Thursday, January 14, 2010

အမွှေးပါသော ထူးဆန်းသော ထရောက်ငါး

အမွှေးပါသော ထူးဆန်းသော ထရောက်ငါး















အမွှေးအမျှင်တွေပါတဲ့ ထူးဆန်းသော ထရောက်ငါးကို မြောက်အမေရိက အထူးသဖြင့် Canada , Montana , Wyoming , Colorado နဲ့ Great lakes တို့မှာ တွေ့နိုင်ပါတယ် ။ ဒီငါးတွေဟာ စိတ်ကူးယဉ် ပုံပြင်ဆန်တဲ့ ငါးတစ်မျိုးလည်း ဖြစ်ပါတယ် ။ ပုံပြင်တွေအရဆိုရင်တော့ သူတို့ နေထိုင်ကျက်စားရာ ရေပြင်တွေ ကန်တွေနဲ့ ပင်လယ်တွေဟာ အရမ်းကို အေးလွန်းတဲ့အတွက် ဒီငါးတွေဟာ သူတို့ကို သူတို့ အနွေးဓါတ်ရစေရန်အတွက် အမွှေးအမျှင်တွေ ထွက်ပေါ်လာရခြင်းဖြစ်တယ်လို့ ဆိုပါတယ် ။ နောက်ပုံပြင်တစ်ခုကတော့ အမွှေးအမျှင်တွေ အပြည့်ပါတဲ့ ခရားအိုး လေးလုံးဟာ Arkansas မြစ်ထဲကို မျောပါလာတဲ့အတွက် အဲဒီငါးတွေဟာ အမွှေးတွေပေါက်လာရခြင်းဖြစ်တယ်လို့ဆိုပါတယ် ။

တကယ့် တကယ်မှာတော့ ဒါဟာ နားလည်မှုလွဲနေတာပဲဖြစ်ပါတော့တယ် ။ ၁၇ ရာစု စကော့တလန် လူမျိုးစုတွေရဲ့ ရေးသားထားတဲ့ စာတမ်းတွေအရ ဒီလို အမွှေးပါတဲ့ ငါးတွေများပြားလာခြင်းဟာ ကမ္ဘာသစ်မှာ သူတို့ အမွှေးတွေနဲ့ တင် မြို့တည်လို့ရလောက်အောင်များပြားလာလိမ့်မယ်တဲ့ ။ တကယ်တော့ မှိုတစ်မျိုးဖြစ်တဲ့ Cotton mold-Saprolegnia ဟာ ဒီငါးတွေကို ကူးစက်သွားတာ ဖြစ်ပါတယ် ။ အဲဒီမှိုပိုးဟာ ငါးတွေရဲ့ ခန္တာကိုယ်မှာ အမွှေးသဏ္ဍာန် ပရိုတိန်းတစ်မျိုးကို ပွားများလာစေခြင်းဖြစ်ပါတယ် ။ဒါဟာ ရောဂါပိုးတစ်မျိုးဖြစ်ပြီး ပိုးကူးစက်တာများသွားရင်တော့ ငါးတွေကို သေစေနိုင်ပါတယ် ။ ငါးတွေသေသွားပေမယ့်လည်း အမွှေးတွေကို ပွားများစေတဲ့ မှိုရောဂါပိုးက ဆက်လက်ပွားများလာတဲ့အတွက် ကမ်းခြေတွေမှာ အမွှေးဖြူတွေ ဖုံးအုပ်နေတဲ့ ငါးတွေကိုတွေ့ရလေ့ရှိပါတယ် ။

စာရေးသူ....သက်တန့်ချို (၁၀း၃၅ ည ၁၄.၁.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

10 comments:

  1. ကိုရင်ကြီး သက်တန့်ရေ..
    အမွေးနှုတ်ပြီး နှစ်ကောင်လောက်ကြော်လိုက်ပါအုံးဟ..
    ဒီမှာ အမြည်းပျက်တော့မယ်....
    ကဲကဲ ဘော်ဒါတွေသောက်....

    ReplyDelete
  2. ဟယ်...ငါးလေးတွေကလဲ သားမွေးအကျီလေးတွေဝတ်ထားတာကြနေတာပဲ...မျှော်လင့်သူတို့ကတော့ အမြည်းလုပ်ပစ်လိုက်ပြီ ငါးလေးတွေ သနားစရာ...။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  3. ငါးလေးတွေလည်း ချမ်းတတ်သားနော်း))
    ကြည့်ရတာ အူယားလိုက်တာ။ တစ်မျိုးကြီးဖြစ်နေသလိုပဲ
    ပေါက်ကရတွေ ရှာကြံပြီး ပိုစ့်တင်မနေနဲ့။းP

    ReplyDelete
  4. ထူးဆန်းပါပေ့ ဆတွတ်ရယ်....

    ReplyDelete
  5. ခုလို ကြည့် လိုက်တော့ မှငါးဟာ သူ့ သဘာဝတိုင်းလေးကပိုလှတယ်။ အမွှေးတွေနဲ့ ဆိုတော့ သူ့ အလှ
    ကိုကွယ်သွားတာ သနားစရာလေး..................................

    ReplyDelete
  6. ထူးဆန်းပါပေ့...ဆရာချိုရယ်.. အမွှေးတွေနဲ့ဆို စားရမှာကြောက်စရာကြီး..

    ReplyDelete
  7. အဲ့လို ပိုးတွေနဲ့ ငါးကို
    စားမိရင် ရော
    ရောဂါ အနည်းနဲ့ အများတော့
    လူတွေ မှာ ရမယ် ထင်တယ်နော် ....

    ReplyDelete
  8.်တကယ်ကိုထူးထူးဆန်းဆန်းပါလားဗျာ
ြ

    ReplyDelete
  9. အထူးအဆန်းလေတွေ တင်ပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete
  10. တကယ်ကို ထူးဆန်းတယ်နော်

    ReplyDelete