Thursday, June 24, 2010

ဒီလိုလုပ်ရဲလား

ဒီလိုလုပ်ရဲလား

စတန့်ထွင်တာကို ၀ါသနာပါသူတွေအတွက် ဒီလို စွန့်စား မှုတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ။ တောင် ထိပ် ပေါ်မှာ အသည်းတယားယားနဲ့ သက်စွန့်ဆံဖျား စတန့်ထွင်ရမယ့် အလုပ်ကတော့ မလွယ်လှပါဘူး ။အသက် အန္တရာယ် အရမ်းနီးပြီး လိုအပ်ရင် အသက်ကိုတောင် စတေးရမှာ ဖြစ်ပါတယ် ။ ကဲ သည်းထိတ်ရင်ဖို စွန့်စား ခန်းများကို အတူတူခံစားကြည့်လိုက်ရအောင် ။

အင်း.. တောင်အောက်ကို ပြုတ်သာကျရင်တော့လား....။

လှေကားထိပ်မှ စတန့်ထွင်မှု တရပ်ပဲ ဖြစ်ပါတယ် ။

ဒီလို ၀ရံတာပေါ်ထောက်ပြီး စတန့်ထွင်ရဲကြပါသလား ။

ကြိုးတန်းပေါ်မှာ လမ်းလျောက်ကြမယ် ။

ဝိုး......မျှော်စင်ထိပ်ဖျားမှာနော်...။

ချော်သာကျသွားရင်တော့လား...။

ထွင်တာထွင်တာ....ဒီလိုလမ်းလျောက်တတ်ပါတယ်တဲ့ ။

အော်.. ဆော့စရာရှားလို့နော်.. ငါ့နှယ် ။

ရိုးရိုးတောင်မနည်းဖြတ်ရမှာ သူကတော့ စက်ဘီးနဲ့တောင်ဖြတ်လိုက်သေး ။

ဝါး....ကြိုးတန်းပေါ် စက်ဘီးနင်းပြတာနော်... ။

သက်တန့်ချို
23 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

11 comments:

  1. မလုပ်ရဲဘူး ...ကြောက်တယ် ...

    ReplyDelete
  2. ဒီဘလော့ ရောက်ဖြစ်တိုင်း ဓာတ်ပုံတွေမှာစာတမ်းတွေ ထိုးထားတာ တွေ့ ရတာ တမျိုးကြီးပဲ။
    ကိုယ်တိုင်ရိုက်တဲ့ပုံတွေမှာ အဲလို စာတမ်းထိုးတာ နားလည်တယ်။
    အခုဟာက ဒီဘလော့မှာ တင်ထားတဲ့ ပုံတွေအားလုံးဟာ အင်တာနက်ပေါ်က/တခြားဆိုဒ်တွေက သူများရိုက်တင်ထားတာတွေကို ယူထားပြီးပြန်တင်တာမျိုး၊ အဲလိုတင်တဲ့အခါမှာလည်း ဟိုဆိုဒ်တွေက ခွင့်ပြုချက်ယူပြီး ပြန်တင်တာမျိုးလဲ မဟုတ်ဘူး ထင်တယ်။ ဒါကို ပုံတွေယူ ကိုယ်နာမည်တပ်တာ ... လုပ်သင့်တဲ့အရာလို့  မထင်မိလို့ ပါ။

    အင်တာနက်ပေါ်က ထူးထူးဆန်းဆန်းအကြောင်းအရာတွေ၊ ပုံတွေကို ဘာသာပြန်ပြီး ပြန်တင်တာမျိုး အင်တာနက်မှာ မထူးဆန်းပါဘူး။ ဒါပေမယ့် ပုံတွေယူ ကိုယ်နာမည်တပ်တာမျိုးကတော့....................

    ReplyDelete
  3. စိတ်မကောင်းပါဘူး Thuria ရေ ... အမှန်တော့ အဲဒီ ပုံတွေက အများစုက Strange World ကနေယူထားတာပါ ။ ဒါပေမယ့် အဲဒီဆိုက်ကလည်း Zuzutop တို့လို Funzug တို့လိုဆိုက်တွေကယူပါတယ် ။ အဲဒီဆိုက်တွေကလည်း တခြား 2leep တို့လိုဆိုက်မျိုးကနေယူပါတယ် ။ အဲဒီလိုယူတဲ့အခါ မှာ ကိုယ်တင်ထားတဲ့ လင့်တွေကို ပုံတွေမှာရေးကြပါတယ် ။ ဘယ်သူက တကယ့်မူရင်းမှန်းလည်းမသိပါဘူး ။ ဒါကြောင့်ကျနော်လည်းသူတို့လို သူတို့လင့်ကိုဖျက်ပြီးကျနော့်လင့်ကိုရေးပါတယ် ။ ပိုတောင်အလုပ်ရှုပ်ပါသေးတယ် ။ ပုံလေးတွေပေါ်မှာ ကိုယ့်ဆိုက်နာမည်ေ၇းတာကို ၀ါသနာပါပါတယ် ။ လုပ်သင့်တာမလုပ်သင့်တာကတော့ Copyright ဆိုရင်တော့ မူရင်းဆိုက်ကို နိုင်ငံခြားဆိုက်ဖြစ်စေဦးတော့ ခွင့်တောင်းခံပါတယ် ။ ဒါပေမယ့်လည်း စီးပွားရေးလုပ်စားတာမဟုတ်တော့ အပြစ်ကြီးလိမ့်မယ်လို့တော့မထင်ပါဘူး ။ ဗဟုသုတမျှဝေယုံပါပဲ ။

    ReplyDelete
  4. တချို့သူတွေကတော့ အဲလိုစွန့်စားရတာ ၀ါသနာပါကြတယ်ဗျ..။ စိတ်ဝင်စားဖို့ကောင်းပါတယ်...။

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  5. လုပ်ရဲပါဘူးတော်

    ကြောက်ကြောက်
း(

    မြေပြင်ပေါ်မှာ ပုံမှန်လျှောက်တာတောင် ခဏခဏ ခလုပ်တိုက်နေတာ
း(

    ReplyDelete
  6. တို့ကတော့ စွန့်စားရတာ ၀ါသနာပါ၏..
    သို့သော် ၂ပေလောက်အနက်ရှိတဲ့ ချောက်မျိုးမှာမှနော်း)
    တို့ဘလော့လေးကို့ http://www.missgreenlady.com နဲ့ပြောင်းချိတ်ပေးပါဦးနော်..

    ReplyDelete
  7. အသည်းယားတယ်။ ကြောက်စရာကြီးနော်။။။။

    ReplyDelete
  8. အိ ...
    ပြုတ်ကျလိုက်လို့ကတော့ ကွက်တိပဲ ... :D

    ReplyDelete
  9. အမလေး ဆောင်းနှင်းရယ်......
    ဒီလောက်ဂျောက်ကြီးကို ကွက်မတိပဲ နေမလား

    ReplyDelete
  10. that sense is perfect

    ReplyDelete
  11. ကြည်.ယုံနဲ. လက်ဖျား ချွေးဆို.တယ်

    ReplyDelete