Friday, June 4, 2010

ရေစိမ့်ချိုင့်ဝှမ်းကြီးမှ ကျွံကျသွားတဲ့ သုံးထပ်အဆောက်အအုံ

ရေစိမ့်ချိုင့်ဝှမ်းကြီးမှ ကျွံကျသွားတဲ့ သုံးထပ်အဆောက်အအုံ


မေလ ၃၁ ရက်နေ့က Guatemala မြို့တော်မှာ ပေ ၂၀၀ လောက်နက်တဲ့ ရေစိမ့်ချိုင့်ဝှမ်းကြီးအတွင်ကို သုံးထပ် အဆောက်အအုံတစ်လုံး မြိုချခြင်းခံခဲ့ရပါတယ် ။ လူတစ်ဦး သေဆုံးခဲ့ပြီး လူအနည်းငယ်ကတော့ ပျောက် ဆုံးလျှက်ရှိတယ်လို့ သိရပါတယ် ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းကပဲ အဲဒီ Guatemala မြို့တော်မှာ Agatha မုန်တိုင်းတိုက်ခတ်ခဲ့ပြီး အဲဒီမုန်တိုင်းကြောင့် လူတွေ ရာနဲ့ချီသေဆုံးမှုဖြစ်ခဲ့ပြီး လူထောင် ပေါင်း များစွာဟာ အပြင်မထွက်ရဲပဲ အိမ်ထဲမှာပဲ ပိတ်မိနေခဲ့ကြပါတယ် ။ ယခု မြေပြို ချိုင့်ဝှမ်းကြီးဟာ ပြီးခဲ့တဲ့ မုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်နွယ်မှုရှိမရှိကတော့ မကျိန်းသေပါဘူး ။

တွင်းကြီးဟာ သေသေသပ်သပ်နဲ့ ပုံသဏ္ဍာန်ပေါ်နေတာကတော့ အရမ်းကို အံ့သြစရာကောင်းလှပါတယ် ။ ဘာ ကြောင့် ဒီအဆောက်အအုံတစ်ခုတည်း ကွက်ပြီး မြေမြို ခံရတယ်ဆိုတာလည်း မစဉ်းစားတတ်အောင်ပါပဲ ။ အဲဒီလို မျိုး အလားတူ ဖြစ်စဉ်တစ်ခု ၂၀၀၇ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါသေးတယ် ။ အဲဒီတုန်းကလည်း လူနှစ်ဦး သေဆုံး ခဲ့ပါသေးတယ် ။



သက်တန့်ချို
4 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. အော် ဒီဟာ နောက်တစ်တွင်းလား...ကာရံက အရင်က တွင်းလားလို့ ...တော်တော်ကြာပြီ အဲ့လိုတွင်းမျိုး မြင်ဖူးနေတာ...သူငယ်ချင်း တစ်ယောက်ဆီက မေးလ်ရလို့ လေ...ခုလို သိရတာ ကျေးဇူးပါ ကိုသက်တန့် ရေ..

    ReplyDelete
  2. ကြောက်စရာကြီးနော်...

    ထူးဆန်းတယ်...
    အဆောက်အဦး တခုထဲကိုပဲ ကွက်တိမျိုသွားတာလား....

    ReplyDelete
  3. ဒေ၀ဒတ်ကအဲဒီမှာနေတာလား

    ReplyDelete
  4. တော်တော်ကြီးတာပဲနော်...ကြောက်စရာကြီး !!!

    ReplyDelete
  5. အကုသိုလ် များတာကိုဖြစ်မှာပေါ့ ဟုတ်တယ်မှလား

    ReplyDelete
  6. အကုသိုလ်ကသူတို့ကိုဆွဲချသွားတာပါ

    ReplyDelete