Tuesday, June 15, 2010

သက်တန့်ချို ဒေါ့ကွန်း

သက်တန့်ချို ဒေါ့ကွန်း


Blogspot ကို စတင်ပြုလုပ်ပြီးကတည်းက ကျွန်တော်အမြဲတွေးနေတာ တစ်ခုရှိပါတယ် ။ အဲဒါကတော့ ကျွန်တော့် ရဲ့ ဘလော့ပို့စ်တွေကို မြန်မာနိုင်ငံကလူတွေ ကြည့်လို့ရဖို့အတွက်ပဲ ဖြစ်ပါတယ် ။ အဲဒီတော့ Blogspot ဟာ ကြည့်ဖို့ရာ ခက်ခဲလွန်းတဲ့အတွက် အခြား မြန်မာ Proxy နဲ့ပွင့်မယ့် Hosting တစ်ခုခုကို စဉ်းစားရပါတော့တယ် ။ Ning ကလည်း ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့တဲ့အတွက် လက်လျော့လိုက်ပါတယ် ။ ပထမ Wordpress ဆိုက် ဖြစ် တဲ့ Mylovecafe မှာလုပ်ဖို့ စဉ်းစားပါသေးတယ် ။ မှန်တာဝန်ခံရရင်Wordpress ကို ကျွန်တော်လုံးဝ မကျွမ်း ပါဘူး ။ ပို့စ်တင်တဲ့အခါ အခက်အခဲတွေ တွေ့ရတဲ့အတွက် နှမျောတသစွာနဲ့ပဲ ဒီအတိုင်းထားလိုက်ရပါတယ် ။ ဒါပေ မယ့် Ning ကို ကောင်းကောင်းအစားထိုးနိုင်တဲ့ Grou.ps ကို တွေ့ရှိခဲ့ပါတယ် ။ ဒီနေရာမှာ မေးစရာ မေး ခွန်း တစ်ခုရှိပါတယ် ။ ကိုယ်ပိုင် ဘလော့စပေါ့မှာ ဘာလို့ ကိုယ်ပိုင် ဒိုမိန်းမချိတ်ရတာလဲလို့ ။

ရှင်းရှင်းပဲ ဖြေရမယ်ဆိုရင်Blogspot ကို ကိုယ်ပိုင်ဒိုမိန်းချိတ်လိုက်ရင် စာတွေ အကုန်ဖတ်လို့ရပါတယ် ။ ဒါပေမယ့် ပုံတွေ လုံးဝမပေါ်ပါဘူး ။ ပုံတွေပေါ်စေချင်ရင်တော့ Photobucket လိုမျိုး Image Uploader တစ်ခုခုမှာ သွား တင်ပြီး Link ပြန်ယူရင်တော့ပေါ်မှာပါ ။ ဒါပေမယ့် ကျွန်တော့် ပို့စ်အဟောင်းက ပုံတွေအကုန်လုံး ပြန်တင် ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။ နောက်ပြီး ကျွန်တော့်ဆိုက်ကလည်း ဓါတ်ပုံအသားပေးဆိုက်ဆိုတော့ နောက်ပြီး ကျွန်တော်ကိုယ်တိုင်ကလည်း www.thettantcho.blogspot.com ကို ဒီအတိုင်းလေးပဲ နှစ်သက်ပါတယ် ။

ဒါ့ကြောင့် မြန်မာနိုင်ငံကစာဖတ်သူတွေကြယ့်ဖို့အတွက် ကျွန်တော်လုပ်ထားတဲ့

http://grou.ps/thettantcho/home ကို www.thettantcho.com ဆိုပြီး မနေ့ညနေက ပြောင်းချိတ်ခဲ့ပါတယ် ။ ဒိုမိန်း ၀ယ်ယူခဲ့တဲ့နေရာကတော့ www.idealmyanmar.com က ဖြစ်ပါတယ် ။ ၀ယ်ယူချင်တယ်ဆိုရင်လည်း အဲဒီဆိုက်မှာ စုံစမ်းနိုင်ပါတယ် ။ ဈေးနှုန်းကတော့ တစ်နှစ်ကို US $ 15 ဖြစ်ပါတယ် ။

အမှန်တော့ ဘလော့စပေါ့နဲ့ grou.ps နဲ့ကွာတာတွေအများကြီးရှိပါတယ် ။ ကျနော်အောက်မှာအချက်တွေနဲ့ ရှင်းပြ သွားပါ့မယ် ။

www.thettantcho.blogspot.com

၁ ။ Personal blog ဖြစ်တဲ့အတွက် ဆိုရှယ်နတ်ဝတ်တွေလိုမျိုး Member တွေဖိတ်ခေါ်လို့မရပါဘူး ။ လိုအပ် ရင်တော့ Contributor ဖိတ်ခေါ်ပြီး အတူတူပေါင်းရေးလို့ရပါတယ် ။
၂ ။ ဘလော့စပေါ့သည် ဆိုက်အချင်းချင်း လင့်ချိတ်ထားလို့ရတဲ့အတွက် ဘယ်ဆိုက် ဘာတွေအ သစ်ရေး နေ သလည်းဆိုတာ ကိုယ့်ရဲ့ Blog List ကို ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ် ။
၃ ။ ဘလော့ပိုင်ရှင်ကသာ တင်ပြရသလိုမျိုးဖြစ်ပြီး စာဖတ်သူတွေက ကွန်းမန့်ပေးယုံ သက်သက်သာ လုပ်ဆောင်နိုင်ပါတယ် ။
၎ ။ Html ကို အပြည့် ပြင်ခွင့်ပေးထားပါတယ် ။
၅ ။ တကယ်၍ ကိုယ့်ဆိုက်ကို ဘယ်သူတွေနှစ်သက်သလည်းဆိုတာ သိချင်ရင်တော့ Fan box တို့လို Follower တို့လို မျိုးထားလို့ရပါတယ် ။

www.thettantcho.com

၁ ။ Social Network ဖြစ်တဲ့အတွက် မန်ဘာတွေ ဖိတ်ခေါ်လို့ရပါတယ် ။ မန်ဘာတစ်ယောက်အနေနဲ့ ဘလော့ ပို့စ်တွေတင်လို့ရပါတယ် ။ ကဗျာတွေ ၊ ဓါတ်ပုံတွေ နဲ့ မန်ဘာအချင်းချင်း group တွေဖွဲ့ပြီး Activity တွေ လုပ်ဆောင်လို့ရပါတယ် ။ မန်ဘာတစ်ယောက်ကနေပြီး အခြားသူငယ်ချင်းတွေကိုလည်း ဒီဆိုက်လေးကို လာ ရောက်ဖို့ ဖိတ်ခေါ်လို့ရပါတယ် ။ (အခုလောလောဆယ်တော့ ဘလော့ပို့စ်တွေကို ကိုယ်ပိုင်ရေးသားထားမှ တင်ခွင့်ပေးမယ်ဆိုပြီး Moderate လုပ်ထားပါတယ် ။ တခြားဆိုက်တွေကအရာကို မျှဝေချင်တယ်ဆိုရင်တော့ Forum ကို ညွှန်ပေးထားပါတယ် ။ Forum ကတော့ ရှင်းရှင်းပြောရရင်တော့ Ning လောက်မကောင်းပါဘူး ။ ဒါပေ မယ့် Html code တွေကို ကြိုက်သလိုထည့်လို့ရပါတယ် ။ Comment Form မှာတော့ Html support မလုပ် ပါဘူး ။)

၂ ။ ဆိုက်အချင်းချင်း လင့်ချိတ်လို့မရပါဘူး ။ ကိုယ့်ဘာသာ Html နဲ့ Link list လုပ်ပြီး ချိတ်လို့တော့ရပါတယ် ။

၃ ။ ဘလော့ပိုင်ရှင်သာမက မန်ဘာတွေကပါ တတပ်တအား ပို့စ်တေ၀ိုင်းရေးလို့ရပါတယ် ။ မန်ဘာ ၀င်လိုက်တာနဲ့တပြိုင်နက် ပို့စ်တွေတင်လို့ရပြီ ဖြစ်ပါတယ် ။ မန်ဘာဝင်နည်းတွေကိုလည်း ဆိုက်ရဲ့ Home Page မှာ အသေး စိတ်ရှင်းပြထားပါတယ် ။ ကျန်တဲ့ပို့စ်တင်နည်းကဗျာတင်နည်းနဲ့ တင်ဖို့နေရာတွေပါ Image Link လေး တွေပြုလုပ်ပေးထားပါတယ် ။

၎ ။ Html ကို အပြည့် ပြင်ခွင့်မပေးပါဘူး ။ ဆိုက်ရဲ့ Appearance အပိုင်းကိုတော့ Fully Coustomizable ပေး ထားပါတယ် ။ Css ပြင်လို့ရပါတယ် ။ အကန့်အသတ်နဲ့ဖြစ်ပါတယ် ။

၅ ။ မန်ဘာအရေအတွက်ကို ဖော်ပြပေးထားပြီး Latest Member ၊ Top Contributor စသဖြင့် box လေး တွေပေး ထားပါတယ် ။

နောက်ဆုံးပြောချင်တာကတော့ www.thettantcho.blogspot.com နဲ့ www.thettantcho.com နဲ့ ဘာကွာ သလည်းမေးရင် ဘာမှမကွာပါဘူး ။ တစ်ခုက personal ဖြစ်ပြီး တစ်ခုက Social ဖြစ်ပါတယ် ။ နေ့စဉ် တင်တဲ့ ပို့စ်တွေ လည်း အတူတူပါပဲ ။ ဆိုက်အသစ်မှာကတော့ ဘလော့စပေါ့က ပို့စ်အဟောင်းတွေကို ပြန်တင်ပေးနေပြီး နေ့စဉ်ပို့စ်အသစ် တစ်ပုဒ်တစ်ပုဒ်ကို လည်းတင်ပေးနေပါတယ် ။ ဒါကြောင့် ဘလော့စပေါ့ကို ပဲကြည့်ဖို့ နှစ်သက် သူတွေကတော့ အရင်ဘလော့စပေါ့အဟောင်းမှာပဲ ကြည့်နိုင်ပြီး မန်ဘာဝင်ပြီး ပို့စ်တွေ ရေးချင် တယ်ဆို ရင်တော့ www.thettantcho.com ကိုလာဖို့ ဖိတ်ခေါ်ပါတယ် ။ သူငယ်ချင်းတို့ရဲ့ မြန်မာပြည်က သူငယ်ချင်း တွေကိုလည်း ဒီအကြောင်းလေး လက်ဆင့်ကမ်းပေးကြပါ ။

သူငယ်ချင်းအသစ်တွေကို လည်း www.thettantcho.com ကိုလာရောက်ဖို့ ဖိတ်ခေါ်ပေးပါဦး ခင်ဗျား)

သက်တန့်ချို
15 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. အားကျတယ်.. ကျွန်တော်လဲ ဒိုမိန်း ၀ယ်ချင်တာ
    ပိုက်ဆံ မတတ်နိုင်တာရော... အစစ အရာရာ ဘာမှ အဆင် မပြေတာရောကြောင့် မလုပ်ဖြစ်သေးဘူးဗျာ

    ReplyDelete
  2. ဂွတ်ထ.... သက်တန့်.... ကောင်းတယ်...
    လာမယ်လေနော့်..... ဒေါ့ကွန်းဖြစ်ဖြစ်.... ကက်ကွန်းးးဖြစ်ဖြစ်... ဖစ်ရှ်ကွန်းဖြစ်ဖြစ်...... ဟဲဟဲ

    ReplyDelete