သင်ဒါကိုယုံပါသလား ။လွန်စွာ ကြီးမားတဲ့ မြွေကြီး တစ်ကောင်ကို အိမ်မွေးတိရိစ္ဆာန်ပမာ ယဉ်ပါးနေတဲ့ ပုံတွေကို ကြည့်ချင်းအားဖြင့် ယုံနိုင်စရာတောင် မရှိပါဘူး ။ ကလေးတွေ တက်ဆော့နေတာကို မလှုပ်မယှက်နဲ့ ငြိမ်ပြီး နေတာ ကိုကြည့်ခြင်းအားဖြင့် ရိုင်းစိုင်းပါတယ်ဆိုတဲ့ တိရိစ္ဆာန်မျိုး နွယ်တွေတောင် မေတ္တာတရား ရှိကြတယ်ဆိုတာ ကို တွေ့မြင်နိုင်ပါတယ် ။ မြွေကြီးက အသားကို မစားသုံးပဲ နို့သာလျှင် သောက်သုံးတယ်လို့လည်း ဆိုပါ တယ် ။
ကလေးငယ်လေးက ဒီလို လည်ပင်းကိုင်ပြီး ဆော့တာကို ရန်မှုဟန် လုံးဝမရှိပါဘူး ။
ဒီလိုလည်း တက်ပြီး အိပ်လို့ရပါတယ် ။
အေးအေးလူလူ တက်အိပ်လို့လည်းရတယ် ။
လည်ပင်းညစ်ပြီး ကျီစယ်တာကိုတောင် မြွေကြီးက ဒေါသထွက်ဟန် မရှိပါဘူး ။
ထိုင်ခုံသဖွယ် ထိုင်လည်းရပါတယ်တဲ့ ။
ဂုတ်ခွစီးလည်းရပါတယ် ။
ဒီလိုချော့မြှူပေးရင်တော့ သိပ်သဘောကျတာပေါ့ ။
သက်တန့်ချို
27 June 2010
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဘယ်နိုင်ငံမှာလဲဟင်... အမျိုးသမီးကြီးက ထမီကြီးနဲ့ မြန်မာနိုင်ငံမျာလား... ကလေးတွေကလဲတူတယ်နော်... အန္တရာယ်မပြုဘူးဆိုပေမယ့် အသည်းယားတယ်...သူတို့လို အနီးကပ် မကိုင်ရဲဘူး။
ReplyDeleteမပူးတေး မေးသလိုပဲ
ReplyDeleteမြန်မာနိုင်ငံမှာလား...
ကလေးလေးတက်အိပ်နေတာကိုကြည့်ပြီး
ကျောယားလိုက်တာ ...
ခင်မင်လျှက်
ဆောင်းနှင်းရွက်
@ဧပရယ်လ်ပူး@ပူးတေ (အဲဒါထိုင်းမှာပါ)
ReplyDelete