Saturday, June 5, 2010

မံမီ ပင်လယ်သရဲ ငါး

မံမီ ပင်လယ်သရဲ ငါး


ဒီအရာဟာ အထူးပြုလုပ်ချက်တစ်ခု ဖြစ်ပါစေလို့ပဲ ကျွန်တော်မျှော်လင့်ပါတယ် ။ ဒီလိုမှမဟုတ်ခဲ့ရင်တော့ ကျွန်တော် ပင်လယ်ခရီးတွေကို ဘယ်သောအခါမှ သွားရဲတော့မှာ မဟုတ်ပါဘူး ။ သို့ပေမယ့် ဒီမံမီသရဲငါးရဲ့ ပိုင်ရှင်က တော့ ဒီငါးဟာ ပင်လယ်ကမ်းခြေအနီးက ပင်လယ်အောက်ခြေမှာ ကာလတာရှည်စွာ မြှုပ်နှံထား ခြင်းခံရတဲ့ မံမီသဖွယ် သရဲငါးတစ်ကောင် ဖြစ်ပါတယ် လို့ဆိုပါတယ် ။ Discovery Channel ကလည်း ဒီလို ယုံကြည် နိုင်ဖွယ်ရာမရှိတဲ့ ထူးဆန်းတဲ့ပင်လယ် သတ္တ၀ါတွေဟာ ပင်လယ်အနက်တွေထဲမှာ အမှန်တကယ် နေထိုင် ကျက်စားကြကြောင်း ဒါကြောင့် သူတို့တည်ရှိနေမှုကို သတိမပြုမိတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။





ဒီငါးဟာ ပင်လယ်ထဲမှာ ထူးဆန်းသတ္တ၀ါတွေ တည်ရှိနေတယ်ဆိုတဲ့ အဆိုပြုချက်ရဲ့ ပြယုဉ် တစ်ခုဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော်ကတော့ သံသယရှိနေတုန်းပါပဲ ။ ဒါကြောင့် သင်တို့ကိုယ်တိုင်ပဲ ယုံမယုံဆုံး ဖြတ်စေ ချင် ပါတယ် ။ ဒါပေမယ့် အဲဒီလို မဆုံးဖြတ်ခင်မှာ ဒီပုံလေးကိုတော့အသေအချာကြည့်စေချင်ပါတယ် ။

သက်တန့်ချို
5 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. ကြောက်စရာကြီး ငါးကြီးကလည်း

    ReplyDelete
  2. ငါးကြီးကိုကြောက်လို့ ပြန်ပြီနော်။ သွားတွေကလည်း အကြီးကြီးနဲ့ ချွန်နေရောပဲ....။

    ReplyDelete
  3. အထူးပြုလုပ်ချက် ဟုတ် မဟုတ် ဆိုတာ ဒီလောက် တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ပညာရှင်တွေကနေ DNA ကို စမ်းသပ်ကြည့်လို့ မရဘူးလား

    ReplyDelete
  4.်ငါးကြီးကရုပ်ဆိုးဆိုးနဲ့ကြောက်စရာကြီး............

    ReplyDelete