Friday, October 30, 2009

လူ့ဦးနှောက်ပုံစံဖြစ်နေသော ကမ္ဘာမြေ၏ အစိတ်အပိုင်းများ

လူ့ဦးနှောက်ပုံစံဖြစ်နေသော ကမ္ဘာမြေ၏ အစိတ်အပိုင်းများ



တစ်ကယ်လို့တစ်စုံတစ်ယောက်က လတ်တလောမှတ် ဥာဏ်ချို့ယွင်းသွားတယ်ဆိုရင် သူ့ကို ကူညီဖို့ အဆင်သင့်ပါပဲ ။ Parque National Park ထဲမှာ Track ကားတွေကြောင့် ကုန်းမြေတွေဟာ ပုံစံအမျိုးမျိုးဖြစ်လို့ နေပါတယ်။ ဒါပေမယ့် အံ့သြစရာကတော့ အပေါ်စီးကနေကြည့်မယ်ဆိုရင် လူ့ဦးနှောက်ပုံစံနဲ့ဆင်တူနေတာပါပဲ ။


သီးသန့်စစ်ဆေးရေးကောင်စီမှ ဓါတ်ပုံဆရာ Hector Garrido က National Park မှာ ရိုက်ကူးယူခဲ့တဲ့ပုံ ဖြစ်ပါတယ် ။ Delta မြစ်ထဲကိုစီးဝင်နေတဲ့ လက်တက်ပေါင်းများစွာရဲ့ အံ့သြစရာ ပုံရိပ်တွေပါ ။ သေချာကြည့်မယ်ဆိုရင်တော့ Marshland ထဲမှာ သေးငယ်တဲ့ကန်လေးကို တွေ့မြင်နိုင်ပြီး အဲဒီကန်က ခြောက်သွေးသွားရာကနေ တဆင့် ထူးဆန်းဖွယ်ကောင်းလောက်အောင် ဦး နှောက်သဏ္ဍာန်နဲ့ တူနေတဲ့ Landscape တစ်ခုဖြစ်ပါတယ် ။



အဓိပ္ပါယ် တိတိကျကျ သတ်မှတ်မထားပေမယ့် ပုံစံတွေဟာ အတိအကျ ပွားများထားခြင်းမဟုတ်ပဲ သေချာရှင်းလင်းတာ တစ်ခုကတော့ Fractal တစ်ခုခြင်းဆီကနေ သူ့ဘာသာဦးနှောက်ပုံစံ ထပ်နေခြင်း ဖြစ်ပါတယ် ။ ပုံတွေကတော ဓါတ်ပုံဆရာက တခြား စပိန်နိုင်ငံတောင်ပိုင်းမှာ ထူးဆန်းအံ့သြဖွယ် နေရာတွေကို ကျနော်တို့မမြင်နိုင်တဲ့ ရှုထောင့်တွေကနေ မှတ်ထားတင်ထားခြင်း ဖြစ်ပါတယ် ။



Huelva စီရင်စု Sevilla နဲ့ Ca'diz နောက်ပြီး Parque National Donana မှာ တည်ရှိပြီး ဒယ်တာ မြစ်ပတ်လည်မှာ ဖြစ်ပေါ်နေတဲ့ ပုံသဏ္ဍာန်တွေ ဖြစ်ပါတယ် ။ Guadalquivir မြစ်ဆိုတာကတော့ ဥရောပမှာ ထင်ရှားတဲ့ မြစ်ဖြစ်ပြီး အဲဒါက 1300 sq km ဧရိယာရှိပြီး အလွန်ကြီးမားတဲ့ ငှက်ကြီးတွေ ကျက်စားလေ့ ရှိတာကြောင့် ထင်ရှားကျော်ကြားလှပါတယ် ။ အထူးသဖြင့် ဒီနေရာမှာ ထိတ်လန့်ဖွယ် လူသားစား ငှက်မျိုးနွယ် ငါးခုရှိပြီး မြောက်အမေရိက ဥရောပနှင့် အာရှမြောက်ပိုင်းတွင် တွေ့ရလေ့ရှိသော lberian လင့်ကြောင်မြီးတိုတွေလည်း ကျက်စားလေ့ ရှိပါတယ် ။

စာရေးသူ.....သက်တန့်ချို.....(၁၁း၁၄ ည ၂၉.၁၀.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. လူသားစား ငှက်မျိုးနွယ် ငါးခုတောင် ရှိတယ် ?
    ကြောက်စရာကြီး..

    ReplyDelete
  2. ဒီလောက် အံ့သြဖို့ကောင်းတဲ့ နေရာမှာ အမှတ်တရဓါတ်ပုံရိုက်ကူးနိုင်ခဲ့တဲ့ ဓါတ်ပုံဆရာကိုတော့ လေးစားမိတာအမှန်ပဲ အခုလို ဗဟုသုတ အစုံအလင်သိရတာလည်း ကိုသက်တန့်ကို ကျေးဇူးတင်ပါတယ်

    ReplyDelete
  3. ထူးထူးဆန်းဆန်းတွေရှာပြနေလို့
    ကျေးဇူးအများကြီးတင်တယ်ဗျို့
း)

    ReplyDelete
  4. ကြားလိုက်ရရင် အဆန်းတွေကြီးပဲနော်

    ReplyDelete
  5. လူသားစားငှက်တွေအကြောင်း
    ဖြစ်နိုင်ရင်တင်စေချင်ပါသေးတယ်
    အမြဲအားပေးလျှက်...။

    ReplyDelete
  6. သက်တန့်ချိုရေ
    လာဖတ်သွားပါတယ်။ အထူးအဆန်းတွေ တင်လွန်းလို့ အထူးအဆန်းတွေကို လိုက်ရှာနေတာနဲ့ အလုပ်အကိုင်တွေ ပျက်ပြီး လူနာတွေ ဒုက္ခရောက်ရမှာကိုတောင် စိုးရိမ်နေပြီ။

    ReplyDelete
  7. တစ်ခါမှ မဖတ်ဖူးဘူး။ ဒီလို ထူးထူးဆန်းဆန်းလေးတွေ ရှာပြီး တင်ပေးတာ ကျေးဇူးပဲ။

    ReplyDelete
  8. ဒါဆို ကမ္ဘာမြေရဲ့ အခြားအစိတ်အပိုင်းတွေက ဦးနှောက်ပျက်နေတဲ့ ပုံတွေပေါ့...

းဝ)

    ReplyDelete