Thursday, June 10, 2010

အသားကင်ဆိုင်ကယ်

အသားကင်ဆိုင်ကယ်


ဆိုင်ကယ်စီးသမားအများစု ဆိုင်ကယ်စီးနေကြတဲ့ပုံဟာ တကယ်တော့ အကျိုးရှိ လှတဲ့ပုံစံ ရယ်လို့တော့ မဟုတ်ပါဘူး ။ ဒါပေမယ့် သင်ဟာ ဆိုင်ကယ်စီးသများ တစ်ယောက်အနေနဲ့ ကမ္ဘာကြီးကို ပတ်ပြီး မိုင်ပေါင်း ရာ ချီထောင်ချီသွားမယ်ဆိုရင်တော့ သင်ဗိုက်ဆာတဲ့အချိန် သို့မဟုတ် သင့်အနီးအနားမှာ စားသောက်ဆိုင်မရှိခဲ့ရင် အလွယ်တကူ ချက်ပြုတ်လို့ရတဲ့ ပေါ့ပါး ပြီးသယ်ရလွယ်ကူတဲ့ ပစ္စည်းမျိုး သင်သယ်ယူသွားချင်မှာ အမှန်ပါပဲ ။

ကဲ ဒါဆိုရင်တော့အ လွယ်တကူ ပြုပြင်ပြောင်းလဲလို့ရတဲ့ ဒီဇိုင်းသစ် အိုင်ဒီယာသစ်တစ်ခု ရောက်ရှိလို့လာပါပြီ ။ အသား ကင် Chopper တစ်မျိုးကို ဒီဇိုင်းသစ်နဲ့ ဆိုင်ကယ် ခရေစီတွေအတွက် ထုတ်လုပ်လိုက်ပါပြီ ။ အလွန်ကို လှပတဲ့ ဒီဇိုင်းဖြစ်ပြီး သင် လမ်းခရီးသွားတဲ့အခါ အကျိုးရှိစေမှာ အမှန်ပဲ ဖြစ်ပါတယ် ။ အဲဒီဆိုင်ကယ်မှာ အလွယ်တ ကူ ချက်ပြုတ်နိုင်တဲ့ အသားကင် မီးဖို တပ်ဆင်ထားပြီး ဆိုင်ကယ်က ထွက်တဲ့ မီးအပူရှိန်နဲ့ အသားကို ကင်တဲ့ နေရာမှာ အသုံးပြုနိုင်ပြီး ဆိုင်ကယ်စီး အသင်းတစ်သင်းစာလောက်တော့ အသာလေး လုံ လောက် ပါတယ်တဲ့ ။




သက်တန့်ချို
10 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. တစီးလောက်ဝယ်ပြီး ဘာဘီကျူး လည်ရောင်းဦးမှ..

    ReplyDelete
  2. good idea,,, i wants too .. to sell BBQ but can't in Yangon ... hee hee

    ReplyDelete
  3. ကောင်းလိုက်တဲ့ idea!!! ဗိုလ်ဆာရင်အဆင့်သင့်ဘဲ!!

    ReplyDelete
  4. ကောင်းလိုက်တဲ့ Idae!!! ဗိုလ်ဆာရင်အဆင့်သင့်ဘဲ!!!

    ReplyDelete