Tuesday, June 8, 2010

ဖားအသားဖျော်ရည်

ဖားအသားဖျော်ရည်


အော်.. တရုတ်တွေ.. တရုတ်တွေ အစားသောင်းကျန်းတဲ့ နေရာမှာတော့ မှီတဲ့ နိုင်ငံမရှိလောက်ပါဘူး ။ အခု လည်း ဖားအသားဖျော်ရည်တဲ့ ။ သာမန်လူတွေဆို သောက်ဖို့နေနေသာ မအန်ချင်အောင်ပဲ အတော် သတိထား ရပါလိမ့်မယ် ။ တကယ်တော့ ကမ္ဘာလောကကြီးမှာ လူသားတွေအတွက် စားသောက်စရာတွေဟာ မကုန်မ ခန်းနိုင်လောက်အောင်ပဲ ပေါများလှပါတယ် ။ ဘာကြောင့်များ ဒီလို အစမ်းထွင်ပြီး စားကြတာလည်းဆိုတာ မစဉ်း စားတတ်အောင်ပါပဲ ။ တိရိစ္ဆာန် ညှင်းပန်းကာကွယ်ရေး အဖွဲ့တွေကလည်း ဘာကြောင့်များ မမြင်ချင်ယောင် ဆောင်နေကြပါလိမ့် .... ။


ဖားလေးတွေခမျာ ယက်ကန်ယက်ကန်နဲ့ သူတို့ရဲ့ သေမယ့်အချိန်ကို စောင့်ဆိုင်းနေတာနဲ့ မတူပေဘူးလား ။ ကိုယ် သာဆိုခဲ့ရင်ရော.....?????

ဒီဖားလေးကတော့ ကံဆိုးရှာသွားပါပြီ ။ မကြာခင်အရည်ဘ၀ကို ကူးပြောင်းရတော့မှာ ဖြစ်ပါတယ် ။ ကိုယ်သာ ဆိုခဲ့ရင်ရော......?????



ဖျော်ရည်လုပ်ဖို့ ဒီလို ဘလန်ဒါခွက်ထဲ ထည့်လိုက်ပါတယ် ။ ဖားလေးကို အရည်ခွံပါ ချွတ်ပြီးမှထည့်တာနော် ..။ ကိုယ့်ကို အရည်ခွံချွတ်ခဲ့ရင်ရော......?????



အဲဒီအရည်ကို မြိန်ရှက်စွာ သောက်သုံးနေတဲ့ လူတစ်ဦး ။ သူသာ ဖားနေရာမှာ ဆိုခဲ့ရင်ရော....????

သတ္တ၀ါတွေ.. ကံမကောင်းခံလို့ ဘုံဘ၀နိမ့်နေပေမယ့် အသက်က ..အသက်ပါပဲ ။ ဒီလို မျိုး နည်းတွေနဲ့ စား သောက် ဖွယ်ရာတွေကို ခံတွင်းတွေ့တွေ့ စားသောက်နေကြတာဟာ..တချိန်မှာ ကိုယ်ပြန်လည် မခံရနိုင် ဘူးလား ဆိုတာကတော့.....။

သက်တန့်ချို
8 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

19 comments:

  1. အီး... မသောက်ရဲဘူး။
    သုံးကျလွိ နဲ့တင် တော်တော်လန့်နေတာ။

    ReplyDelete
  2. အီး... မသောက်ရဲဘူး။
    သုံးကျလွိ နဲ့တင် တော်တော်လန့်နေတာ။

    ReplyDelete
  3. အီး... မသောက်ရဲဘူး။
    သုံးကျလွိ နဲ့တင် တော်တော်လန့်နေတာ။

    ReplyDelete
  4. ပိုစ်ဖတ်ပြီးတော့ စာနေတဲ့ မနက်စာတောင်မစားချင်တော့ဘူး

    ReplyDelete
  5. ဟူးးးးးးးးးးး
    စိတ်ဆင်းရဲစရာကောင်းလိုက်တာ .. အန်တောင် အန်ချင်တယ် ..း((

    ReplyDelete
  6. အော့ ဝေါ့..... :'(

    စိတ်ဆင်းရဲဖို့ကောင်းလိုက်တာ.... ဖားလေးတွေ သနားစရာ.....

    ReplyDelete
  7. အမလေးလို့တောင်မအော်နိုင်တော့ဘူး......
    ဖားဆိုရင်ငယ်ငယ်ထဲကကြောက်လွန်းလို့...
    သနားပါတယ်နော်..စားစရာတွေဒီလောက် ရှားကုန်ပြီလား....

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  8. ကိုယ်ပြုတဲ့ ကံ ပဲ့ တင်သံ ကိုယ့် ထံပြန်လာ၏တဲ့ 
    သူလည်း ဒီတိုင်းတော့ မနေပါဘူး . . .
    မြင်ရတွေ့ ရတာတော့  စိတ်မချမ်းသာဘူး :(

    ReplyDelete
  9. ဖားသားဖျော်ရေတခွက်လောက်ဝယ်တိုက်ပါလား

    ReplyDelete
  10. ဖားလေးတွေသနားပါတယ်...

    ReplyDelete
  11. သနားစရာလေးတွေပါ..ကိုယ်ချင်းစာစိတ်မရှိကြဘူး..း(

    ReplyDelete
  12. သူတို့ပြန်ဝဋ်လည်မှာပါ..
    သူတို့ခံရရင်တော့ .........

    ReplyDelete
  13. သူတို့ပြန်ဝဋ်လည်မှပဲ ဖားလေးတွေကိုကိုယ်ချင်းစာနိုင်မှာပါ..

    ReplyDelete
  14. အရှင်တွေကိုထည့် မွှေတာတော့ ....ရက်စက်ရာကျပါတယ်....ပြီးတော့ ..ရွံစရာကြီး....

    ReplyDelete
  15. သနားစရာလေးတွေဖားလေးတွေမှာ။သူတို့အမွှေမခံရပါစေနဲ့လိုဆုတောင်းပေးပါတယ်

    ReplyDelete
  16. ၇ွံစ၇ာကောင်းလိုက်တာနော်....

    ReplyDelete
  17. Oh my God ! soe lite tar naw..

    ReplyDelete
  18. ဝဠ်လိုက်မယ်လေ

    ReplyDelete