Monday, June 28, 2010

အာဖရိကမှ ကို့ယို့ကားယားနိုင်သောအလွဲများ

အာဖရိကမှ ကို့ယို့ကားယားနိုင်သောအလွဲများ

အာဖရိက နိုင်ငံမှာပဲ တွေ့ရတဲ့ ကို့ယိုးကားယားနိုင်တဲ့အဖြစ်တွေနဲ့ အလွဲတွေကို ဖော်ပြပေးလိုက်ပါတယ် ။ ပုံတွေ ကို ကြည့်ပြီး အော်.. ဖြစ်မှဖြစ်ရလေးလို့ မတွေးလိုက်ပါနဲ့ ။ တကယ့်ကို အာဖရိကရဲ့ လူနေမှုစနစ်ကို ထင်ဟပ်ပြစေနိုင်တဲ့ ပုံများပဲ ဖြစ်ပါတယ် ။ ကဲ အားလုံး အသင့်ဖြစ်ပြီဆိုရင် ကျွန်တော်တို့အားလုံး အာဖရိကနိုင်ငံရဲ့ လူနေ မှုစနစ် အကြောင်းလေ့လာကြည့်ရအောင် ။


ဒီလိုဒီလို ကတ်ဆက်နားထောင်ပါတယ်တဲ့ ။ ဒါလည်းဖြစ်တာပါပဲ ။ လောကမှာ မဖြစ်နိုင်တာ မဖြစ်နိုင် တာမရှိဘူး လို့ ဆိုထားကြတာကိုး ။

ကမ္ဘာပေါ်မှာ ရှိတဲ့ အဆန်းပြားဆုံး ဘေစင်တစ်ခု ဖြစ်ပါတယ် ။ ဂရင်းနစ် စံချိန်ထဲတောင်ဝင်သင့်ပါတယ် ။ ရေအေး ကို မသုံးချင်လို့ ရေနွေးရအောင် ကြံဖန်ပြီး ပြုလုပ်ထားတာဖြစ်ပါတယ် ။ ကိုယ့်အိမ်မှာလည်း စမ်းကြည့် လို့ရပါတယ် ။
တိုယိုတာကားကို နွားဆွဲတာ ဒီတစ်ခါပဲ တွေ့ဖူးပါသေးတယ် ။ ဟီး ထွင်မှထွင်တတ်ပလေ နော်.. ။ ဘာဆီမှမလို ဘူး ဘာအင်ဂျင်မှမလိုတဲ့ တိုယိုတာ ကားဖြစ်တဲ့အတွက် ကျွန်တော်က ဒီကားကို နာမည်တစ် ခုပေးချင်ပါ တယ် ။ " The New Toyota Cowrolla !!!!"

ဆိုင်တကယ်နဲ့ မြေသယ်ခွက်ကို နောက်တွဲလုပ်ထားပြီး လိုအပ်ရင် နောက်ထပ် လူတွေတက်စီးလို့ရပါသေးတယ် ။ ခေတ်မှီတိုးတက်တဲ့ နိုင်ငံတွေက ထွင်ကြတယ်ဆိုတာ အာဖရိကကို ဘယ်မှီပါလိမ့်မလည်း ။

ဘုရားစူးရပါစေရဲ့...တကယ့်ကို လူနာတင်ယဉ်ဖြစ်ပါတယ် ။ နွားနဲ့ဆွဲတာဖြစ်ပြီး လေ၀င်လေထွက်လည်း ကောင်း မှ ကောင်း ။ ဘီးကလည်း ကားဘီးတွေတပ်ထားသေး ။ တကယ့်ကို ကို့ယို့ကားယားနိုင်တဲ့ အာဖရိကပါပဲ ။

ဘုရားရေ...နောက်ဘီးကိုလည်း ကြည့်ပါဦး ။ ကားလေးခမျာ မနိုင်ဝန်ထမ်းနေလိုက်ရတာ နောက်ဖင်က လမ်းနဲ့ တိုက်မိ တော့မယ် ။ အံမယ် ကားပေါ်ကလူတွေကတော့ ပျော်လို့ပါးလို့နော် ...ဟီး ။

ဘယ့်နှာတုန်း ။ ဓါတ်တိုင်ကြီးကို လမ်းအလယ်တည့်တည်စိုက်ထားရတာ ။ နောက်မှ ရည်ရွယ်ချက် ကိုသိ တော့ တယ် ဘယ်သွားချင်တဲ့သူက ဘယ်သွားပေါ့ ညာသွားချင်တဲ့သူက ညာသွားပေါ့ လမ်းခွဲလုပ်ထားတဲ့သ ဘောပါပဲ ။ ဒါပေမယ့် သူ့လမ်းခွဲက ဓါတ်တိုင်ကြီးနဲ့လုပ်ထားတော့.... ။

ဆိုင်းဘုတ်ကိုလည်း ကြည့်ပါဦး ။ " This Month Specials - No Fuel " တဲ့ ။ ဆိုလိုတာက " ဒီလအတွက် အထူး ...ဆီ မရှိပါ" ပေါ့ ။ ဟွန်း ဆီမရှိတာများ ဒီလ အထူး လုပ်နေရသေးတယ် ။ တော်ပါပေ့..အာဖရိက ။

စက်ဘီးစီးတာကို ဆိတ်ကပါ အဆစ်လိုက်စီးချင်တယ်နဲ့ တူပါတယ် ။နောက်ကနေခွလို့ ။


ဆေးသုတ်တာပေါ့ အောက်ကို မကျသွားအောင်လူနှစ်ယောက်က ဇောက်ထိုး ဆွဲထားပါတယ် ။ (အတော် နောက် တဲ့ အာဖရိက နော်)

သက်တန့်ချို
28 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. ပုံကြည့်ပြိး ပြုံးမိသွားတယ်


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  2. ဟက်ဟက်ပက်ပက်ကို ပြုံးမိသွားတာ :))))

    ReplyDelete
  3. တော်တော်ကို ကို့ယို့ကားယားနိုင်တဲ့ လူတွေပဲ...
    တိုယိုတာကားကိုသဘောအကျဆုံးပဲ..

    ReplyDelete
  4. ရီလိုက်ရတာ တေကောင်းပေါင်းလဲပဲ ဆရာရယ်...

    ReplyDelete
  5. ထူးထူးဆန်းဆန်းလေးတွေလည်းတင်တတ်ပါ့ သက်တန့်ရေ......

    ReplyDelete
  6. ကိုသက်တန့် site မှာထူးဆန်းတာတွေဖတ်ရလို့ သဘောကျပါတယ်။တခြားသူများကိုလဲ ညွှန်ပေးပါတယ်။

    ကျေးဇူးတင်ပါတယ်




    ReplyDelete