Monday, July 11, 2011

သားအိမ်ကင်ဆာအကြောင်း

သားအိမ်ကင်ဆာအကြောင်း

( သားအိမ်ကင်ဆာအကြောင်းကိုမေးမြန်းသူကတော့ အစ်မကြီးအဖြူရောင်နတ်သမီးဖြစ်ပါတယ် ။ ပြည့်ပြည့်စုံ စုံဖြစ်အောင်ပို့စ်တင်ပေးလိုက်ပါတယ် ။ နောက်တစ်ခါပို့စ်ကတော့ Gluten Free ဆိုတဲ့အကြောင်းလေး ဖြစ်ပါ တယ် ။ ရေးဖို့အကြွေးကျန်နေသေးပါတယ် )

အမျိုးသမီးတွေအတွက် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ ရောဂါတစ်ခုဖြစ်တဲ့ သားအိမ်ကင်ဆာဟာ ယနေ့ကမ္ဘာပေါ် မှာ အတော်လေးကို ရေပန်းစားလို့လာပါပြီ ။ သားအိမ်ကင်ဆာကို ဆေးပညာအရဆိုရင် Endometrial cancer လို့ခေါ် ပါတယ် ။ သားအိမ်ခေါင်း cervix မှာ ဖြစ်တဲ့ ကင်ဆာကိုတော့ cervical cancer လို့ခေါ်ပါတယ် ။ Endometrial cancer ဟာ သားအိမ် ( Endometrium) မှ တဆင့်ဖြစ်ပေါ်တဲ့ Malignancies ကင်ဆာမျိုးနွယ် ပွားတွေဖြစ်ပါတယ် ။ သားအိမ် Uterus နဲ့ သူ့ရဲ့ lining အနားသတ်တွေမှာဖြစ်ပွားပါတယ် ။ United States မှာဆိုရင် နှစ်စဉ် ၃၅၀၀၀ သော မိန်းမတွေဟာ သားအိမ်ကင်ဆာဖြစ်ပွားနေပြီးတော့ အဖြစ်အများဆုံး အမျိုး သမီးရော ဂါတစ်ခုလည်းဖြစ်ပါတယ် ။ အဖြစ်အများဆုံးပုံစံဖြစ်တဲ့ Endometrioid adenocarcinoma မှာ သွေးဆုံးပြီးသားအမျိုးသမီးတွေမှာ အဖြစ်များပါတယ် ။ ဒီလိုအမျိုးသမီးတွေမှာ ပထမဆုံး သားအိမ်နံရံတွေ ထူလာခြင်း Endometrial hyperplasia စတင်ဖြစ်ပေါ်လာပြီး သွေးဆင်းခြင်း Vaginal bleeding နဲ့ present လုပ်ပါတယ် ။ သားဥအိမ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာပြီးရင် တတိယအဖြစ်အများဆုံး အမျိုးသမီး မီးယပ်ရောဂါကြောင့်သေဆုံးမှု နံပတ် ၃ အဆင့်မှာ တည်ရှိပါတယ် ။ သားအိမ်တစ်ခုလုံးထုတ်ပစ်ခြင်း (TAH - Total Abdominal Hysterectomy ) နဲ့ ဘေးနှစ်ဖက် သားဥအိမ်နှင့် သားအိမ် သားဥအိမ် ဆက်လမ်းကြောင်း တို့အား ရှင်းလင်းဖယ်ထုတ်ခြင်း ( Bilateral salpingo-oophorectomy ) တို့ ပြုလုပ်ရပါတယ် ။

Endometrial cancer ကို တခါတရံမှာ Uterine cancer လို့လည်းခေါ်ကြပါတယ် ။ ဒါပေမယ့်လည်း မတူညီတဲ့ ကင်ဆာတွေ ဟာ သားအိမ်အတွင်း endometrium မှသာလျှင်မကပဲသားအိမ်ရဲ့ အခြား တစ်ရှူးတွေ ကနေ လည်း ဖြစ်ပေါ်နိုင်ပါတယ် ။ ဥပမာ သားအိမ်ခေါင်းကင်ဆာ cervical cancer , သားအိမ်ကြွက်သား myometrium မှ ဖြစ်သော Sarcoma of the myometrium နဲ့ trophoblastic ရောဂါတို့ပဲဖြစ်ပါတယ် ။

သားအိမ်ကင်ဆာအမျိုးအစားများ



An endometrial adenocarcinoma invading the uterine muscle

Endometrial cancers အများစုဟာ adnocarcinomas တွေဖြစ်ကြပြီး ဆိုလိုတဲ့သဘောကတော့ တစ်လွှာ တည်းဖြစ် တဲ့ epithelial cells တွေကနေ စတင်ပါတယ် ။ Epithelial cells တွေဟာ Endometrium နဲ့ Endometrial glands တွေ ကို ပိုင်းခြားထားပါတယ် ။ Endometrial carcinoma ကို မိုက်ခရိုစကုပ်နဲ့ကြည့်ပြီး ခွဲခြားလို့ရတဲ့ subtypes များစွာရှိပါတယ် ။ အဖြစ်အများဆုံးကတော့ Edommetrioid type ဖြစ်ပါတယ် ။ အဲဒီ ပုံစံမှာဆိုရင် ကင်ဆာဆဲလ်တွေဟာ ပိုမိုဆိုးရွားတဲ့ပုံစံဖြစ်တဲ့ papillary serous carcinoma နဲ့ clear cell endometrial carcinomas တို့နဲ့ကွာခြားပါတယ် ။ ကဲဆက်လက်လေ့လာကြည့်ရအောင် ။



Endometrial stromal sarcoma

Type I - ဒီအမျိုးအစားဟာည သွေးဆုံးခါနီးအမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ် ။ တခါတရံ estrogen (အမျိုးသမီး ဟော်မုန်း ) တွေများလာခြင်းနဲ့အတူ သားအိမ်နံရံထူလာခြင်းတို့ကို ကြုံတွေ့ရပါတယ် ။ သားအိမ်နံရံ ကို အနည်း ငယ်ဖောက် ထွင်းဝင်ရောက်ပြီး low grade endometrioid type ဖြစ်ပါတယ် ။ Prognosis ဆိုတဲ့ ရော ဂါ ကြောင် ဆက်လက်အသက်ရှင်နိုင်ခွင့်မျှော်လင့်ချက် ကောင်းပါတယ် ။



Uterine carcinosarcoma

Type II - ဒီအမျိုးအစားကတော့ အသက်ပိုကြီးတဲ့ သွေးဆုံးပြီးသားအမျိုးသမီးတွေမှာ တွေ့ရပါတယ် ။ African-Americans တွေ မှာ ပိုအဖြစ်များပါတယ် ။ estrogen များလာမှု နဲ့ဆက်နွယ်မှုမရှိပဲ Prognosis မကောင်းပါဘူး ။ Type II မှာ ပါဝင်တာတွေကတော့

the high-grade endometrioid cancer,
the uterine papillary serous carcinoma,
the uterine clear cell carcinoma စသည်တို့ပဲဖြစ်ပါတယ်။

ဖြစ်လေ့ဖြစ်ထမရှိတဲ့ သားအိမ်ကင်ဆာ နောက်တစ်မျိုးကတော့ Endometrial stromal sarcomas ဖြစ်ပြီး အဲဒီကင်ဆာ ကတော့ ကလန်းန် တွေမဟုတ်တဲ့ connective တစ်ရှူးတွေကနေ စတင်ဖြစ်ပေါ်ပါတယ် ။ Uterine carcinosarcoma ကို Malignant mixed mullerian tumor လို့လည်းခေါ်ပါတယ် ။ ရှားပါးတဲ့ သားအိမ်ကင် ဆာမျိုးဖြစ်ပြီး ကင်ဆာဆဲတွေ လွန်စွာပျံ့နှံ့ပြီး အဲဒီလို ကင်ဆာမျိုးမှာ ဆဲလ်ရဲ့မူရင်းဇစ်မြစ်ကို မသိရှိရပါဘူး ။ မိုက်ကရိုစကုပ်နဲ့ကြည့်ပြီး တော့အောက်ပါအတိုင်းလည်းခွဲခြားနိုင်ပါတယ်။

Histological types I - အဖြစ်အများဆုံးကတော့ Endometrial Adenocarcinoma ပဲဖြစ်ပါတယ် ။ အဆင့် ၃ ဆင့်ရှိပါတယ် ။ Grade I ကတော့ ဆဲလ်တွေကို ကောင်းစွာ ခွဲခြားရနိုင်တဲ့ highly differentiated ဖြစ်ပါတယ် ။ Grade II ကတော့ moderatley differentiated ဖြစ်ပြီး Grade III ကတော့ Undifferentiated ဆဲလ်တွေကို ခွဲခြားမရနိုင်တဲ့အဆင့်ဖြစ်ပါတယ် ။

Histological types II - Adenocanthoma
Histological types III - Adenosquamous carcinoma Malignant glandular element + malignant squamous element high grade malignancy
Histological types IV - Carcinosarcoma Highly malignant စသည်တို့ဖြစ်ပါတယ် ။

ရောဂါလက္ခဏာများ

- သွေးဆင်းခြင်း ၊ သွေးဆုံးပြီးအမျိုးသမီးတွေမှာတော့ spotting လို့ခေါ်တဲ့ တစ်စက် နှစ်စက်လောက် ပဲဆင်းနိုင်ပါတယ် ။
- မူမမှန်သွေးဆင်းခြင်း ၊ မူမမှန်သွေးဆင်းကာလများ
- အသက် ၄၀ ကျော်သွေးဆုံးခါနီးအမျိုးသမီးများတွင် ပုံမှန်သွေးဆင်းကာလ ကြား ကာလများ တွင် သွေး ဆင်းခြင်း ။ နေ့ရက်ကြာရှည်စွာသွေးဆင်းပြီး ပမာဏများခြင်း ၊ ခဏခဏ သွေးဆင်းခြင်းစသည်တို့ဟာ ကင်ဆာ ဖြစ်နိုင် တဲ့လက္ခဏာတွေဖြစ်ပါတယ် ။
- သွေးအားနည်းခြင်း ( ရက်အကြာကြီး သွေးဆုံးရှုံးတဲ့အတွက်ဖြစ်ရခြင်းဖြစ်ပါတယ်
- ၀မ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း ၊ တင်ပဆုံအတွင်းပိုင်းတွင် ညှစ်ဆွဲထားသလို နာကျင်ခြင်း
- အဖြူရောင်သို့မဟုတ် အရည်ကြည်များဆင်းခြင်း ( သွေးဆုံးပြီးအမျိုးသမီးတွေမှာဖြစ်ပါတယ် ။ )

ဘယ်လိုအခြေအနေမျိုးမှာ အဖြစ်များသလဲ

ဖြစ်ပွားစေတဲ့အချက် Risk Factor တွေကတော့အများကြီးရှိပါတယ် ။ အဲဒါတွေကတော့

- အီစရိုဂျင်ပမာဏများခြင်း
- သားအိမ်နံရံထူလာခြင်း
- အ၀လွန်ခြင်း
- သွေးတိုးခြင်း
- သားဥအိမ်တွင် အရည်အိတ်များစွာတည်ခြင်း ( Polycystic ovary syndrome)
- ကလေးတစ်ယောက်မှမမွေးဖူးသော Nulliparity ( ကိုယ်ဝန်မဆောင်ဖူးခြင်း )
- မျိုးမပွားနိုင်ခြင်း (မြုံနေခြင်း)
- အပျိုဖော်ဝင်ချိန်စောခြင်း (early menarche)
- သွေးဆုံးချိန်နောက်ကျခြင်း (Late menopause)
- သားအိမ်အတွင်းနံရံအဖုများပါခြင်း Endometrial polyps
- ဆီးချိုသွေးချိုရောဂါရှိခြင်း
- Taxmoifen ဆေးသုံးနေခြင်း
- တိရိစ္ဆာန်အဆီများစွာ စားသုံးခြင်း
- တင်ပဆုံအား ဓါတ်ရောင်ခြည်ပေးကုသဖူးခြင်း
- ရင်သားကင်ဆာရှိခြင်း
- သားဥအိမ်ကင်ဆာ ဖြစ်ခြင်း
- မျိုးဥမကြွေခြင်း
- အသက် ၃၅ နှစ်အထက်အမျိုးသမီးများ
- နေ့စဉ် အရက်များစွာ သောက်သုံးခြင်း စသည်တို့ဖြစ်ပါတယ် ။

ရောဂါသိအောင် ဘယ်လိုလုပ်မလဲ

စစဖြစ်ချင်းမှာ ကုသလို့ရတဲ့အတွက် Routine screening လုပ်ဖို့တော့မလိုပါဘူး ။ အစောပိုင်းအဆင့်တွေမှာ စမ်းသပ်မှုရဲ့ အဖြေက ပုံမှန်တွေဖြစ်နေတတ်ပါတယ် ။ ရောဂါပိုပြင်းထန်လာမှသာလျှင်သားအိမ်ရဲ့ အရွယ်အစား ၊ ပုံသဏ္ဍာန် ၊ အပျော့အမာစတဲ့လက္ခဏာတွေပြောင်းလဲသွားမှာဖြစ်ပါတယ် ။

၁ ။ Pap smear ယူခြင်း
၂ ။ သားအိမ်ခြစ်ပြီး အသာစ စစ်ဆေးခြင်း ( သားအိမ်အတွင်းပိုးနှင့်သားအိမ်ခေါင်း အပါအ၀င် )
၃ ။ သားအိမ်ခြစ်ခြင်း Endometrial curettage ဟာ အဆင်မပြေခဲ့ရပင် Dilation and Curettage ( D&C) သား အိမ်ခေါင်းချဲ့ပြီးအတွင်းပိုင်းအား ခြစ်ယူခြင်း ။
၎ ။ သားအိမ်အတွင်းမှန်ပြောင်းထည့်စစ်ဆေးခြင်း ( Hysteroscopy ) ။ တခါတည်းသားအိမ်အတွင်းစယူပြီး biopsy လုပ်နိုင် ပါတယ် ။ D and C လုပ်သလို မမြင်မစမ်းလုပ်နေစရာမလိုပဲ သေချာ မသင်္ကာတဲ့နေရာတွေကို ယူနိုင်ပါတယ် ။
၅ ။ Endometiral biopsy or aspiration
၆ ။ မိန်းမကိုယ် အတွင်းပိုင်းအာ အာထရာဆောင်းရိုက်ခြင်း ( Transvaginal ultrasound)
၇ ။ အခုနောက်ပိုင်း TruTest လို့ခေါ်တဲ့စမ်းသပ်မှုတစ်ခုပေါ်လာပါတယ် ။ ကျုဲံ့လို့ကွေးလို့ရတဲ့ Tao Brush နဲ့ သားအိမ် ရဲ့ entire lining ကိုခြစ်ယူပါတယ် ။ နာကျင်မှုသက်သာပြီး စမ်းသပ်ဖို့လုံလောက်တဲ့ တစ်ရှူးတွေရ ရှိပါတယ် ။ ရိုးရှင်းပြီး သက်သာပါတယ် ။ TruTest ကိုတခါတရံမှာအသုံးပြုပြီး အများစုကတော့ Pap smear ကိုသာ အသုံးများပါတယ်။
၈ ။ Serum p53 antibody ကိုတိုင်းတာခြင်း စသည်တို့ဖြစ်ပါတယ် ။

ကုသခြင်း

ပထမဆုံးကုသခြင်းကတော့ Srugical ပဲဖြစ်ပါတယ် ။ အနည်းဆုံး ၀မ်းဗိုက်အတွင်းအရည်ယူမယ် (Peritoneal fluid ကို ယူပြီး cytologic sampling လုပ်ခြင်း ) ၊ ဗိုက်ဖွင့်ခြင်း ၊ lymph nodes များအားစမ်းသပ်ပြီး biopsy ယူခြင်း ၊ သား အိမ်ကို ထုတ်ခြင်း ၊ သားဥအိမ် ၂ လုံးထုတ်ခြင်း ၊ Lymph node များထုတ်ခြင်း ၊ စသည်တို့ဖြစ် ပါတယ် ။ တခါတရံ သားအိမ်ခေါင်းအထိပါ ပျံ့နှံနေပြီဆိုရင်တော့ သားအိမ်ခေါင်းပါ ထုတ်ပစ်ရလေ့ရှိပါတယ် ။ သားအိမ်ကို ၀မ်းဗိုက်ဖွင့်ပြီး ထုတ်ခြင်း (Abdominal hysterectomy ) နဲ့ မိန်းမကိုယ်အတွင်းမှ အဆင့်လိုက် ထုတ်ပယ်ခြင်း ( vaginal hysterectomy ) ဆိုပြီး ရှိပါတယ် ။ အဆင့် ၁ သည် ခဏခဏပြန်ဖြစ်ဖို့ များပါတယ် ။ အဆင့် ၂ ကိုတော့ ခွဲစိတ်ပြီး ဓါတ်ရောင်ခြည်ပေးပါတယ် ။ အချို့ လူနာတွေမှာတော့ ကင်ဆာဆေးသွင်းခြင်း Chemotherapy ကိုပေး ပါတယ် အထူးသဖြင့် အဆင့် ၃ နဲ့ ၄ မှာဖြစ်ပါတယ် ။ Endometrial stromal sarcomas အ တွက် Hormonal therapy ဖြစ်တဲ့ progestins နဲ့ antiestrogen တွေပေးပါတယ် ။

Herceptin လို့ခေါ်တဲ့ Antibody ကိုတော့ HER2/neu protein နဲ့ overexpress လုပ်ဆတဲ့ ရင်သားကင် ဆာကုသ တဲ့နေရာမှာသုံးပါတယ် ။

ကုသခြင်း၏ နောက်ဆက်တွဲ complication များ

- D&C လုပ်ရင်းနဲ့သားအိမ်ပေါက်ထွက်ခြင်း ( Uterine perforation ) ရနိုင်ပါတယ် ။
- Asherman's syndrome (သားအိမ်အတွင်းပိုင်းကပ်ငြိတွယ်ခြင်း ) Intrauterine adhesion ရနိုင်ပါတယ် ။ D&C လုပ်တဲ့ အခါ complication အနေနဲ့တွေ့ရပါတယ် ။ အကျိုးဆက်ကတော့မျိုးမပွားနိုင်ခြင်းနဲ့ နောက်ပိုင်း ကလေးမွေးတဲ့ အခါ အခက်အခဲမျိုးစုံ Obstetric complications တွေနဲ့ ကြုံရနိုင်ပါတယ် ။

Ref : http://en.wikipedia.org/wiki/Endometrial_cancer

သက်တန့်ချို
11 July 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

10 comments:

  1. အသေအခြာ ဖတ်သွားတယ် သက်တန့်ရေ..
    မြန်မာမိန်းခလေးအတော်များများဟာ အရှက်အကြောက်ကြီးခြင်း၊ ရောဂါဖြစ်လျှင် ပြောမထွက်ပဲ မြုံနေခြင်း၊ ရောဂါကြွမ်းမှ ကုသခြင်းတို့ကြောင့် မဖြစ်သင့်သော အဖြစ်ဆိုးများနဲ့ ရင်ဆိုင်နေကြရပါတယ်။

    ရောဂါဖြစ်ပြီဆိုလျှင် အချိန်မှီကုသဖို့အတွက် ပြင်ဆင်နိုင်မှသာ မိမိတို့၏ သားအိမ်ကို ဆုံးရှုံးခြင်းဒုက္ခမှကင်းဝေးကြမှာဖြစ်ပါတယ်။

    အဲဒီလို အချိန်မှီကုသ ကာကွယ်ဖို့အတွက် ဆေးပညာ ဗဟုသုတတွေ များစွာရှိဖို့လိုပါတယ်။

    ဒါ့ကြောင့် အမ အပါအဝင် မသိသေးသော မြန်မာအမျိုးသမီးများအားလုံး ဗဟုသုတတိုးပွားစေရန်ရည်ရွယ်ပြီး အမျိုးသမီးများကိုယ်စား ဒီဆောင်းပါးကို ရေးပေးဖို့ တိုက်တွန်းလိုက်ရခြင်းဖြစ်ပါတယ်။
    သက်တန့်ကို အများကြီးကျေးဇူးတင်ပါတယ်နော်..။

    ReplyDelete
  2. အမျိုးသမီးတစ်ယောက်အနေနဲ့ သိသင့်သိထိုက်လို့ မှတ်သားသွားပါတယ်ကွယ်...။

    ReplyDelete
  3. ရောဂါလက္ခဏာက အသက်၄၀ကျော်အမျိုးသမီးတွေမှာပဲပေါ်တတ်တာလား။.ဒါမှမဟုတ်အသက်အရွယ်ငယ်တဲ့သူတွေမှာရော ဒီလက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါသလား။
    ကျေးဇူးတင်စွာဖြင့်

    ReplyDelete
  4. ကိုသက်တန့်ရေ

    ဂျပန်မှာတော့ ၃၀ ပြည့်ပြီးသူအမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာ ရင်သားစစ်ဖို့ကို စာတွေလာတယ်
    အမလည်း တနေ့က စစ်ပြီးပြီ . ၂ နှစ်တစ်ခါ စစ်တာ ဒါပါနဲ့ဆို ၂ ခါရှိပြီ
    မ၇ှိတဲ့သူကို ကာကွယ်ဆေးထိုးလို့ရတယ်လို့ပြောပေမယ့် ဒီမှာသိပ်ဈေးကြီးလွန်းတယ် ဒေါ်လာ တစ်ထောင်နီးပါး ပဲ ရန်ကုန်မှာ ၂၀၀ လောက်ပဲ ရှိတယ်ဆိုတာ ဟုတ်ပါသလား ..
    နောက်ပြီးတော့ ဒီမှာကတော့တစ်ခါတည်းသားအိမ်ထဲကို ကင်မရာထည့်ပြီး အကုန်ကြည့်တာပဲ.
    pap smear ယူပြီးစစ်တာပဲ.

    ကြောက်လိုက်တာဟယ် အမျိုးသမီးဖြစ်ရတာလည်း

    ကျေးဇူးကိုသက်တန့်ရေ

    အစ်မကြည်ကြည်

    ReplyDelete
  5. အကိုရေ ကျန်းမာရေး အသိတွေတိုးလို့ ကျေးဇူးပါလို့...ခုမှပဲ ရောက်ဖြစ်လို့..:)

    ReplyDelete
  6. ကိုသက်တန့်ရေ..မေးစရာလေးတွေကတော့
    တန်းစီနေတာပါပဲ
    သားဥပြွန်မှာအရည်အိတ်တည်လို့လွန်ခဲ့တဲ့ ၈ နှစ်ကဗိုက်
    ခွဲပြီး..နောက်.သားအိမ်မှာအလုံးတည်လာတယ်.
    နောက်..ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက သည်းခြေထုတ်လိုက်
    ပြီးနောက်..ညာဘက်ကအရမ်းအောင့်အောင့်နေတယ်
    တစစ်စစ်နဲ့လဲကိုက်တယ်.
    ထုတ်တုန်းကတော့မှန်ပြောင်းနဲ့ထုတ်တာပါ
    ..
    မေးချင်တာ ၂ခုက..အလုံးရှိတဲ့အတွက်.ကလေးရနိုင်ပါဦးမလား
    နောက်.အ.ဲလိုခနခနညာဘက်ကအောင့်တာ.
    အသည်းကင်ဆာတွေဘာတွေဖြစ်နိုင်ပါသလား..
    အဲဒါလေးသိချင်တယ်
    ပိုစ့်ဖြစ်ဖြစ်ပေါ့နော်
    တခုချင်းစိဖြစ်ဖြစ်တင်ပေးပါ့လား
    သိချင်လို့ပါ..
    ကျေးဇူးတင်လျှက်
    မဒမ်ကိုး

    ReplyDelete
  7. ၁ ။ အလုံးဆိုတာက သားအိမ်မှာတည်တဲ့ အသားလုံး (Myoma ) ကို ဆိုလိုတာ ထင်ပါတယ် ။ Myoma ရှိလည်းကလေးရနိုင်ပါတယ် ။ အလုံးထုတ်ပြီးတဲ့အခါ ဘာအန္တရာယ်မှမရှိပါဘူး ။

    ၂ ။ ညာဖက်ကအောင့်တာ စစ်ဆေးမှုတွေပြုလုပ်ဖို့လိုပါတယ် ။ သည်းခြေထုတ်ပြီးတာတောင်ဘာကြောင့် ပြန်အောင့်ရသလဲဆိုတာ ဆရာဝန်နှင့်ပြသဖို့လိုပါတယ် ။ ကင်ဆာ ဖြစ်နိုင်ချေ နည်းပါတယ် ။ တခြားဖြစ်နိုင်ချေတွေအများကြီးရှိပါသေးတယ်။

    Myoma အကြောင်းပို့စ်ကိုမကြာခင်ရေးမှာဖြစ်ပါတယ် ။ စောင့်မျှော်ဖတ်ရှုပါခင်ဗျ ။

    ကျေးဇူးတင်ပါတယ် ။း))

    ReplyDelete
  8. ဟင်းးးးးးးး မိန်းမဖြစ်ရတာ မလွယ်ဘူးနော်. ဒီရောဂါကြီးက ကြောက်စရာကြီး။ ဒီရောဂါမှမဟုတ်ပါဘူး။ ရောဂါဖြစ်တယ်ဆိုတာ ဘယ်ရောဂါဖြစ်ဖြစ် မိမိကိုယ်ကိုရော ဘေးပတ်ဝန်းကျင်ကိုပါ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေတယ်နော်။

    အဲဆို ကိုသက်တန့်ချို..

    သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးတာနဲ့ ဒီရောဂါဆိုးကြီးကို တကယ်ကာကွယ်နိုင်မှာပေါ့နော်။ အစ်မကြည်ကြည်ပြောသလို ကုန်ကျငွေကလဲ မနည်းတော့ ငွေရေးကြေးရေး ပြဿနာရှိတဲ့ အမျိုးသမီးတွေဆို ဘယ်လိုလုပ်မလဲနော်။

    တော်တော်ဗဟုသုတရပါတယ်။ ဒီလို ဆေးပညာနဲ့ပက်သက်တဲ့ ပိုစ့်လေးတွေများများတင်ပါဦး။ လူထုသိသင့်တဲ့ ဆေးပညာအကြောင်းပေါ့နော့။

    ReplyDelete
  9. ကျေးဇူးတင်ပါတယ်။ ကိုယ်တွေက ဒီကင်ဆာကို ကိုယ်တော့မဖြစ်နိုင်ပါဘူးဆိုပြီးနေခဲ့ပေမဲ့မိသားစုဝင်တွေထဲကဖြစ်တဲ့လူတွေရှိလာတော့ဒီရောဂါအကြောင်းသေချာနားလည်သိချင်လာပါတယ်။အခုလိုသိရတာကျေးဇူးပါ။

    ReplyDelete
  10. endometrium 1.4cmဆိုကင်ဆာဖြစ်နိုင်လား

    ReplyDelete