Friday, June 18, 2010

နှောင်ထုံးဖွဲ့ မေတ္တာ

နှောင်ထုံးဖွဲ့ မေတ္တာ



အရမ်းကို အလုပ်များတဲ့ နေ့တစ်နေ့ရဲ့ မနက်ခင်းတစ်ခုမှာပေါ့ ။ အချိန်ကတော့ ၈ နာရီခွဲရှိပါပြီ ။ အသက် ၈၀ လောက် ရှိတဲ့ အဖိုးအိုတစ်ယောက်ဟာ သူ့လက်မက ချုပ်ရိုးကို ဖြေဖို့ ဆေးခန်းကိုရောက်လာခဲ့ပါတယ် ။

အဖိုးအိုက သူ မနက် ကိုးနာရီမှာ ချိန်းထားတာတစ်ခု ရှိတဲ့အတွက် မြန်မြန်လုပ်ပေးဖို့ပြောပါတယ် ။

ကျွန်တော်ဟာ သူ့ရဲ့ ခန္ဓာကိုယ်က လက္ခဏာတွေ ( Vital sign - သွေးပေါင်ချိန် ၊ သွေးခုန်နှုန်း ၊ ကိုယ်ပူချိန် စသည် ) ကို ကြည့်ပေးပြီး အဖိုးအိုကို ထိုင်ခုံတစ်လုံးမှာ ထိုင်စေခဲ့ပါတယ် ။ ချုပ်ရိုး ဖြည်တာနဲ့ နောက်ပြီး အစစအ ရာရာ ပြင်ဆင်ဖို့အတွက် ၁ နာရီလောက် အချိန်လိုပါတယ် ။

အဖိုးအိုက သူ့ရဲ့ နာရီကို ကြည့်ကြည့်နေတာကို ကျွန်တော်တွေ့လိုက်ရတယ် ။ ကျွန်တော်ကလည်း အခြားလူနာ တစ်ယောက်နဲ့ အလုပ်မများနေတာကြောင့်သူ့ရဲ့ အနာကို ကိုင်တွယ်ဖို့ စတင်လိုက်ပါတယ် ။ စမ်းသပ် ကြည့်ပြီး တဲ့အခါမှာတော့ အနာက လုံးဝကို ကျက်နေပါပြီ ။ ဒါကြောင့်ကျနော်လည်း အခြားဆရာဝန် တ ယောက်ကို ခေါ်ပြီး သူ့အနာက ချုပ်ရိုးတွေကို ဖြည်ဖို့ ပစ္စည်းကိရိယာတွေကို ယူခိုင်းခဲ့ပါတယ် ။

သူ့အနာကို ကိုင်တွယ်ပြုလုပ်ပေးနေစဉ်အတွင်းမှာပဲ သူ့ရဲ့ အလျှင်စလို ရှိတဲ့အမူအယာကြောင့် ဒီမနက်မှာ အခြား ဆရာဝန်တစ်ဦးနဲ့ ချိန်းထားတာရှိသေးလားလို့ အဖိုးအိုကိုမေးလိုက်ပါတယ် ။

အဘိုးအိုက မရှိပါဘူးလို့ ပြန်ဖြေခဲ့ပါတယ် ။ သူက ဆက်ပြောခဲ့ပါတယ် ။ သူ .. သူနာပြုအိမ်ကိုသွားပြီး သူ့ဇနီးနဲ့ အတူ နံနက်စာစားဖို့ ရှိတာကြောင့်လို့ ပြောပါတယ် ။

ကျွန်တော်က အဖိုးအိုရဲ့ ဇနီးကျန်းမာရေးအခြေအနေကို မေးကြည့်ခဲ့ပါတယ် ။ အဖိုးအိုက သူ့ဇနီးဟာ သူနာပြု အိမ်မှာ နေတာ အတော်ကြာပြီဖြစ်တဲ့အကြောင်းနဲ့ အယ်ဇိုင်းမား ဆိုတဲ့ ရောဂါတမျိုးကို ခံစား နေရကြောင်း စိတ်မ ကောင်းတဲ့ မျက်နှာနဲ့ ပြန်လည်ဖြေဆိုခဲ့ပါတယ် ။

အဖိုးအိုက ဆက်လက်ပြောဆိုခဲ့တာက သူ့ဇနီးဟာ အခုဆိုရင် သူဘယ်သူလည်းဆိုတာကို တောင် မသိတော့ ပါဘူး အဖိုးအိုကို မမှတ်မိတာ ငါးနှစ်တောင်ကြာမြင့်ခဲ့ပြီလို့ တုန်ရီစွာ ပြောဆိုပါတယ် ။

အိုး...ကျွန်တော်အလွန်အမင်းအံ့အား သင့်သွားခဲ့ရပါတယ် ။ ပြီးတော့ သူ့ကိုမေးခဲ့တယ် ။

" အဖိုးက မနက်တိုင်းသွားနေတုန်းပဲလား အဖွားက အဖိုးကို မမှတ်မိတာတောင်မှ သွားနေတုန်းပဲလား "

အဖိုးအိုက သူ့လက်ကလေးကို ညှင်သာစွာ ရုပ်လိုက်ပြီးကျနော့်ကို ကြည်လင်စွာပြုံးပြခဲ့ပါတယ် ။

" သူကတော့ အဖိုးက ဘယ်သူဆိုတာ မသိတော့ဘူးလေ ဒါပမေယ့် အဖိုးက သူ ဘယ်သူဆိုတာ သိနေတုန်း ပဲလေ "

အဖိုးအို ထွက်ခွာသွားတဲ့အခါ ကျွန်တော့်ရင်ထဲမှာ အဖိုးအိုကို ပြန်ပြောဖို့ မျက်ရည်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ် ။ ကျွန်တော့်ရဲ့နှလုံးသားမှာ ဒါဏ်ရာဒါဏ်ချက်ပေါင်းများစွာ ရှိနေခဲ့ပါတယ် ။

ကျွန်တော် " ဒါဟာ ကျွန်တော့်ဘ၀မှာ ကျွန်တော်လိုချင်တဲ့အ ချစ်ဆိုတာမျိုးလား " လို့တွေးနေမိတယ် ။

အချစ်စစ်ဆိုတာ တကယ်တော့ ဘယ်နေရာမှာမှ ရိုမန့်တစ် မဆန်ပါဘူး ။ အချစ်စစ်ဆိုတာ လက်ခံ နိုင် လောက်တဲ့ အရာ ဖြစ်လည်းဖြစ်နိုင်တယ် ဖြစ်လည်းမဖြစ်နိုင်ပါဘူး ။

လှောင်ပြောင်မှုတွေနဲ့ ရယ်ရွှင်စရာတွေအားလုံးဟာ e-mails တွေထဲမှာပဲ ရှိပါတယ် ။ တခါတရံမှာတော့ အဲဒီ အရာနဲ့ တွဲပါလာတတ်တာကတော့ အလွန်အရေးအကြီးတဲ့ မက်ဆေ့ခ်ျတစ်ခု ဖြစ်နိုင်ပါတယ် ။

ကျွန်တော်တခုတွေးမိတာကတော့ ဒီအဖြစ်အပျက်လေးကို ခင်ဗျားကို ဝေမျှချင်ပါတယ် ။ အပျော်ရွှင်ဆုံး လူတွေဟာ အကောင်းဆုံး ဆိုတဲ့အရာကို ရဖို့မလိုအပ်ပါဘူး ။ ဘာလို့လည်းဆိုသူတို့က သူတို့မှာရှိတဲ့ အကောင်း ဆုံး တွေချည်းပဲကို ရွေးပြီး လုပ်ဆောင်ကြလို့လေ ။

ကျွန်တော်မျှော်လင့်တာကတော့ သင်လည်း ဒီအရာကို သင်ဂရုစိုက်ရတဲ့ လူတယောက်ကို ဝေမျှပေးလိမ့်မယ်လို့ ထင်ပါတယ် ။ ကျွန်တော်ကတော့ အခုပြုလုပ်ပြီးပါပြီ ။ အခုကတော့ သင့်အလှည့်ပေါ့ ။

မူရင်း - Funzug

သက်တန့်ချို
18 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. ဆက်လက်ဝေမျှသွားရမယ့် အရာလေးပေါ့နော်

    ReplyDelete
  2. အင်း... ကျွန်တော်တို့နေ့စဉ်ချစ်သော... ကျွန်တော်တို့လိုလားနေသော.. ချစ်ခြင်းတွေဟာ ဒီလိုသာ ခိုင်မြဲနေမယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့ဗျာ...... အရမ်းကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ....


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete