Tuesday, July 26, 2011

ဝမ်းနည်းစရာသတင်း (လုပ်ရက်ပါပေ့ ဘလင့်ဟက်ကာရယ်)

ဝမ်းနည်းစရာသတင်း (လုပ်ရက်ပါပေ့ ဘလင့်ဟက်ကာရယ်)

ယခုအချိန်မှစ၍ မည်သည့် ဂျီတော့အကောင့်တွင်မှ ကျွန်တော်စကားပြောမည်မဟုတ်ပါ ။ ကျွန်တော်၏ အ လုပ်မေး လ်ဖြစ်သော kyawminoo.im2@gmail.com ၊ ဘလော့မေလ်းဖြစ်သော thettantchocho@gmail.com ၊ ရွာ မေးလ် ဖြစ်သော founder.thettantvillage@gmail.com တို့မှာ hacking လုပ်ခံ ရပြီဖြစ်ပါတယ် ။ ထိုအကောင့်များကို secondary ထည့်ထားသော အခြားမေးလ် များလည်း ပျောက် ကုန်ပါတယ် ။ ရည်ရွယ်ချက်ကတော့ ကျွန်တော့်မေလ်းတွေမှတဆင့် တခြားကျွန်တော် ၀င်ရောက်နေ တဲ့ social network တစ်ခုဖြစ်တဲ့ www.edinooyin.com ကို ပစ်မှတ်ထားတယ်လို့ဆိုပါတယ် ။ ဟက်ကာ အဖွဲ့ကတော့ bhg forever... လို့ မက်ဆေ့တင်ထားတဲ့ blink hacker group လို့သိရပါတယ် ။ ဟုတ်လားမ ဟုတ်လားဆို တာတော့ မသိပါဘူး ။ ကျွန်တော်လည်း တတ်သမျှတော့ recover လုပ်ပေမယ့် အဆင် မပြေပါဘူး ။ နည်းပညာ သမားမဟုတ်တဲ့အတွက် ထိုင်ပြီးတော့ပဲကြည့်နေရပါတယ် ။

ဒီမနက် ရုံးကိုရောက်တော့ဘလော့ဝင်ဖို့ ကြည့်လိုက်တာ ပါ့စ၀ပ်မှားနေတယ်ဆိုတော့ မသင်္ကာဖြစ်သွားပါတယ် ။ ဒါနဲ့ စမ်း သပ်ကြည့်လိုက်တော့ မေးလ်တွေအကုန် ဟက်ခံထားရတယ်ဆိုတာတွေ့လိုက်တယ် ။ သိပ်တော့ မကြာသေး ပါဘူး ။ ဒါနဲ့ ဘလော့ ၀င်တဲ့ မေလ်းတွေချက်ချင်းချိန်းပြီး ဖေ့ဘုတ်ကိုလည်း recover လုပ် မေးလ်ချိန်း ပြန်လုပ်လိုက်ပါတယ် ။ ရွာထဲကိုပြန်ကြည့်တော့ နောက်ကျသွားပါပြီ ။ www.thettantvillage.com ကို ၀င်တဲ့ founder အကောင့်ဖြစ်တဲ့ thettantchocho@gmail.com နဲ့ဝင်မရတော့ပါဘူး ။ ဒီတော့ ရွာရဲ့အခြေ အနေလည်း သိပ်မကောင်းပါဘူး ။ အဲဒီဟက်ကာနဲ့လိုင်းပေါ်က အကောင့်တစ်ခုမှာတွေ့လို့စကားပြောကြည့်တော့ ဧဒင်ကို နဲ့သက် တန့်ကို ပစ်မှတ်ထားတယ်လို့သိရပါတယ် ။

အော်..ဘယ်အငြိုးတွေပါလိမ့်ကွယ် ။ ကောင်းရောင်းကောင်းဝယ်လုပ်စားနေတာပါ ။ ငါ့နှယ် အခုတလော ကံများဆိုးလေရော့သလား ။

www.moba4all.org မှာတော့ အချိန်မှီ ပြန်လုပ်နိုင်ပါတယ် ။ www.edinooyin.com က ကျနော့်အကောင့်ကတော့ပါသွားပါပြီ ။ နည်းပညာကို အသုံးပြုပြီး Cyber crime ကျူးလွန်တယ်လို့ သတ်မှတ်ပါတယ် ။

ဘာပဲဖြစ်ဖြစ် လတ်တလော ကျွန်တော် ဘယ် ဂျီတော့အကောင့်တွင်မှ မရှိပါ ကြောင်းဝမ်းနည်းစွာ အသိပေး အပ်ပါ တယ် ။


(မှတ်ချက် ။ ။ ဘလော့တင်လို့ရတာတောင်အချိန်မှီ အဟက်ခံရတဲ့မေလ်းတွေပြန်ထုတ်ပြီး အသစ်တွေပြန် ထည့်ထား လို့ဖြစ်ပါတယ် ။ )

သိရသလောက်ကျွန်တော့်ကို ဟက်သွားတဲ့မေလ်းတွေက pyth0nkill3r@gmail.com , rat3ace@gmail.com , rootcreat0r@gamil.com တွေဖြစ်တယ်လို့ သတင်းရပါတယ် ။ ဒါကလည်း သူများတွေပြောပြတာပါ ကျွန်တော်ဧဒင်ကိုဝင်ကြည့်တော့ ကျွန်တော့် ပရိုဖိုင်းမေလ်းက rat3ace@gmail.com ဖြစ်နေပါတယ် ။ ပါ့စ၀ပ်ကတော့မသိပါဘူး ။ ပြန်လည်းချိန်းလို့မရပါဘူး ။


ဝမ်းနည်းစွာဖြင့်

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

15 comments:

  1. “စိတ်မကောင်းပါ” ဆိုသည့် စကားမှလွဲလို့ ဘာမှအကူညီမပေးတတ်ပါ..။

    လွန်ခဲ့တဲ့ ၁ပတ်က အမရဲ့ Email လည်း ဟပ်ခံရပါတယ်။
    အမရဲ့ Email ထဲမှာ ဟပ်သူ စိတ်ဝင်စားစရာ ဘာမှမတွေ့တဲ့အတွက် အခုချိန်ထိ သုံးလို့ရနေပါတယ်။

    အကောင်းဆုံးကတော့ Email တစ်ခု အမြန်ဆုံးဖွင့်ပြီး သူငယ်ချင်းများနဲ့ ပြန်လည်ဆက်သွယ်ပါလို့ အကြံပေးပါရစေ။

    ReplyDelete
  2. စိတ်မကောင်းပါ ကိုသက်တန့် ဘာစိတ်ကူးနဲ့များ သူများ ဒုက္ခရောက်အောင် လုပ်လည်း မသိဘူး ကော်နက်ရှင် ကြောင့် ဒုက္ခရောက် ရတဲ့ အထဲ ဒီလိုမျိုးဖြစ်သွားရင် ပြီးပါလေရော

    ရွှေစင်ဦး

    ReplyDelete
  3. အာ..စိတ်မကောင်းစရာပဲ.ကိုသက်တန့်ရေ..

    ဘာမှလဲမကူညီတတ်ဘူး
    သြော်လူတွေ..ဆိုးလိုက်ကြတာနော်.

    ReplyDelete
  4. ဘယ်အငြိုးနဲ့ ခိုးလေ သလဲကွယ်... ။ အဲဒီတော့ ရတဲ့ နေရာတွေကနေ အလုပ်နဲ့ ပတ်သက်တဲ့ အရေးကြီး လူ တွေကို မေးအသစ်ဖွင့်ပြီး အကျိုးအကြောင်းပြောထားသင့်တယ် ထင်တာပဲ။ ကိုယ့်အယောင်ဆောင်ပြီး မဟုတ်မဟတ် လုပ်ရင်ဒွတ်ခ။


    ကျွန်တော်တို့ကို လာဟတ်ရင်လည်း ထိုင်ကြည့်ရမှာပဲ ...ကျွန်တော်လည်း ဘာမှ မသိဘူးဗျာ။

    ReplyDelete
  5. သူကြီး သူတို့က ဘာလို့များ ကောင်းကောင်းမွန်မွန်နေတဲ့လူတွေရဲ့ မေးလ်တွေလိုက်ဟက်နေကြတာလဲ၊၊ ခုဟာက သူများကိုယ်ရေးကိုယ်တာတွေပါ စွတ်ဖက်လာတာပဲ၊၊ BGH က မလိုတဲ့ အပိုအလုပ်တွေ လိုက်လုပ်နေတယ်၊၊

    ReplyDelete
  6. သက်တန့်ချို ဘယ်လိုဖြစ်ရတာလဲ။ စိတ်မကောင်းလိုက်တာ။ ဒါဆိုရင် g-mail ဖေါက်ခံရရင် ဘလော့ဂ်ကို ၀င်လို့ရသေးလား။ အဖြူရောင် နတ်သမီး အကြံပြုတာကိုပဲ ထပ်ဆင့်အကြံပြုပါတယ်။

    ReplyDelete
  7. အကို သက်တန့်ချို ခင်မျာ

    https://www.google.com/accounts/recovery/knowledgetest?kt=2sv_both&hl=en

    ကနေသွားပါ လိုအပ်တဲ့ အချက်အလက်တွေဖြည့်လိုက်ပါ

    ပြီးရင် google developer များဆီ မေးပို့ပါ ဖြစ်ကြောင်းကုန်စင် ကို

    ပြန် ရဖို့ ၅၀၊ ၅၀ ရှိပါတယ်။ ကျနော့ အကောင့်ပါသွားတုန်းကတော့ ဒီလိုပဲလုပ်လိုက်တာပဲ အချက်အလက်တွေအမှန်တိုင်းဖြည့်နိုင်မယ် (သို့) အနီးကပ်အသေချာဆုံးဖြည့်နိုင်မယ်ဆိုရင်တော့ gmail က အကို မေးအကောင့်ကိုပြန်ပေးပါလိမ့်မယ်၊ ကိုမျိုး ဥယျာဉ်မှူးနဲ့လည်းတိုင်ပင်ကြည့်ပါအုံးနော် ။

    ReplyDelete
  8. စိတ်မကောင်းစွာ ဖတ်သွားပါတယ် အကိုတော်။။။။။

    ReplyDelete
  9. သင်ခန်းစာယူစရာပါပဲ.... နောက်တခါအဟပ်မခံရအောင် ကာကွယ်ရုံပဲလေ....
    စိတ်မပျက်ပါနဲ့ ....အားပေးနေပါတယ်... :)

    ReplyDelete
  10. ရှင်မွှေးကြူJuly 31, 2011 at 9:07 PM

    စိတ်မကောင်းလိုက်တာသက်တန့်ရယ်

    ReplyDelete
  11. snwchitthu88@gmail.comMarch 19, 2012 at 5:32 PM

    ဟင်သွားပါပြီကိုသက်တန့်ရယ်သူများကအခုမှ
    အကောင့်အပ်ထားပါတယ်ဆိုမရတော့ဘူးပေါ့
    စိတ်မကောင်းလိုက်တာဝမ်းနည်းတယ်တအားပဲ

    ReplyDelete
  12. အကိုအကောင့်တွေပါသွားတာစိတ်မကောင်းပါဘူးဗျာကျွန်တော်
    အဲ့ဒီလိုဖြစ်ဖူးပါတယ်ဒီအကောင်တွေတော်တော်ရိုင်းတယ်ဗျာ
    သူတို့လဲအဲ့လိုပြန်ဖြစ်မှာပါအကိုဆိုဒ်မှာကျွန်တော်ဆိုဒ်လေးကို
    ထည့်ထားပေးနိုင်မလာအကိုကျွန်တော်ဆိုဒ်လိပ်စာက

    ngwezawtun.multiplt.com

    ကိုအကိုဆိုဒ်ထဲမှာထည့်ပေးထားနိုင်ရင်ထည့်ပေးတားပေးပါ
    ဗဟုသုတတွေအစုံအလင်ပါတဲ့အပြင်ဆော့ဝဲလ်တွေလဲအစုံပါတယ်အကို

    ReplyDelete
  13. ခံရပြီးပါပြီ။ဘာမှမရှိတဲ့ကျွန်တော့်ရဲံ့မေးလ်ကိုလုပ်သွားတယ်ဗျား။လိုင်းပေါ်က
    ပညာရှင်လေးတွေဝိုင်းဝန်းကာမှိုင်းမကူညီတော်မူကြပေလို့ပေါ့။ကိုယ်ချင်းရော
    ခေါင်းခြင်းနဲ့လက်ချောင်းခြင်းစာနာပါတယ်

    ReplyDelete
  14. ကြားရတာတကယ်​စိတ်​မ​ကောင်ြး​ဖစ်​မိပါတယ်​အကို

    လူ​တွေကလည်း​တော်​​တော်​ဆိုးတာပဲ

    ReplyDelete