Friday, March 4, 2011

ဘယ်သွားသွား....အဖော်ခေါ်သွားသူငယ်ချင်း

ဘယ်သွားသွား....အဖော်ခေါ်သွားသူငယ်ချင်း



(၁)

ညနေစောင်းအချိန်မို့ ရာသီဥတုက အပူရှိန်လျော့ကာ နေချင့်စဖွယ်ဖြစ်နေ၏ ။ ရုံးဆင်းချိန်မို့ လူများက ပျားပန်း ခတ်မျှ အုံခဲနေကြ၏ ။ ဒီနေ့ သူငယ်ချင်းဖြစ်သူ မျိုးမင်းသူတစ်ယောက်ဘန်ကောက်မှ ပြန်ရောက်သောကြောင့် သူငယ်ချင်းအားလုံး ဘီယာဆိုင်တွင် ချိန်းထားကြ၏ ။ ညနေ ၄နာရီကျော်ကျော်တွင် ၀င်းထွန်းတစ်ယောက် ဂနာမငြိမ်ဖြစ်နေ၏ ။

“ ဟဲ့သား... ဘာဖြစ်နေတာလဲနင့်ကြည့်ရတာ မျောက်မီးခဲ ကိုင်ထားသလိုပဲ အငြိမ်ကိုမနေဘူး ”

“ ဟဲဟဲ...ဒီလိုအမေရ...ဒီနေ့ဟိုကောင် မျိုးမင်းသူ ဘန်ကောက်ကပြန်ရောက်ပြီလေ ကျွန်တော်တို့အဖွဲ့ ဘီယာ ဆိုင် မှာချိန်းထားတယ်အမေရ အပြန်နည်းနည်းနောက်ကျမယ်နော် အမေ..သား အိမ်သော့အပိုယူသွားမယ် ”

“ အေးအေး...အရမ်းကြီးမူးအောင်လည်း သောက်မနေနဲ့ဦး အိမ်မပြန်နိုင်ရင် ဖုန်းဆက်လိုက်နင့်ညီကို လွှတ်ပြီး
ကြိုခိုင်း လိုက်မယ် ”

“ အာ...ရပါတယ်အမေရာ ကလေးမှမဟုတ်တာ ကဲကဲ..သွားပြီနော်အမေရေ ”

ဟုဆိုကာ ၀င်းထွန်းပျော်ရွှင်စွာဖြင့် ဘီယာဆိုင်သို့ လှမ်းခဲ့လေတော့သည် ။

(၂)

ဘီယာဆိုင်ကား ညနေနေ၀င်ချိန်မို့ လူများက စည်ကားစ ပြုနေပြီဖြစ်သည် ။ ဆိုင်ထဲသို့ ၀င်ဝင်ချင်းမှာပင် လက် ခုပ်တီး၍ လှမ်းခေါ်သံကြား၍ ကြည့်လိုက်ရာ ဘီယာဆိုင်၏ ဒေါင့်ဖက်စွန်းတွင် ထိုင်နေသော မျိုးမင်းသူ ၊ ဝေယံ ၊
ကိုဖုန်းနှင့် သူရိန်တို့ကို တွေ့လိုက်ရ၏ ။ ၀င်းထွန်းလည်း လက်လှမ်းပြ၍ သူငယ်ချင်းများရှိရာသို့ သွားလိုက်လေ သည် ။

“ မင်းကွာ.. နောက်ကျလိုက်တာ ဒီမှာလူတောင်စုံနေပြီ ”

ဟု မျိုးမင်းသူက ပြောလိုက်ရာ ၀င်းထွန်းက

“ အေးကွာရေချိုးနေတာနဲ့ကြာသွားတယ် ဟိုကောင်တွေဒါမျိုးကျ တယ်ဝိရိယ ကောင်းပါလား ”

ဟုပြောလိုက်ရာ ဝေယံက

“ ဒါပေါ့ ၀င်းထွန်းရ.. ဒီလိုပွဲမျိုးဘယ် နောက်ကျခံလို့ဖြစ်ပါ့မလဲ ဟီး ”

ဟု တက်ကြွစွာပြောလေသည် ။ ထို့နောက်ကိုဖုန်းက

“ ကဲ...မှာရအောင် အကုန်လုံးဘီယာပဲသောက်မှာနော် ”

“ အေးပေါ့ ဒီအချိန် ဘီယာပဲကောင်းပါတယ်ကွာ ”

ဟု သူရိန်ကပြောလေသည် ။

“ ရွှီး....ရွှီး....ညီလေးရေ..ဘီယာ ၂ ဂျားအခေါက်ကင် ၊ ဆေးဘဲဥသုပ် ၊ ငါးမုန့် ၊ အာလုံးကြော် တစ်ပွဲစီ မြန်မြန် လုပ်ပေးနော် ပြီးမှ ထပ်မှာမယ် ”

ဟု ကိုဖုန်းက မှာလိုက်လေသည် ။ ထို့နောက် ဘီယာနှင့်အမြည်းများရောက်လာရာသူငယ်ချင်းတစ်စု ငယ်ဘ၀ အကြောင်းများ ၊ အလုပ်အကိုင်များ အကြောင်းများ စပြောရင်းနှင့် နောက် ဆုံး ဆေးဆိုးပန်း ရိုက် ကောင် မလေးများ အကြောင်းကိုပြောရင်း စကားဝိုင်းက ပိုမို စိုပြေလာလေသည် ။

အချိန်ကား ညကိုးနာရီခွဲခန့်ရှိပြီ ။ အရှိန်ရလာပြီမို့ ငါးယောက်စလုံးက အာသွက်လျှာက်သွက်ဖြစ်လာကြ၏ ။

“ ကဲ....ဒီနေ့ငါ့ကောင်ကြီး မျိုးမင်းသူ အမိရင်ခွင်ပြန်ခိုလှုံတဲ့အထိမ်းအမှတ် ချီး...ယား...စ် ”

“ ချီးယား...စ် ” ဒီနေ့...ခုနှစ်စင်ကြယ်အမြီးထောင်မှပြန်ကြေးနော် ”

“ ၀ုတ်တယ်...၀ုတ်တယ်....”

မူးနေပြီမို့ စကားလုံးများက မပီသတော့ ။ သို့နှင့် စားသောက်ရင်းည ၁၀ နာ၇ီခန့်အရောက်တွင် သူရိန်က

“ ဟေ့ သူငယ်ချင်းတို့ ဒီလို ညချမ်းအချိန်သမယလေးကို အချည်းနှီး မကုန်ဆုံးစေချင်ဘူးကွာ ဒီလိုလုပ်ရအောင် ”

ဟု ပြောရာ ၀င်းထွန်းက

“ ဘာတုန်းဟ သူရိန်ရ ဘာဖြစ်ချင်သလဲ ဘာ လုပ်ချင်သလဲ အကုန်ဖြစ်စေရမယ် ”

“ ဟားဟား ကြိုက်ပြီကွာ ဒီလိုလေ x x x x x x x x x x x x x x x x x x xx ”

“ ဟ ဖြစ်ပါ့မလား ငါ့ကောင်ရ ငါ့မှာအတွေ့အကြုံမရှိဘူးနော် ”

ဟု ဝေယံက ၀င်ပြောလေသည် ။

“ ငါ့လခွီး..ဘယ်သူက အတွေ့အကြုံရှိမှာတုန်းဟ စမ်းကြည့်တာပေါ့ ဘယ်လိုလဲ ”

“ ဟေ့ .. ဂွဒ်မယ်ထင်ရင် ဒူးသာဒူးကွာ ”

ဟု ကိုဖုန်းကထောက်ခံလိုက်လေတော့သည် ။


(၃)

သို့နှင့် သူငယ်ချင်းငါေးယာက်မှာ မြို့စွန်ရှိ မထင်မရှားအိမ်ကလေးသို့ အငှားကားငှား ကာ ရောက် ရှိသွားလေတော့ သည် ။ ကားပေါ်မှ ဆင်းခါနီးတွင် ၀င်းထွန်းက

“ ဟေ့ရောင် မျိုးမင်းသူ ..ဖြစ်ပါ့မလားကွ..ငါ ငါတို့မှာ ဘာအကာကွယ်မှမပါဘူးနော် ”

“ အာကွာ လာစမ်းပါ ဟိုကျမှ မီးစင်ကြည့်ကတာပေါ့ ”

သို့နှင့် အိမ်ကလေးအတွင်းသို့ အလျှိုလျှို ၀င်သွားကြလေတော့သည် ။ အခန်းတိုင်းလိုလိုကား မီးရောင် မှိန်ပြပြနှင့် ရေမွှေးနံ့လိုလို ဘာလိုလိုနှင့် ဘီယာ အရှိန်ကလည်း တက်နေဆဲမို့ နတ်ဗိမ္မာန် သို့ရောက်နေသလို ခံ စားနေကြရ၏ ။ မကြာခင် နတ်မိမယ်လေးများဟုသူတို့ တင်စားခေါ်ဝေါ်ကြသော အသက် ၂၀ ၀န်း ကျင်ကောင်မလေး များ ရောက်လာကြတော့သည် ။ သို့နှင့် တစ်ယောက်တစ်ခန်းစီဖြစ်သောကြောင့် လူစုကွဲ သွားလေတော့ သည် ။ ၀င်းထွန်းကား တစ်ခါမှ မတစ်ခါဘူးသောကြောင့် ဘီယာသောက်ထားသော အရှိန်ပင်ပျောက်ချင်သလိုလို ။ သူ့ရှေ့မှကောင်မလေးက ပြုံးကြည့်နေတော့ သူ့မျက်စိထဲ နတ်သမီးလိုလို ဘာ လိုလို ၊ နောက်တော့သူလည်း ... အမှောင်ကမ္ဘာထဲ ရင်ခုန်သံတွေအမြင့်ဆုံးထိ တိုးမြှင့်ရင်း တိုးဝင် လိုက်လေတော့ သည် ။

(၄)

ညက ဘီယာသောက်တာများသွားသည်မို့ ခေါင်းကတဆစ်ဆစ်ကိုက်နေ၏ ။ အဖြစ်အပျက်တွေကို အတော်အား တင်းကာပြန်တွေးနေရသည် ။ ညက ဘီယာသောက်ပြီး သူရိန့်အကြံပေးမှုဖြင့်သူတို့တစ်အုပ်စုလုံး နတ်မိမယ်တွေ ဆီသွားခဲ့ကြသည် ။ ပြန်ရောက်တော့ ည ၂ နာရီခွဲနေပြီ ။ ဟိုက်...ဘုရားဘုရားငါတော့သေပြီ ..ကွန်ဒုံးမသုံးမိ ပါလား ဘုရားဘုရား HIV.. ဘီပိုး စီပိုး ကာလသားရောဂါ သွားပြီ ဒီမနက် ဆီးသွားတာတောင် ဆီးက ကျင်နေသည် ။

“ ကလင်..ကလင် ”

တွးကောင်းနေတုန်း အိမ်ရှေကမှ ဘဲလ်မြည်သံကြားသောကြောင့် ခေါင်းကိုက်ကိုက်နှင့်ပင်အိမ်ရှေ့သို့ ထွက်လာ ခဲ့တော့သည် ။ တံခါးဖွင့်လိုက်တော့ တွေ့လိုက်ရသည်က မျိုးမင်းသူ ၊ ဝေယံ ၊ ကိုဖုန်းနှင့် ဇတ်လိုက်ကျော်ကြီး သူရိန်တို့ဖြစ်နေလေတော့သည် ။ အားလုံးမှာ တစ်ခုခုဖြစ်ပြီးနောင်တရနေသလို မျက်နှာများမကောင်းကြ ။

“ ဟေ့ကောင်တွေ ဘာဖြစ်နေကြတုန်း မျက်နှာတွေက စောစောစီစီး ”

“ ၀င်းထွန်း လာကွာ လက်ဖက်ရည်ဆိုင် သွားရအောင် ”

ဟု ကိုဖုန်းကပြောသေလည် ။

“ အိုကေ ခဏစောင့် အ၀တ်အစားလဲလိုက်ဦးမယ် ”

သို့နှင့် ငါးယောက်သား လမ်းထိပ်က လက်ဖက်ရည်ဆိုင်သို့ထွက်ခဲ့လေတောသည် ။

“ ၀င်းထွန်း င်ါမေးစရာရှိလို့ ”

မျိုးမင်းသူမျက်နှာက ထူးခြားစွာ တည်ငြိမ်နေ၏ ။

“ မေးလေ ဘာတုန်း ”

“ ဟို..ဟို မင်းညတုန်းက ကွန်ဒုံးသုံးမိသေးလား ”

“ ဟင့်အင်းမသုံးမိဘူး ကွ ငါလည်းမနက်မိုးလင်းလင်းချင်းအဲဒါကိုစဉ်းစားနေတာ ဘာမှန်းမသိဘူး စိတ်လေးနေ သလိုပဲ ငါတို့တော့မှားပြီထင်တယ် ”

“ ဟူးးးအေးကွာ ဘီယာသောက်ပြီးပြန်ကြရင်ကောင်းသားအခုတော့ငါ့ကြောင်...”

သူရိန်က ၀မ်းနည်းစွာပြောတော့ ဝေယံက

“ ဘာဆိုင်လဲကွာ အဲဒလိုတော့မပြောပါနဲ့ မင်းပြောလည်းငါတို့သွားမှဖြစ်တာပါကွာ ”

ဟုပြောလေသည် ။

“ကဲကဲ..ငါတို့ စိတ်တွေရှင်းသွားဖို့ တစ်ခုခုလုပ်မှထင်တယ် ဒီလိုလုပ်ကွာ တို့သူငယ်ချင်းဒေါက်တာနိုင်ဇော် ဆီသွား ရအောင် သူတော့တစ်ခုခု အကြံပေးနိုင်မှာပဲ”


“ အေးကွ ဟုတ်တယ် ဘော်ဒါကြီးနိုင်ဇော်ရှိနေတာပဲသွားရအောင်ကွာ လာ ”

သို့နှင့် သူငယ်ချင်းငါးယောက်စလုံး ဒေါက်တာနိုင်ဇော်ရှိရာသို့ ချီတက်ခဲ့ကြတော့သည် ။

ဒေါက်တာနိုင်ဇော့်အား ခြံထဲတွင် သတင်းစာဖတ်နေသည်ကို လှမ်းတွေ့ရလေသည် ။ သူတို့ကိုမြင်တော့

“ ဟ..ဟေ့ကောင်တွေ လူစုံတက်တက်စုံပါလား လာကြလာကြ ”

“ အေးကွာ အကူအညီလိုမှ မင်းဆီလာရသလိုဖြစ်နေပြီ ဒါပေမယ့်မင်းက ဆရာဝန်ကြီးဆိုတော့ ငါတို့ဘီယာ သွားသောက် တုန်းကခေါ်မလို့ပါပဲ မင်းလူနာကြည့်တာပျက်မှာစိုးလို့ပါ ”

“ ဟားဟား သိပါတယ် ၀င်းထွန်းရယ် ပြောစရာလူတွေမှမဟုတ်တာ တို့ကငယ်သူငယ်ချင်းတွေပဲ ဘာသောက် မလဲ ငါအအေးစီစဉ်လိုက်မယ် ”

“ နေနေ..သူငယ်ချင်း ငါ တို့မင်းနဲ့တိုင်ပင်စရာရှိလို့ကွ ”

“ ဟေ ဘာတုန်းကွ ပြောလေကွာ သူငယ်ချင်း ”

“ဒီလိုကွ ငါတို့ငါးယောက်ညက ဘီယာဆိုင်သွားကြတယ် သောက်ကြစားကြတယ်ပေါ့ကွာ ဒါပေမယ့် ညကျတော့ ငါတို့ ဟိုဟို... x x x x x ကိုသွားမိတယ်ကွာ အဲဒါ ငါတို့ condom မသုံးမိဘူးသူငယ်ချင်း အဲဒါအခုဘာဆက် လုပ်သင့်သ လဲ ငါတို့စိတ်ထဲမှာ လေးနေတယ်ကွာ ငါတို့ကိုကူညီပါဦး ငါငါ အေကိုက် မှာကြောက်တယ်ကွာ ”

“ အင်းးးးးး ဖြစ်ရမယ် မင်းတို့ကတော့ ”

ဒေါက်တာနိုင်ဇော်က သက်ပြင်းချရင်း လေးနက်သောအမူအရာနှင့်ပြောလိုက်လေသည် ။

“ ဒီလိုရှိတယ်သူငယ်ချင်း ကြိုတင်ကာကွယ်တာတော့အကောင်းဆုံးပဲပေါ့ကွာ အဲဒါကိုမင်းတို့လည်းသိပါတယ် ဒါပေမယ့်အခု မင်းတို့ပြဿနာက လူငယ်အများစုကြုံတွေ့နေရတဲ့ပြဿနာပဲကွ စိတ်အလိုလိုက်မှု ခဏလေး အတွက်ကြောင့် ဆုံးရှုံးလိုက်ရတဲ့ ဘ၀တွေ အများကြီးပဲ ဒုနဲ့ဒေးပဲ တကယ်တော့ မင်းတို့ ကွန်ဒုံးသုံးခဲ့ကြဖို့ကောင်း တယ် အထူးသဖြင့် လိင်ဆက်ဆံတဲ့နေရာမှာ သုတ်ရည်တွေကတဆင့် HIV ပိုး က မင်းတို့ရဲ partner မှာ မရှိဘူးပဲထား ဘီပိုးစီပိုး အိုကွာ ဂနို (Ganorrhoea ) ကာလသားရောဂါ (Syphilis ) အများကြီးပဲသူ ငယ်ချင်းကူးနိုင်တာ နောက်ပြီးမင်းတို့က တခါတလေမှတကယ့်ကိုတခါတလေ သူတို့ Prostitute တွေက Partner အများကြီးနဲ့ဆက်ဆံနေတဲ့သူတွေ ဘယ်လောက်တောင် risk ရှိလဲ စဉ်းစားကြည့်သူငယ်ချင်း အမှန်တော့ပြောရရင် မတန်ဘူးပေါ့ကွာ ဒီအရာလေးအတွက်နဲ့ ပေးရတာတန်ဖိုးကြီးလွန်းတယ် တခြားပျော်စ ရာတွေအများကြီးရှိရက်နဲ့ကွာ ငါပြောတာနားလည်လားသူငယ်ချင်း ဥပမာ ဂစ်တာတီးမယ် သီချင်းဆိုမယ် နောက်ပြီး ပျော်ကြကကြမယ်ကွာ နောက်ဆုံးမင်းတို့ လုံးဝမနေနိုင်အောင် ပိုးကြွနေတယ်ဆိုရင် အခွေတစ်ခွေထိုးကြည့်ပြီးစိတ်ဖြေလိုက် ဘာအန္တရာယ်မှမရှိဘူးသူငယ်ချင်း ”

“ အေးကွာ ငါတို့ သဘောပေါက်ပါပြီ ဟူးး ”

“ ကဲပါကွာ အရမ်းကြီးလည်းစိတ်မညစ်နေပါနဲ့ တကယ်တော့ မင်းတို့ဘယ်သွားသွား အဖော် ( Aphaw) ခေါ်သွား သင့်တယ် ဒါမှအန္တရာယ်ကင်းမယ် အခုလုပ်သင့်တာကတော့နောက်တစ်ခါထပ်မမှားစေနဲ့ ငါ့ဆေးခန်းကိုလာ ခဲ့ကြလေ ဘီပိုးစီပိုး STD နဲ့ HIV တွေစစ်ဖို့ငါစီစဉ်ပေးမယ် ..တခြားဟာတွေအဖြေအတိအကျသိနိုင်ပေမယ့် HIV ကတော့ window period ကကြာတယ်သူငယ်ချင်း တစ်ချို့ကတော့ ၃ လဆို ရှိမရှိသိရပြီတစ်ချို့ ကတော့ဘာမှမပေါ်ပဲဆယ်နှစ်အထိနေနိုင်တယ်ဘုရားတရားသာဆုတောင်းပြီးနောက်တစ်ခါဘာမှမမှားစေ နဲ့ပေါ့ကွာ ”

“ အေးပါကွာငါတို့နားလည်ပါပြီ ဒါဆိုမင်းဆေးခန်းကို ငါတို့လာခဲ့မယ်သူငယ်ချင်း အခုလိုရှင်းပြပေးတဲ့အတွက် ဒီပျော်ပါးတဲ့အ ချိန်လေးအတွက်ငါတို့ပေးဆပ်လိုက်ရတဲ့အရင်းအနှီးကမနည်းဘူးဆိုတာ ငါတို့သိပါပြီ သူငယ်ချင်း ကဲငါတို့သွားတော့မယ်နော် မင်းဆေးခန်းကိုလာခဲ့မယ်ကွာ ”

ဟုပြောရင်း လေးပင်စွာဖြင့်ငါးယောက်သားပြန်ခဲ့ကြလေတော့သည် ။ အပြန်လမ်းတစ်လျှောက်တွင်တော့ သူတို့နားထဲတွင်

“ ဘယ်သွားသွား..အဖော်ခေါ်သွားသူငယ်ချင်း ”

ဟူသော သူငယ်ချင်းဒေါက်တာနိုင်ဇော်၏ စကားက အထပ်အထပ်အခါခါ ကြားယောင်နေမိပေတော့သည် ။

သက်တန့်ချို
4 March 2011


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

12 comments:

  1. ဆေးပညာဗဟုသုတလေး ဝေမျှ တယ်ပေါ့။ မဆိုင်ဘူးလို့ သဘောမထားပဲ ဖတ်သွားပါကြောင်း.....

    ReplyDelete
  2. လာရောက်ဖတ်ရှု ဗဟုသုတအဖြစ် မှတ်သားသွားပါတယ်..

    ReplyDelete
  3. အဖြူရောင်နတ်သမီးMarch 4, 2011 at 11:26 PM

    ပညာပေးပို့စ်လေး ကောင်း၏..။
    လူတိုင်း လိုက်နာသင့်တဲ့ အချက်ပါပဲ..။
    ဆေးပညာအကြောင်း များများရေးပေးပါ သက်တန့်ရေ...။

    ReplyDelete
  4. ပညာပေး ပို့စ် လေးကို
    လာဖတ်သွားပါတယ် ..

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  5. ကိုသက်တန့်လေး
    ဒီဇာတ်လမ်းလေးကို ကျနော်တာဝန်ယူထားတဲ့
    HIV , AIDS ပညာပေးအစီအစဉ်မှာ
    ပညာပေးအသံလွှင့်ဇာတ်လမ်းလုပ်ပြီး သုံးလို့ရရင် သုံးချင်ပါတယ် ကိုသက်တန့်လေး ခွင့်ပြု-မပြု သိချင်ပါတယ် အခကြေးငွေနဲ့ လွှင့်မှာမဟုတ်ပါဘူး

    ReplyDelete
  6. အာ ကိုနိုင်ဇော်ကြီးကလည်းဗျာ ပြောစရာလူတွေမှမဟုတ်တာ ကြိုက်သလိုလုပ်လို့ရပါတယ် အခုလို ယူသုံးမှာကိုကျနော်ကတောင် ၀မ်းသာရမှာပါ ။ ကျေးဇူးအများကြီးတင်ပါတယ်နော် ကိုကြီးနိုင်ဇော်ရေ..။

    ReplyDelete
  7. မှတ်သားသွားပါတယ်...

    ReplyDelete
  8. very nice this arp!!!!!!!!!!!
    ခင်မင်လျက်
    နာဘောလာ

    ReplyDelete
  9. ဘယ်သွားသွားအဖေါ်နဲ့ပါ . . .

    ReplyDelete
  10. သိန်းကျော်September 26, 2014 at 5:22 PM

    ကောင်းပါတယ်..အရမ်းကြိက်တယ်

    ReplyDelete
  11. သိန်းကျော်September 26, 2014 at 5:23 PM

    အရမ်းကောင်းပါတယ်


    ReplyDelete
  12. သိန်းကျော်September 26, 2014 at 5:23 PM

    ကောင်းပါတယ်

    ReplyDelete