Thursday, June 17, 2010

ကမ္ဘာ့အမြင့်ဆုံး လေဖွင့် စက်လှေကား

ကမ္ဘာ့အမြင့်ဆုံး လေဖွင့် စက်လှေကား


ဂျပန်နိုင်ငံ Osaka မြို့တော်မှ Umeda Sky အဆောက်အအုံဟာ ခုနှစ်ခုမြောက် အမြင့်ဆုံး အဆောက် အအုံတစ် ခုဖြစ်ပြီး အိုဆာကာ မြို့တော်ရဲ့ ထင်ရှားတဲ့ အမှတ်အသား တစ်ခုလည်း ဖြစ်ပါတယ် ။ အဲဒီအ ဆောက်အအုံမှာ အထပ် ၄၀ မျှော်စင် ၂ ခါပါဝင်ပြီး သူတို့၂ခုရဲ့ အမြင့်ဆုံး အပိုင်းတွေကို လှေကားနဲ့ ဆက်သွယ် ထားပါတယ် ။ ပြီးတော့ နှလုံး အခန်းပုံသဏ္ဍာန် နေရာဖြစ်တဲ့ အလည်ခေါင်တည့်တည့်ကို ဖြတ်ပြီး စက်လှေကား တစ်ခု တပ် ဆင်ထားပါတယ် ။ စက်လှေကားဟာ မြင့်မားလွန်းတဲ့အတွက် သင် စီးနေစဉ်မှာ ကောင်း ကင်ယံမှာ လွင့်မျောနေသလို ခံစားရပါလိမ့်မယ် ။ အဲဒီစက်လှေကားရဲ့ ဆုံမှတ်ကတော့ မျှော်စင်၂ ခုကို တပြိုင် နက် တည်း ကြည့်ရှုလို့ရတဲ့ နေရာ လည်းဖြစ်ပါတယ် ။



Kita-ku ရဲ့ Umeda အပိုင်းမှာ တည်ရှိတဲ့ ဒီအဆောက်အအုံဟာ ၁၉၈၈ ခုနှစ်ကတည်းက City of Air ( လေမြို့ တော်) Project တစ်ခုအဖြစ် ကြံစည်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ် ။ ပြီးတော့အဲဒီအကြံအစည်ကို မြောက်ဖက် အိုဆာကာမှာ မျှော်စင်လေးခုကို အတွင်းပိုင်းတွေဆက်ခြင်းအားဖြင့် စတင်အကောင်အထည်ဖော် ကြံစည် လုပ်ဆောင်ခဲ့ပါတယ် ။ အမှန်တကယ်မှာတော့ လက်တွေ့လုပ်ဆောင်တဲ့အခါ မျှော်စင် လေးခုအစား နှစ်ခုကိုသာ ဆက်သွယ်ပြီး လေမြို့တော်ကို အကောင်အထည်ဖော်ခဲ့ပါတယ် ။









သက်တန့်ချို
17 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. Escalator ကို ပြောချင်တာ ဖြစ်မယ် ထင်ပါတယ်။ Escalator က စက်လှေကား ဖြစ်ပြီးတော့ Lift ကသာ ဓာတ်လှေကားလို့ ခေါ်ကြတာ တွေ့မြင် သိမှတ်ဖူးပါတယ်ဗျာ။

    ReplyDelete
  2. စီးချင်လိုက်တား)

    ReplyDelete
  3. ဟုတ်တယ်... စီးဖူးချင်တယ်...း)))...


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete