Friday, October 16, 2009

ကမ္ဘာပေါ်ရှိ အသေးငယ်ဆုံးမျောက်များ

ကမ္ဘာပေါ်ရှိ အသေးငယ်ဆုံးမျောက်များ


အကယ်၍ သင်ဟာ အမွှေးထူတဲ့ သတ္တ၀ါငယ်လေးတွေကို ချစ်တတ်တဲ့ သူတစ်ယောက်ဆိုရင် Dark Roasted Blend နဲ့ ခဏတာတွေ့ဆုံကြည့်ပါ ။ သူဟာ ကမ္ဘာဂြိုလ်ပေါ်မှာလူသိနည်းသေးတဲ့ နို့တိုက်သတ္တ၀ါ ပရိုင်းမိတ်တွေကို စုစည်းနေသူ ပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။ Aww လို့ခေါ်တဲ့ စာရင်းထဲမှာမှာ ဒီသေးငယ်တဲ့ လက်ချောင်းစာမျှသာရှိတဲ့ Pygmy marmoset မျောက်မျိုးနွယ်လည်းပါဝင်ပါတယ် ။ သူတို့ဟာ ၅ လက်မ သို့မဟုတ် ၆ လက်မလောက်သာရှိပြီး အမြီးမပါရှိပါဘူး ။ အလွန်ဆုံးရှိလှမှ ၆ လက်မကနေ ၈ လက်ထက် မပိုပါဘူး သူတို့ကို DRB လို့လည်းခေါ်ပါတယ် ။ Marmoset ဆိုတာကတော့ ပြင်သစ်စကားလုံး ဖြစ်ပြီး ပုဇွန်ဆိတ် သို့မဟုတ် ငါးသေးသေးလေးတွေလို့အဓိပ္ပါယ်ရှိပါတယ် ။ Marmoset ကနေ မှတ်သားထားတဲ့ သတ္တ၀ါပေါင်း ၁၈ မျိုးရှိပါတယ် ။ အခြားမျောက်တွေနဲ့ကွာတာကတော့ သူတို့မှာ အမြီးအစား ခြေသည်းလက်သည်းရှည်တွေပါပါတယ် ။ လက်ကောက်ဝတ်မှာ တွေ့ထိမှုဆိုင်ရာ အမွှေးရှည်တွေပါရှိပြီး အံဆုံးသွား မပါရှိပါဘူး ။ အဲဒီလိုဖြစ်နေခြင်းက သူတို့ကို အခြားမျောက်အမျိုးနွယ် တွေထက်ပိုပြီး ရှေးကျစေပါတယ် ။



Pygmy marmosets တွေကို Brazil , Ecuador , Peru , Columbia နိုင်ငံတွေရဲ့ မိုးသစ်တောတွေထဲမှာ တွေ့နိုင်ပါတယ် ။ သူတို့ဟာ သစ်တောအုပ်တွေရဲ့ ထိပ်ဖျားမှာနေလေရှိပြီး သူတို့ထက် ပိုကြီးတဲ့ အစားစားသတ္တ၀ါတွေရဲ့ရန်ကနေ ကိုယ်ပိုင် အသိဥာဏ်နဲ့ ကာကွယ်လေ့ရှိပါတယ် ။ သူတို့ဟာ အင်းဆက်ပိုးမွှားတွေနဲ့ သစ်သီးတွေ အရွက်တွေကိုသာစားလေ့ရှိတဲ့ အရွက်စား သတ္တ၀ါ Omnivorous တွေဖြစ်ပါတယ် ။ သူတိုဟာ သစ်ပင် သစ်စည်းတွေကို တတိတိနဲ့ ကိုက်စားလေ့ရှိပါသေးတယ် ။သူတို့ရဲ့ ချွှန်မြ နေတဲ့ရှေ့သွားတွေက မာကျောတဲ့သစ်ပင်စည်တွေကိုတောင် ကိုက်ဝါးနိုင်ပါတယ် ။ အဲဒီလိုနည်းနဲ့ပဲ သစ်ပင်တွေထဲက သစ်စည်းတွေ အရည်တွေကို စုပ်ယူလေ့ရှိတာပေါ့ ။



၂ ကောင် ဒါမှမဟုတ် ၆ကောင်လောက် အုပ်စုဖွဲ့နေလေ့ရှိပြီး အထူးသဖြင့် မျိုးပွားတဲ့ ၂ ကောင်နဲ့ သူတို့ရဲ့သားသမီးတွေဖြစ်ပါတယ် ။ Marmoset မိသားစုတွေဟာ ကြမ်းတမ်းစွာနယ်ချဲ့လေ့ရှိပြီး ဧက ၁၀၀ ထိတိုင်အောင် တိုက်ခိုက်နယ်ချဲ့လေ့ရှိပါတယ် ။ ဒါပေမယ့် သူတို့ကို နေရာကျယ်ကျယ်ပြန့်ပြန့်မှာတွေ့ရဖို့တော့ မမျှော်လင့်ပါနဲ့ ။ သူတို့ဟာ သေးငယ်သလောက် အလင်းကဲ့သို့ လျှင်မြန်ပြီး အပင်တပင်ကနေတပင်ကို ပေါ့ပါးစွာ ကူးသွားလေ့ရှိပါတယ် ။

စာရေးသူ....သက်တန့်ချို......(၁၀း၅၃ ၁၁.၁၀.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. လိုခြင်တယ်ဗျာ
    ရခြင်တယ်ဗျာ
    ယူခြင်တယ်ဗျာ
    မွေးခြင်တယ်ဗျာ
    ဖမ်းပေးဗျာ

    ReplyDelete
  2. ခုမှပဲမြင်ဖူးတယ် ဒီလောက်သေးတဲ့မျောက်မျိုး

    ReplyDelete
  3. post လေးတွေ လာယူသွားတယ်နော်..

    ReplyDelete
  4. ချစ်စရာတော့ကောင်းမယ့်ပုံပဲနော်
    ထူးထူးဆန်းဆန်း တွေမြင်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်

    ReplyDelete
  5. ချစ်စရာတော့ကောင်းတယ်နော်
    ထူးထူးဆန်းဆန်းတွေမြင်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်

    ReplyDelete
  6. အရမ်းချစ်ဖို့ကောင်းပါတယ်။

    ReplyDelete