Wednesday, June 16, 2010

ကြောင်ကတိုး ကော်ဖီ

ကြောင်ကတိုး ကော်ဖီ

အလွန်ကောင်းမွန်သော ကော်ဖီစေ့ကို ပြုလုပ်ပေးနိုင်တဲ့ ကြောင်ကတိုး သတ္တ၀ါ ဖြစ်ပါတယ် ။ ကြောင် ကတိုး ကနေ ပြုလုပ်ပေးတဲ့ ကော်ဖီဟာ $600 တန်ပါတယ် ။

ဟုတ်ကဲ့ မှန်ပါတယ်ခင်ဗျာ ။ ဒီနို့တိုက်သတ္တ၀ါဟာ အာဖရိက နဲ့ အာရှဒေသတွေမှာ တွေ့ရလေ့ရှိပြီး ကမ္ဘာ့ဈေး အကြီးဆုံးကော်ဖီကို ပြုလုပ်ပေးနိုင်ပါတယ် ။ ကြောင်ကတိုးတွေဟာ ကော်ဖီအစေ့လေးတွေကို စားသုံးပါတယ် ။ ပြီးတော့ ကြောင်ကတိုးရဲ့ အင်ဇိုင်းစနစ်အတွင်းမှာ အစာခြေမှု ပြုလုပ်နေစဉ်အတွင်း မှာ ကော်ဖီအ စေ့လေး တွေဟာ ရောနှောသွားပါတယ် ။ ပြီးတော့ အဟမ်း.. စွန့်ထုတ်တယ်ဆိုပါတော့ ။ အဲဒီအခါမှာတော့ အလွန် ကောင်း မွန်တဲ့ ခါးသက်တဲ့ အရသာရှိတဲ့ ကော်ဖီစေ့တွေကို ပြန်လည်ရရှိလာပါတယ် ။ ကဲကဲ.. သူတို့ဘယ်လို ကော်ဖီပြုလုပ်လည်းဆိုတာ အောက်က ပုံတွေကို ကြည့်ကြည့်ရအောင် ။


ကော်ဖီစေ့လေးတွေကို အရင်ရွေးထုတ်ပါတယ် ။ Indonesia နိုင်ငံ အရှေ့ Java မှ လယ်သမားတစ်ဦးဟာ ကြောင် က တိုးတွေကို ကော်ဖီစေ့တွေ ချကျွေးနေပါတယ် ။



ဒါကတော့ အုပ်စုလိုက် ကော်ဖီအစေ့လေးတွေ ရွေးနေပုံပဲ ဖြစ်ပါတယ် ။


ဟော.. ကြောင်ကတိုးက ချဉ်းကပ်လာပါပြီ ။


စတင်တူးဆွဖို့ အဆင်သင့်ဖြစ်နေပါပြီ ။


ပြီးတော့ ကြောင်ကတိုးကို အဖော်တွေနဲ့ အတူတူထားတော့ dinner စားရသလို သူငယ်ချင်းအချင်းချင်းအတူတူ စားလို့ ရတာပေါ့ ။
ပြီးတော့ ကြောင်ကတိုးမစင်တွေကို လက်အိတ်နဲ့လိုက်ကောက်ပါတယ် ။ အရှေ့Java မှ အလုပ်သမား များက တော့ ဒီစားသောက်ဖွယ်ရာ ကော်ဖီရဲ့ အရသာ ရလဒ်ကိုပျက်မှာစိုးတဲ့အတွက် လက်အိတ်ကို အသုံးပြုပါတယ် ။ ရွံလို့မဟုတ်ပါဘူး ။

ဒါဟာ မြေပဲလည်းမဟုတ်ပါဘူး ။ ပဲပိစပ်လည်းမဟုတ်ပါဘူး ။ ကြောင်ကတိုးတွေရဲ့ စွန့်ပစ်မစင်တွေဟာ ကော်ဖီ စေ့အဖြစ် မပြောင်းလဲခင် အခြေအနေလေးပါ ။


သူတို့ကို သက်သက်စီခွဲထားပြီး ပြန်လည်သန့်စင်ဆေးကြောခြင်းပြုလုပ်ပါတယ် ။

နောက်အဆင့်ကတော့ ထုတ်လုပ်ခြင်းပါပဲ ။ အလုပ်သမားတစ်ယောက်က သန့်ရှင်းတဲ့ ကော်ဖီစေ့ကို ပြနေပုံပဲဖြစ်ပါတယ် ။ နောက်ဆုံးရလဒ်ကတော့ အလွန်ကို ဈေးကြီးပါတယ် ။


Phillippine brand ဖြစ်တဲ့ Alamid ကော်ဖီဖြစ်ပါတယ် ။ ရောင်းတာတောင်အကန့်အသတ်နဲ့ ရောင်းတာပါတဲ့ ။

သက်တန့်ချို
16 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. သူတို့ ပြန်ထုတ်ထားတာကြီးက အကြီးကြီးဖြစ်နေသလိုပဲ .. :P အနီးကပ်မို့လားတော့မသိဘူး
    အခါးမကြိုက်တော့ စမ်းမသောက်တော့ပါဘူး .. :D

    ReplyDelete
  2. အားရားရား..စိတ်ညစ်စရာ.. သောက်ချင်ဝူး..

    ReplyDelete
  3. ကောင်းလှချည်လား...
    ကိုသက်တန့် ဘယ်ကနေများ တွေ့တွေ့လာတာလဲ
    အဆန်းပါလား

    ReplyDelete
  4. ကော်ဖီဆိုရင်ကြောက်ပါပီ
    နောက်မသောက်တော့ပါဘူး

    ReplyDelete
  5. မစင်ကနေထုတ်ပီး.. ဈေးလဲကြီးတယ်.. သောက်ချင်ဝူးးးးးးးးးးး

    ကိုသက်တန့် သောက်ဖူးလား၊။။။

    ReplyDelete
  6. မစင်ကနေထုတ်ပီး.. ဈေးလဲကြီးတယ်.. သောက်ချင်ဝူးးးးးးးးးးး

    ကိုသက်တန့် သောက်ဖူးလား၊။။။

    ReplyDelete
  7. မစင်ကနေထုတ်ပီး.. ဈေးလဲကြီးတယ်.. သောက်ချင်ဝူးးးးးးးးးးး

    ကိုသက်တန့် သောက်ဖူးလား၊။။။

    ReplyDelete
  8. မစင်ကနေထုတ်ပီး.. ဈေးလဲကြီးတယ်.. သောက်ချင်ဝူးးးးးးးးးးး

    ကိုသက်တန့် သောက်ဖူးလား၊။။။

    ReplyDelete