးပျောက်သွားတာများပါတယ်

ကိုယ်ကိုယ်တိုင် နာကျင်ရတဲ့အခါ
ကိုယ်ကိုယ်တိုင် ဒါဏ်ရာရလာတဲ့အခါ
ကိုယ်ကိုယ်တိုင် ခံစားလာရတဲ့အခါ
ဘယ်အရာနဲ့မှ လွယ်လွယ် ကုစားလို့မရတာ သိလိမ့်မယ်

ဒါကြောင့် သူတစ်ပါး ဒုက္ခကြုံရတဲ့အခါ
သူတစ်ပါး နာကျင်ရတဲ့အခါ
သူတစ်ပါး ရှုံးနိမ့်နေတဲ့အခါ
ငါ .. ဆိုရင်ရော ဆိုတဲ့အတွေးကိုတွေးမိတတ်ကြဖို့လိုတယ်

သက်တန့်ချို
27 April 2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment