Wednesday, June 2, 2010

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာ


" နေရာဒေသတွေ လေထုတွေ ပင်လယ်တွေ ဆွဲငင်အားတွေ ကို ထိမ်းချုပ်အသုံးချနိုင်တဲ့နေ့ ရောက်ရှိ လာတဲ့ အခါ ကျွန်တော်တို့ဟာ ဘုရားသခင်အတွက် ချစ်ခြင်းရဲ့ စွမ်းအင်တွေကို အသုံးချဖို့လိုလာပါပြီ... ပြီးတော့ အဲဒီနေ့ မှာပဲ ကမ္ဘာ့သမိုင်းရဲ့ ဒုတိယအကြိမ်အတွက် ကျွန်တော်တို့ မီးကို ရှာဖွေတွေ့ရှိလိမ့်မယ် "

Tielhard de Chardin

.........................................................................................................................................................................

တစ်စုံတစ်ဦးဖန်တီးတဲ့ ချစ်ခြင်းရဲ့ စွမ်းအင်

" သင်သွားတဲ့နေရာတိုင်းမှာ ချစ်ခြင်းမေတ္တာတွေကို ပျံနှံ့အောင်စွမ်းဆောင်ပါ ။ ပထမဆုံးတော့ သင့်ရဲ့ ကိုယ်ပိုင် အိမ်လေးထဲမှာပေါ့ ။ သင့်ရဲ့ ကလေးငယ်တွေကို အချစ်တွေပေးပါ ။ ပြီးတော့ သင့်ရဲ့ ခင်ပွန်း(သို့မဟုတ်) ဇနီးကို ချစ်ခြင်းတွေပေးပါ ။ နောက်ပြီး အိမ်တံခါးကနေ ထွက်လိုက်တဲ့အခါ တွေ့ရတဲ့ အိမ်နီးနားချင်းတွေကိုပေါ့ ။ တစ်စုံတစ်ယောက်ကို သင့်ဆီကနေ ပျော်ရွှင်မှုတွေ မရရှိစေပဲနဲ့ ထွက်ခွာမသွားစေပါနဲ့ ။ ဘုရားသခင်ရဲ့ ကြင်နာမှုကို ပြသသူအနေနဲ့ သင့်မျက်နှာက ကြင်နာမှု သင့်ရဲ့ မျက်လုံးထဲက ကြင်နာမှု သင့်ရဲ့အပြုံးထဲက ကြင်နာ မှုနဲ့ သင့်ရဲ့ နွေးထွေးမှုတွေနဲ့အတူ နှုတ်ဆက်လိုက်ပါ ..."

Mother Teresa

..........................................................................................................................................................................

ကောလိပ်ကျောင်းတစ်ကျောင်းက ပရော်ဖက်ဆာ(ဆရာမ) တစ်ဦးဟာ သူ့ကျောင်းသား အယောက် ၂၀၀ နဲ့အတူ လူမှုဗေဒပညာရပ်ကို လေ့လာဖို့အတွက် Case Histories( အချက်အလက်တွေ) ရရှိအောင် ဆင်းရဲ မွဲတေတဲ့ Baltimore ဆိုတဲ့ Maryland မှာရှိတဲ့ ဆိပ်ကမ်းမြို့လေးကို သွားရောက်ခဲ့ပါတယ် ။ အဲဒီကျောင်း သားတွေဟာ တစ်ဦးချင်းစီ ရဲ့ အနာဂါတ်တွေအကြောင်းကို စာတစ်ပုဒ်ရေးရပါတယ် ။ အဲဒီတော့ စာတိုင်း စာတိုင်းမှာ ကျောင်းသားတွေက " ကျွန်တော် ဟာ ကံကောင်းလိမ့်မှာမဟုတ်ဘူး " ဆိုတဲ့အကြောင်းကို ထည့်ရေး ကြပါတယ် ။

နောက်ထပ် ၂၅ နှစ်ကြာတဲ့အခါမှာ အခြား လူမှုဗေဒ ပရော်ဖက်ဆာ တစ်ဦးဟာ အရင်လေ့လာမှု ပြုလုပ်ခဲ့တဲ့ နေရာကို ရောက်လာခဲ့ကြပါတယ် ။ သူက သူ့ရဲ့ကျောင်းသားတွေကို အရင်ကျောင်းသားတွေ ဘာတွေ ဖြစ်ပျက် သွားကြသလည်းဆိုတာ ကြည့်စေခဲ့ပါတယ် ။ အခြားကို ရောက်ရှိသွားတဲ့ ကျောင်းသားနဲ့ သေဆုံးသွားတဲ့ ကျောင်း သား အယောက် ၂၀ ကလွဲလို့ ကျန်ခဲ့တဲ့ကျောင်းသား အယောက် ၁၈၀ ထဲက ၁၇၆ ယောက်ဟာ ပုံမှန် ထက် သာ လွန်တဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ခဲ့ကြတာကို တွေ့လိုက်ရပါတယ် ။ (ဥပမာ ရှေ့နေ ၊ ဆရာဝန် နဲ့ လုပ် ငန်း ရှင်တွေ ဖြစ်နေကြတာပေါ့ )

အဲဒီအခါ ပရော်ဖက်ဆာက အလွန်ကို အံ့သြသွားပြီး ဒီထက်ပိုပြီး ဒီကိစ္စကို လေ့လာဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ကံကောင်းထောက်မစွာနဲ့ပဲ အဲဒီနေရာဒေသလေးမှာ အဲဒီအရင်ကျောင်းသားတွေ အကုန်လုံးရှိနေခဲ့တယ် ။ အဲဒီတော့ သူက တစ်ဦးချင်းဆီကို သွားပြီး " မင်းတို့ရဲ့ အောင်မြင်မှုရရှိအောင် ဘယ်လိုများစွမ်းဆောင်ခဲ့ပါသလည်း " လို့မေးမြန်းခဲ့ပါတယ် ။ အဲဒီတော့ တစ်ဦးချင်းဆီက ခံစားချက်အပြည့်နဲ့ ပြန်ဖြေခဲ့ပါတယ် ။ " ကျွန်တော့်မှာ ဆရာမတစ်ယောက်ရှိခဲ့ပါတယ် "

အဲဒီဆရာမကလည်း အသက်ရှင်နေတုန်းပါပဲ ။ ဒါကြောင့် ပရော်ဖက်ဆာဟာ အဲဒီဆရာမ ရှိရာကို ရှာဖွေခဲ့ပြီး ဒီကျောင်းသားတွေကို ဆင်းရဲမွဲတေမှုတွေကနေ အောင်မြင်မှုတွေရရှိအောင် သူမ အသုံးပြုခဲ့တဲ့ လှို့ဝှက်နည်း လမ်းကို မေးမြန်းခဲ့ပါတယ် ။

အဲဒီအခါ ဆရာမဟာ ကြယ်မှုန်လေးတွေ လင်းလက်သွားသလိုမျိုး ပြုံးလိုက်ပြီး သူမရဲ့ နှုတ်ခမ်းကနေ ညှင်သာတဲ့ အပြုံးလေးနဲ့ ပြန်ဖြေခဲ့တယ် ။

" ဒါဟာ အလွန်ကို ရိုးရှင်းလွန်းပါတယ် ကျွန်မ အဲဒီကောင်လေးတွေကို သိပ်ချစ်ခဲ့တယ်လေ "

မူရင်းရေးသားသူ - Eric Butterworth

သက်တန့်ချို
2 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. ကိုသက်တန့် ရေ...ချစ်ခြင်းမေတ္တာရဲ့ ဖွင့်ဆိုချက်တွေကို ဖတ်မှတ်သွားပါတယ်...

    ReplyDelete
  2. Gထd.... သယ်ရင်း......
    ဖတ်သွားတယ်နော်....

    ReplyDelete
  3. ချာမနဲ့တွေ့ချင်လိုက်တာနော်...

    ReplyDelete
  4. ဘက်သွားပြီ ၊ အဲဟုတ်ပေါင် ဖက်သွားပြီ

    ReplyDelete