Wednesday, June 30, 2010

အံ့သြဖွယ်ရာ မြွေကြီးရဲ့ ယဉ်ပါးမှု

အံ့သြဖွယ်ရာ မြွေကြီးရဲ့ ယဉ်ပါးမှု

သင်ဒါကိုယုံပါသလား ။လွန်စွာ ကြီးမားတဲ့ မြွေကြီး တစ်ကောင်ကို အိမ်မွေးတိရိစ္ဆာန်ပမာ ယဉ်ပါးနေတဲ့ ပုံတွေကို ကြည့်ချင်းအားဖြင့် ယုံနိုင်စရာတောင် မရှိပါဘူး ။ ကလေးတွေ တက်ဆော့နေတာကို မလှုပ်မယှက်နဲ့ ငြိမ်ပြီး နေတာ ကိုကြည့်ခြင်းအားဖြင့် ရိုင်းစိုင်းပါတယ်ဆိုတဲ့ တိရိစ္ဆာန်မျိုး နွယ်တွေတောင် မေတ္တာတရား ရှိကြတယ်ဆိုတာ ကို တွေ့မြင်နိုင်ပါတယ် ။ မြွေကြီးက အသားကို မစားသုံးပဲ နို့သာလျှင် သောက်သုံးတယ်လို့လည်း ဆိုပါ တယ် ။

ကလေးငယ်လေးက ဒီလို လည်ပင်းကိုင်ပြီး ဆော့တာကို ရန်မှုဟန် လုံးဝမရှိပါဘူး ။

ဒီလိုလည်း တက်ပြီး အိပ်လို့ရပါတယ် ။

အေးအေးလူလူ တက်အိပ်လို့လည်းရတယ် ။

လည်ပင်းညစ်ပြီး ကျီစယ်တာကိုတောင် မြွေကြီးက ဒေါသထွက်ဟန် မရှိပါဘူး ။

ထိုင်ခုံသဖွယ် ထိုင်လည်းရပါတယ်တဲ့ ။

ဂုတ်ခွစီးလည်းရပါတယ် ။


ဒီလိုချော့မြှူပေးရင်တော့ သိပ်သဘောကျတာပေါ့ ။

သက်တန့်ချို
27 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ဘယ်နိုင်ငံမှာလဲဟင်... အမျိုးသမီးကြီးက ထမီကြီးနဲ့ မြန်မာနိုင်ငံမျာလား... ကလေးတွေကလဲတူတယ်နော်... အန္တရာယ်မပြုဘူးဆိုပေမယ့် အသည်းယားတယ်...သူတို့လို အနီးကပ် မကိုင်ရဲဘူး။

    ReplyDelete
  2. မပူးတေး မေးသလိုပဲ
    မြန်မာနိုင်ငံမှာလား...
    ကလေးလေးတက်အိပ်နေတာကိုကြည့်ပြီး
    ကျောယားလိုက်တာ ...

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete