Friday, January 22, 2010

ကြမ္မာမုဆိုး

ကြမ္မာမုဆိုး




ပြာလဲ့လဲ့ မြစ်ပြင်ပေါ်သို့ နေရောင်ခြည်က ဖြေးညှင်းစွာ ကျရောက်လျက်ရှိသည် ။ လေတချက်ဝှေ့လိုက်တိုင်း တလှပ်လှပ် ထွက်ပေါ်လာသော လှိုင်းဂယက်လေးများက ပန်းချီကား တစ်ချုပ် သဖွယ်ပင် ။ ဧရာဝတီ မြစ်ရေပြင်ကြီးက အေးအေးလူလူ အိပ်စက်နေသည့်နှယ် ။ တသွင်သွင်စီးဆင်းနေသည် ။ ဧရာဝတီမြစ်ကြီး၏ ဘေးတဖက် မြစ်ကမ်းတစ်နေရာတွင် အိုးဘိုကျွန်းဟုခေါ်သော ရွာကလေးတစ်ရွာ... ။ အိမ်ခြေက ဟိုတစ်စု ဒီတစ်စုနှင့် စုစုပေါင်းမှ ငါးဆယ်မျှသာ ။ မြစ်ကမ်းနံဘေးတွင် ရေအတက်အကျရှိသဖြင့် ယာယီဆောက် လုပ်ထားခြင်းမျှသာ ဖြစ်သည် ။ ထို့ကြောင့် အိမ်အားလုံးလိုလိုက ခနော်နီခနော်နဲ့နှင့် ယိုင်နဲ့နဲ့ ပင်... ။ မြစ်နံဘေးတွင် တည်ရှိသောကြောင့် ရွာသူရွာသားများ၏ ပင်တိုင်စီးပွားရေးမှာ ငါးဖမ်း၍ အသက်မွေးဝမ်း ကြောင်းပြုခြင်းပင် ဖြစ်သည် ။ တံငါရွာ လေးတစ်ရွာပင်ဖြစ်သည် ။

ရွာသားများ၏ နေ့စဉ်လုပ်ငန်းဆောင်တာများက အလွန်ရိုးစင်းလှ၏ ။ နံနက်မိုးလင်းသည်နှင့် ပိုက်ကွန်လေးတွေကိုယ်စီထမ်း လှေလှော်၍ တစ်ချောင်းဝင် တစ်ချောင်းထွက် မြစ်ပြင်တလျောက်ငါး ရှာထွက်ကြလေသည် ။ နေ့လည်ချိန်၍ အိမ်သူထည့်ပေးလိုက်သော ထမင်းထုပ်ကို ဖြေစားရင်း လှေပေါ်မှာ ဆေးပေါ့လိပ်လေးဖွာ၍ ခဏတာနားကြရသည် ။ ပြီးလျင် ငါးပြန်ဖမ်း၍ ညနေမိုးစုန်းစုန်းချုပ်မှ အိမ်ပြန်လာ လေ့ရှိသည် ။ ထိုအရာကား အိုးဘိုကျွန်းတံငါရွာလေး၏ မြင်ကွင်းများပင် ဖြစ်သည်... ။ အိုးဘိုကျွန်းရွာလေးတွင် စိတ်သဘောမနောကောင်းသော အသောက်အစားကြမ်းသော ငါးဖမ်းဆီးခြင်းလုပ်ငန်းကို အလွန်ကျွမ်း ကျင်သော ရေ၏အရိပ်အရောင် ရေစီးကြောင်း ရေမြှုပ်လေးများထနေသည်ကို ကြည့်၍ မည်သည့်နေရာတွင် မည်သည့်ငါးအမျိုးအစားမည်မျှရှိသည်ကို အတိအကျ ပြောဆိုနိုင်သော တံငါသည်တစ်ဦးရှိသည် ။ သူ့နာမည်က ညိုမောင် တဲ့ ။ အသက်က လေးဆယ်ခန့် .. ။ အသား ညိုညို ... ။ ခန္ဓာကိုယ်က တုတ်ခိုင်ခိုင် ... ။ ငယ်စဉ်ကတည်းက ငါးဖမ်းခြင်းအလုပ်ကို လုပ်ကိုင်ခဲ့၍ ရှိရင်းစွဲအသက်ထက် ကြမ်းတမ်းသည့်ပုံပေါက်နေသည် ။ ညိုမောင်တွင် မယ်မြ ဆိုသော ဇနီးတစ်ယောက်ရှိသည် ။ ထို့အပြင် သူတို့ နှစ်ဦးတွင် ရင်နှစ်သည်းခြာ သမီးလေး တစ်ယောက်ရှိသည် ။ နာမည်က အေးမြ တဲ့... ။ သမီးလေး အသက်က တစ်နှစ်စွန်းစွန်းပင် ရှိဦးမည် ။

လင်မယား နှစ်ယောက်စလုံးက တစ်ဦးတည်းသော သမီးမို့ တုန်နေအောင်ချစ်ကြသည် ။ ညိုမောင်က အသောက်အစားကြမ်းသလောက် သမီးလေးအေးမြကိုတော့ သူ..မူးမူး မမူးမူး လက်ထဲကကို ချသည်မရှိ ။ တခါတခါ အရက်မှုးပြီး ပြန်လာပြီးလျှင် သူ့သမီးလေး မအိပ်မချင်း ချော့သိပ်နေပုံအားကြည့်၍ မယ်မြတစ်ယောက် စိတ်နှလုံးချမ်းမြေ့ရသည် ။ ညိုမောင်တွင် သူများနှင့်မတူ ထူးခြားသောအကျင့်တစ်ခုရှိသည်။ သူက တခြားတံငါသည်များကဲ့သို့ ရေထဲသို့ ပိုက်ကွန်ပစ်၍ ငါးဖမ်းရခြင်းကို စိတ်မ၀င်စား။ မှိန်းတစ်လက်ကိုယူ၍ ရေပြင်ပေါ်မှ ကြည့်ကာ ငါးကြီးကြီးကိုရွေး၍ ထိုးရခြင်းကို လွန်စွာဝါသနာပါ၏။ လက်ဆလက်နကလည်း အလွန်ကောင်းပြီး တစ်ချက်ပစ်လျှင် ငါးကြီးကြီးတစ်ကောင်ရသည်ပင်။ ငါးများကို မှိန်းထိုးရာတွင်လည်း အရက်ကို မူးမူးရူးရူး သောက်သွားလေ့ရှိသည်။ အလုပ်ကို လွန်စားကြိုးစားသောကြောင့် အခြားဘ၀တူ တံငါသည်များ ထက် စီးပွားရေးက ပို၍ချောင်လည်သည်။ နောက်ပိုင်းတွင် ရွှေစ ငွေစ များပင် စုဆောင်း မိလာသည်။ သမီးလေး၏ တီတီတာတာ အပြုံးကို ကြည့်၍ ပျော်ရွှင်ကြရသည်။

ဒီလိုနှင့် ……..

တစ်နေ့ ......အဲံဒီတစ်နေ့ကား …..


မိုးက ဒီနေ့မှ သည်းသည်းမည်းမည်း ရွာနေသည်။ ညိုမောင်ကတော့ အရက်ကလေးသောက်လိုက် ပုခက်လွဲလိုက် အမဲခြောက်ကလေး မြည်းလိုက်နှင့် ဇရက်မင်းစည်းစိမ် ကို ခံယူနေသည်။ ဇနီးသည် မယ်မြကတော့ ပုဆိုးဟောင်းတစ်ထည်ကို ချူပ်နေလေ၏။ ည ၈နာရီ ထိုးခါနီးခန့် တွင် ညိုမောင်က

“ ကဲ မယ်မြရေ ဒီမိုးကိုစောင့်နေလို့ကတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး ဒီနေ့ လပြည့်ညကွ …..ဒီရေတက်ချိန်ဆို ငါးပတ်တွေ သိပ်ပေါတယ် …. ငါမှိန်းထိုးသွားဦးမယ်။”

“ ဟို ….. ကိုညိုမောင် ဒီည နားလိုက်ပါလားရှင်… မသွားပါနဲ့လား …”

“ဟ ဘာဖြစ်လို့တုန်း မယ်မြရဲ့ …. ဘာလဲ မင်းတစ်ယောက်တည်း မိုးသည်းထဲမှာ နေရမှာကြောက်လို့လား….”

“ မဟုတ်ပါဘူးတော် ကျူပ်စိတ်ထဲလေးနေလို့ပါ … ဒီနေ့အောက်မျက်ခမ်းတွေလည်း လှုပ်နေတယ်တော့..”

“ ဟ ဟ ဖြစ်ရလေ မယ်မြရာ နင်သွေးလေမမှန်လို့ စိတ်တွေ ဂယောင်ခြောက်ခြား ဖြစ်တာနေမှာပါ ဟ.. ဒါနဲ့နင်..ဓမ္မတာကောမှန်ရဲ့လား…ဒီလိုပဲဟသွေးလေမမှန်ရင်…စိတ်ဂယောင်ခြောက်ခြားဖြစ်တတ်တယ်…ကဲကဲ.
ငါသွားပြီဟေ့”

ပြောပြောဆိုဆို ညိုမောင်က မှိန်းကိုယူကာ ဦးထုပ်ဆောင်း၍ တဲပေါ်မှ ခုန်ချလိုက်သည် ။ သူတို့ အိမ်လေးက ခြေတံရှည်အိမ်ကလေး ။ အိမ်ဖြစ်သည် ဆိုယုံမျှ ဆောက်ထားခြင်းပင်.. ။ ကြမ်းပေါက်တွေကလည်း ကျိုးတိုး ကျဲတဲ… ။ နံရံတွေကလည်း မလုံ့တလုံ… ။ မိုးသည်းလိုက်တိုင်း အိမ်လေးက လဲပြိုတော့မည့် ပုံစံ.. ။ အိမ်ကို နောက်ပြန်လှည့်ကြည့်ပြီး ညိုမောင်စိတ်တော့ ထင့်သွားရသည် ။ ဒါပေမယ့် အရက်ရှိန်ကလည်း တက်လာပြီမို့ ဘာမှမစဉ်းစားတော့ပဲ… လှော်တက်ကိုင်ကာ ချောင်းရိုးအတိုင်း ဆင်းလာခဲ့သည် ။ အိမ်လေး၏ အောက်ခြေမှာ တော့… ဒီရေတက်ချိန်မို့ ရေတွေက ၁ တောင်သာသာခန့်ပင် နစ်မြှုပ်နေပြီ ဖြစ်သည် ။

မိုးကလည်း တဖြည်းဖြည်း တိတ်မလာပဲ တစနဲ့တစ ပို၍ သည်းလာခဲ့သည် ။ ညိုမောင်တစ်ယောက် အရက်လေး တထွေထွေနှင့် မှိန်းထိုးရာ ငါးကြီး သုံးကောင်ခန့်မိပြီး ဖြစ်သည် ။ အရက်ရှိန်နှင့် လက်စလက်နကလည်း တည့်နေသောကြောင့် လောဘစိတ်တွေ အတောမသတ်နိုင်ခဲ့ပေ … ။ ထိုစဉ်ရုတ်တရက် လှေဘေးမှ ဖြတ်သွား သော ဖြူဖြူ အရိပ်ကြီးကို ကြည့်၍ ညိုမောင် အံ့သြသွားရသည် ။ ဒီလောက်ကြီးသည့် ငါးကြီးကို သူ့တစ်သက်နှင့် တစ်ကိုယ် တစ်ခါမှ မမြင်ဖူးပေ ။ ထိုငါးကြီးနောက်မှ လှေကို အသာမျောလိုက်ရင်း မှိန်းကို အားကုန်ထိုး စိုက်ချလိုက်သည် ။

“ ၀ှီးး”

“ ဒုတ်”

အသံကို ကြားလိုက်ရကတည်းက ထိချက်မှန်ကြောင်းညိုမောင်တွက်ဆလိုက်သည် ။ ပြီးတော့ မှိန်းကို အသာ ဆွဲ၍ လှေပေါ်မတင်လိုက်သည် ။

“ ဟင်”

လက်ထဲမှာ ပါလာသည်က သူထင်သလို ငါးကြီးတစ်ကောင်မဟုတ်ခဲ့.. ..။ လူသားကလေးငယ်လေးတစ်ဦးပင် ။ သူကြက်သေသေသွားမိသည် ။ သေချာကြည့်မိတော့ သူ၏ ရင်နှစ်သည်းချာ သမီးလေး အေးမြ ။ ရုတ်တရက် ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားခဲ့သည် ။ သူ့စိတ်တွေဆောက်တည်ရာ မရခဲ့တော့ ။ ပြန်ပြင်၍ မရတော့သောအမှားတစ်ခုကို ညိုမောင်တစ်ယောက် အကြီးအကျယ် မှားယွင်းခဲ့ပြီ ဖြစ်သည် ။ အေး..မြ.. သမီးလေး….ရင်ထဲမှာ ဆို့နင့်မှုက လှိုက်တက်လာသည် ။ သူ့လက်ချက်နဲ့ သမီးလေး မှိန်းထုတ်ချင်းပေါက်ကာ သေဆုံးရပြီ ဖြစ်သည် ။ ထို့အတွက် သူ ဘာကို မှခွင့်မလွှတ်နိုင်… ။ အရက် …သူ့ အကုသိုလ် … သူ့ကို သူ… အဆုံးစွန် မုန်းတီးလာသည်။ နောင်တတို့က အလာကောင်းပေမဲ့ အခါနှောင်းသွားပြီ… ။ ထိုသတင်းကို ကြားကြားချင်း ဇနီးသည်က ရုတ်တရက် သတိလစ်ကာ အသက်ပါ ဆုံးရှုံးသွားခဲ့သည်။

ညိုမောင်…. သူနောက်ဆုံးသောက်ခဲ့သော အရက်ပုလင်းကို သူ့ဦးခေါင်း နှင့်ရိုက်ခွဲလိုက်သည် ။ သွေးတွေက ဦးခေါင်းမှာ ရွဲ နှစ်လို့…. ။ အရူးတစ်ယောက်သဖွယ်… ည မှောင်မှောင်ထဲ… ပင်လယ်ထဲသို့ ….တရွေ့…ရွေ……..။
အိုးဘိုကျွန်းရွာကလေးကတော့ တိတ်ဆိတ်ငြိမ်သက်လျှက်……………….။

စာရေးသူ…..သက်တန့်ချို (၁၀း၂၀ ည ၂၁.၁.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

15 comments:

  1. စာဖတ်ပြီး ကြက်သီးတောင်ထတယ် သက်တန့်ရယ် ဇာတ်လမ်းကလဲ သနားစရာ လန့်စရာကောင်းလိုက်တာ..
    ဒီဇာတ်လမ်းလေး မဂ္ဂဇင်းပို့သင့်တယ်.. အရမ်းကောင်းပါတယ်..

    ReplyDelete
  2. ဝမ်းစာအတွက် ဆိုပေမဲ့လည်း အကုသိုလ်..ဆိုတာ....အကုသိုလ် ပါပဲ...လား...

    ReplyDelete
  3. ကျွန်တော်ဖတ်ကြည့်နေတာကိုသက်တန့်ရဲ့.
    ဘယ်လိုမှ အကျိုးကြောင်းစပ်ဆက်လို့မရဖြစ်နေတယ်။
    ကပ်တာမဟုတ်ဘူးနော်.. တွေးကြည့်တာ. ဒါမှလဲ သနားသင့်တာ သနားရမှာပေါ့. စဉ်စားကြည့်တယ်.
    ဒီရေတွေတက်လာတာ အိမ်အောက်ခြေ တစ်တောင်လောက် တက်လာတယ်တဲ့ .ဒါအိမ်ပေါ်ရောက် တယ်မဟုတ်ဘူးနော်.. ပြီးတော့ ညိုမောင် ငါးသွားဖမ်းတာ လဲပင်လယ်ဘက်မှာနော်.. ပြီးတော့ မှိန်းမှာထိုးမိတာက ကလေး .. ဘယ်လိုစပ်ဆက်လိုက်လဲ. ရေတွေက တက်လာပြီး ကလေးက ရေထဲမျောသွားတာလား . ဒါလဲ မဖြစ်နိုင်ဘူး ကလေးမျောတဲ့အထိတော့လဲ မိခင်က မနေ လောက်ဘူး ဘာလို့လဲ ဆိုတော့ သူတောင် ထိုင်ပြီး ပုဆိုးချုပ်နေသေးတယ်လေ. .အဲမှာတင် ဆက် စပ်တွေးလို့ မရတော့ဘူး ဖြစ်နေတယ်.. ဇာတ်နာအောင် ရေးတဲ့ စိတ်ကူးပုံဖော်ဇာတ်လမ်းဖြစ်ရင်လဲ ကိုသက်တန့် အနေနဲ့ ဘယ်လိုအတွေးလေးလဲဆိုတာ ရှင်းပြပေးပါ. နောက်ပြီး တကယ်ဇာတ်ကျောရိုးဆိုလဲ ထောက်ပြပေး ပါ.. ကျေးဇူးပဲနော် အစ်ကို စော်ကားတယ်တော့ မထင်စေချင်ဘူး.. ညီအစ်ကိုအရင်းတွေမို့.. မျှော်နေမယ်နော်...

    မျှော်လင့်သူ..

    ReplyDelete
  4. ဟုတ်တယ်ဗျို. ကိုချိုရေ ဇာတ်လမ်းကတစ်ခုခုလွှဲနေတယ်

    ReplyDelete
  5. မျှော်လင့်သူ ပြောသလိုပဲ။ ဆက်စပ်မရဘူးဖြစ်နေတယ်။ မောင်လေးရဲ့။ သူ အရက်သောက်ထားလို့ ပင်လယ်ထဲ မရောက်ဖြစ်ဘဲ အိမ်အောက်တဝိုက်တင် ရှိနေခဲ့တာလား။ ဒါဆိုလည်း သူ့မိန်းမက ဘာလို့အဲသတင်းဆိုပြီး ကြားရတာလဲ။(သူက သိရမှာပေါ့နော်)။ ပင်လယ်ထဲမှာဆိုလည်း ကလေး မိုးသည်းသည်းထဲ ရေထဲမျောသွားတာကို သူ့မိခင်က မသိလိုက်သလား။ ပင်လယ်နဲ့ချောင်းဝ ပြီးတော့အိမ် အကွာအဝေးမှာ ကလေးက(ရေထဲမျောပါတယ်ဆိုလည်း) အဖေလုပ်သူရဲ့ လှေနားရောက်ချိန် ကလေး သေနှင့်လောက်ပြီနော်။ မောင်လေးရဲ့။ ဖတ်ကောင်းနေပြီး ဆက်စပ်မရတာကို မချင့်မရဲ ဖြစ်သွားတယ်။ ဇာတ်လမ်း ကျောရိုးလေး အင်ထရိုနည်းနည်း လုပ်ပါဦး မောင်လေး။ မောင်လေးပိုစ့်တွေကို မေးလ်ထဲကနေ ဖတ်နေတာ။ ခုမှ လာမန့်ဖြစ်တယ်။ မောင်လေး ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  6. r ku tol thu myar htet po myar tog.... dream htae mhar ca nay ta cal phyit tar nay mhar par..,.

    ReplyDelete
  7. အရေးအသားကောင်းတဲ့ ကိုသက်တန့်ရေ...
    စာတွေ လာဖတ်သွားပါတယ်...

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  8. ခင်တဲ့ ကိုသက်တန့်

    အဲဒီ ဇာတ်လမ်းမျိုး မဂ္ဂဇင်း တအုပ်မှာ ​၀တ္ထုတိုလေး တပုဒ် အဖြစ်သေချာဖတ်ဘူးတယ်

    ကလေးက သူ့အမေနဲ့ အိပ်နေရင်း ကြမ်းပေါက်ကျွံကြပြီး အိမ်အောက်က ရေထဲကျသွားတာ သူ့အဖေက အရက်မူးမူးနဲ့ ငါးမှတ်လို့ မှိန်းနဲ့ထိုးမိတာ ကလေးသေသွားလို့ နောင်တရတဲ့ အခန်းပေါ့

    ကိုသက်တန့် ဖတ်ထားတာမေ့သွားလို့ထင်တယ်

    သူငယ်ချင်းရဲ့ ဘလော့လေးကိုချစ်တဲ့ အားပေးနေတဲ့

    သူငယ်ချင်း
    ရွှေစင်ဦး

    ReplyDelete
  9. ဖတ်လိုက်ရတာ
    ရင်ထဲမှာ
    နစ်သွားတာပဲ ...
    ဘယ်လို ခံစားလိုက်ရမှန်း တောင်
    ပြောလို့မတတ်တော့ပါ ...

    ReplyDelete
  10. thz for u're post.......
    we....... should care........about drinking for our long life.

    ReplyDelete
  11. ဟုတ်ပါတယ်မျော်လင့်သူရေ... အိုးဘိုကျွန်းရွာလေးက မြန်အောင်ကနေ မော်တော်နဲ့ နေ့ဝက်လောက်သွားရင်ရောက်ပါတယ် ကျွန်တော်တို့ရွာကလေးပေါ့ မြစ်ဆိုပေမယ့် ချောင်းရိုး လက်တက်တွေအများကြီးပဲ အဲဒီမှာပဲ ငါးဖမ်းကြရတာ .. ဒီရေအတက်အကျကြမ်းတယ် သူ့အမေက ပုဆိုးချုပ်နေရင်း မိုးလေထဲမှာ ယောင်္ကျားကို စိတ်ပူ အိမ်လေးကို ပြိုသွားမှာစိုးနဲ့ကလေးကို ဂရုစိုက်မှုမှာ နဲနဲ လွတ်သွားပါတယ် ။ အဲဒီမှာ လေအဝှေ့ ကလေးက ပုခက်ထဲကနေ ကျ အိမ်ကြမ်းပေါက်ကတဆင့် ဒီရေနဲ့ ချောင်းရိုးတစ်လျောက်မျောသွားတာပါ .. ။ ဒီရေသဘောက ပြန်ဆွဲပြီဆိုရင် အတော့်ကို မြန်ပါတယ် ။ ဒါနဲ့ ဒီဇတ်လမ်းက ရွာပြန်တုန်းက ဦးလေးတစ်ယောက် တမြန်နှစ်က ရွာက အဖြစ်လေးကို ပြန်ပြောပြတာကို ဇတ်လမ်းဆင်ထားတာပါ ။ အစအဆုံးဖတ်ပေးတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူး အများကြီးတင်ပါတယ်ခင်ဗျာ....း)

    ReplyDelete
  12. အော်... သံသရာ ၀ဋ်ကြေးက ရက်စက်ပါပေ့ဗျာ...

    ReplyDelete
  13. 10mins ကို ၅ကျပ်နဲ့ငါးဆ၇ာဝန်နဲ့ ခြေထောက်စိမ်လိုက်တာ ...ငါးလေးတွေခြေထောက်လာထိတာ ယားတာရယ်ကြောက်တာရယ်နဲ့ ဘာမှန်းတောင်မသိခဲ့ရဘူး

    ReplyDelete
  14. Itell him tonight at 8pm I will bring my wife in and I want her tatoo tosay the same thing in the exact same place Slut for Black COCK. Im not really excited about fucking hisfriends but as long as Bob is there with me, I do whatever hewants me to do and these men are always so gentle with me andtreat me like a lady.
    gay bestiality stories
    nifty sex incest stories
    sex stories post beast
    true gay daddies sex stories
    pliny wv adult stories pics sex
    Itell him tonight at 8pm I will bring my wife in and I want her tatoo tosay the same thing in the exact same place Slut for Black COCK. Im not really excited about fucking hisfriends but as long as Bob is there with me, I do whatever hewants me to do and these men are always so gentle with me andtreat me like a lady.

    ReplyDelete
  15. I like this very much

    ReplyDelete