Saturday, July 23, 2011

ဆရာဦးခင်မောင်ဝင်း(အသည်း) နှင့် အတူဒိုက်ဦးမြို့နယ် Medical Tour

ပါမောက္ခ ဦးခင်မောင်ဝင်း (အသည်းအထူးကု ) ဦးဆောင်သော ဒိုက်ဦးမြို့နယ် အခမဲ့ ဆေးကုသရေးနှင့် ပြည့်သူ့ဘ၀လေ့လာရေး ခရီးစဉ်ပုံရိပ်များ

၂၀၁၁ ခုနှစ် ဂျူလိုင်လ ၁၉ ရက် အာဇာနည်နေ့ ။ မနက် ၃ နာရီခွဲခန့်မှာပင် မိုးက တဖြည်းဖြည်းနှင့် ဖွဲဖွဲလေး ရွာကျနေလေ ၏ ။ ဒီနေ့ခရီးစဉ်ရဲ့ စုရပ်က လမ်း၃၀ ဆေးခန်း မနက် ငါးနာရီ ဖြစ်တဲ့အတွက် အိမ်ကနေ မနက် ၃ နာရီခွဲ မှာ ထခဲ့ပါတယ် ။ လူက အိပ်ချင်မူးတူးနဲ့ ကားအမြန်ငှားပြီးလစ်ခဲ့ရတယ် ။ လမ်းတလျှောက်မှာ မိုးလေးတ ဖွဲဖွဲ နဲ့ ။ ငါးနာရီမထိုးခင်မှာ စုရပ်ကိုရောက်ရှိပြီး ကိုယ့် ဆီက အဖွဲ့သားတွေက ကြိုရောက်နှင့်လို့နေကြပါပြီ ။ မနက် ငါး နာရီခွဲကျော်ကျော်လောက်မှာ စုရပ်ကနေစတင်ထွက်ရှိခဲ့ပါတယ် ။ ဆေးကုမ္ပဏီတွေနဲ့ MRTV-4 က တစ်စီး ၊ ဆရာ ကြီးတွေက တစ်စီး ၊ တေးဂီတနဲ့ မီဒီယာတွေက တစ်စီး လမ်း၃၀ အဖွဲ့ သားတွေဟာလည်း အကျီင်္ အ၀ါလေးတွေ ဆင် တူနဲ့ Express ကားအသီးသီးမှာ နေရာယူပြီး ပျော်ရွှင်စွာ ထွက်ခွာခဲ့ကြပါတယ် ။



လှည်းကူးကျော်လာတော့ လမ်းတလျှောက်လယ်ကွင်းတွေနဲ့ ရိုးပြတ်တွေ ရေ ၀ပ်နေတဲ့ ရေကန် သင်းတွေ နဲ့ ကျေးလက် ရဲ့ ရနံ့ တချို့ကို ပြန်လည်ခံစားမိတယ် ။



ကားပေါ်မှာ ရိုက်ထားတဲ့ပုံဖြစ်ပါတယ် ။း) ၀ါသနာ ၀ါသနာ :P



ပဲခူးမရောက်ခင်မှာပဲ ကျန်းမာရေးဆိုပြီး ခဏ နားပေး ပါတယ် ။ ၀ါသနာအရ ကားအောက်ဆင်းပြီး ဓါတ်ပုံရိုက်ခဲ့ပါသေးတယ် ။ ဒီလိုနဲ့ ခရီးဆက်ခဲ့ကြတာ မနက် ၉ ခွဲကျော်ကျော် ၁၀ နာရီလောက်မှာ ဒိုက်ဦးမြို့နယ် ကိုရောက်ခဲ့ပါတယ် ။ နေရာကတော့ ဧက ၁၀၀၀ ပိုင်ရှင် စေတနာရှင်တစ်ဦးရဲ့ company မှာဖြစ်ပါတယ် ။



စေတနာရှင်မိသားစုကနေပြီး အစားအသောက်နဲ့ ဧည့်ခံနေခြင်းဖြစ်ပါတယ် ။



မနက်စာကို လူတစ်ယောက်လျှင် အိုးဘဲဥ တစ်လုံးစီ နှင့်မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ ၊ ပုဇွန်ကြော် ၊ ငါးရံ့ခြောက် ဖုတ် စသည်တို့နဲ့ မနက်စာအဖြစ်ဧည့်ခံခဲ့ပါတယ် ။ အရမ်းစားလို့ ကောင်းတဲ့မနက်စာဖြစ်ပါတယ် ။ ကိုယ်ကပဲ ဗိုက်ဆာနေလို့လားမသိပါဘူ ။



ဆေးခန်းပြဖို့ စောင့်ဆိုင်းနေတဲ့ ဒိုက်ဦးမြို့နယ်ပရိတ်သတ်တွေဖြစ်ပါတယ် ။



တချို့ကလည်း ဆိုင်ကယ်တွေ နဲ့ တချို့ကလည်း ဆိုက်ကားတွေနဲ့ မိုးဖွဲဖွဲမှာ ဇွဲကောင်းကောင်းနဲ့ စောင့်ဆိုင်းနေကြတယ် ။




ဆရာဦးကိုကိုလည်း သူတာဝန်ကျရာ အခန်းလေးထဲက နေ ကျွန်တော့်ကို စကားလှမ်းပြောနေခြင်းဖြစ်ပါတယ် ။ လူနာတွေ များပြားလှတဲ့အတွက် ဆေးကုသနေတဲ့ပုံတွေတော့ မရိုက်ဖြစ်ခဲ့ပါဘူး ။ ဆီးချိုအထူးကု ၊ သားဖွား မီးယပ် ၊ သွား ၊ အထွေထွေ အထူးကု စသဖြင့် အထူးကုဆရာဝန်ကြီးတွေပါဝင်တဲ့ အခမဲ့ဆေးကုသရေးအဖွဲ့ရာ လူနာ အများ အပြားကို စေတနာအပြည့်နဲ့ ကြည့်ရှုကုသပေးခဲ့ပါတယ် ။



ဒါကတော့ မော်ဒယ် သန္တာလှိုင်တို့ မိသားစုဖြစ်ပါတယ် ။ အနီးကို သွားရိုက်ရမှာ လူတွေမတိုးချင်တဲ့အတွက် အဝေးကနေ ပဲ ရိုက်ခဲ့ပါတယ် ။ သန္တာလှိုင်ရဲ့ကလေးလေး ၂ ဦးက အရမ်းကိုချစ်ဖို့ကောင်းပါတယ်း)



ဆရာကြီး ဦးခင်မောင်ဝင်းနဲ့အတူ တစ်ဝိုင်းတည်းစားနေတဲ့ သန္တာလှိုင်တို့မိသားစုဖြစ်ပါတယ် ။ နောက်ကျောပေး ထားတဲ့ အင်္ကျီအမည်းနဲ့က သန္တာလှိုင်ဖြစ်ပါတယ် ။ ဘေးက သူ့ကလေး ၂ယောက်နဲ့ ခင်ပွန်းသည် ဖြစ်ပါတယ် ။



ဆေးကုသဖို့ နေရာယူစောင့်ဆိုင်းနေတဲ့ ဒိုက်ဦးမြို့နယ်သူ မြို့နယ်သားများဖြစ်ပါတယ် ။



လမ်း၃၀ ဆေးခန်းမှ နာ့စ်များနှင့်အကူများ ဆေးပေးဝေရေးအတွက် နေရာချနေခြင်းဖြစ်ပါတယ် ။



ဆရာကြီး ဦးခင်မောင်ဝင်း(အသည်း) ကို ကြိုဆိုထားတဲ့ဆိုင်းဘုတ်ဖြစ်ပါတယ် ။ ဒီလိုနဲ့ကျွန်တော်တို့လည်း လူများ လာ တာနဲ့ ဆေးကုတဲ့ တိုက်ကြီးဘေးမှာ ပြုလုပ်ထားတဲ့ စတိတ်ရှိုးဆီကိုထွက်ခဲ့ပါတယ် ။ ( ဆရာကြီးတွေမှာ assistant doctor လေးတွေ ပါလာတဲ့အတွက် ၀င်တော့မကူဖြစ်ခဲ့ပါဘူး ) အဲဒီမှာ Melody world မှာ ဆုရ ထား တဲ့ အဖွဲ့ တွေက လာရောက်ဖျော်ဖြေခဲ့ကြပါတယ် ။



2009 The best of Melody world ဆုရှင် နီနီခင်ဇော်မှ ဖျော်ဖြေနေပုံဖြစ်ပါတယ် ။



အသံကောင်းကောင်းနဲ့ မမောနိုင်မပန်းနိုင် ပရိတ်သတ်ကိုဖျော်ဖြေသွားပါတယ် ။ နောက်ပိုင်း ဆရာဝန်ဖြစ်တဲ့ အခါမှာ လည်း အခုလို နယ်လှည့်အခမဲ့ဆေးကုသပေးချင်ပါကြောင်း ပရိတ်သတ်အတွက်လည်း သီချင်းတွေ အမြဲသီဆို သွားမှာဖြစ်ကြောင်းပြောသွားပါတယ် ။



2009 The best of Melody world ဆုရှင်ရွှေရည် ဖြိုးမောင် မှ သီဆိုဖျော်ဖြေနေပုံဖြစ်ပါတယ် ။ တခြား Melody world အဖွဲ့ သား များလည်း အလှည့်ကိုယ်စီ ဖျော်ဖြေခဲ့ကြပါတယ် ။




၁၂ နာရီလောက်အထိဆေးကုသပြီးတဲ့အခါ ဗိုက်ကတော့ပြန်ဆာနေပါပြီ ။ ဒါပေမယ့် ပြည်သူ့ဘ၀ လေ့လာရေး ခရီးစဉ် အတွက် လှေတွေစီးပြီးသွားရဦးမှာဖြစ်ပါတယ် ။ အခုလို လှေကလေးတွေ ကိုယ်စီနဲ့ ခရီး ဆက်ခဲ့ကြ ရပါ တယ် ။ ဒရယ်မီးချောင်း လို့ခေါ်တွင်ပြီး တကယ့်ကျေးလက် အတိုင်းပါပဲ ။



အော်အော်... ရန်ကုန်က လူတွေကို အားပေးတဲ့ ဒိုက်ဦးမြို့နယ်ကပရိတ်သတ်ကလည်း ကမ်းလုံးကျွတ်ပါပဲခင်ဗျ ။ အားလုံး တန်းစီလို့ သူတို့စိတ်ထဲတော့ ဒီလူတွေ လှေမစီးဖူးလို့များလားလို့ တွေးနေမလားမသိပါဘူး ။ :)



ဒါကတော့ ကျွန်တော်ရှိနေတဲ့လှေကလေးဖြစ်ပါတယ် ။ လူဆယ်ယောက်လောက်ပဲဆန့်ပါတယ် ။



တစ်ဖက်လှေကိုလည်းအခုလို လှမ်းမြင်ရပါသေးတယ် ။



လှေကလေးတွေကိုယ်စီနဲ့ ခရီးဆက်ကြမည် ။း)



မိုးကလည်းရွာချလေတော့ ထီးလေးတွေကိုယ်စီနဲ့ အခုလို ဖြစ်သွားရပါတယ် ။



ကဲ အိုက်တင်ခံမယ် ဟိဟိ (ပဲများနေတာ ) လှေကို မကွေ့ခင် မိုးလေကင်းလွတ်တဲ့ တံတားအောက်မှာ ဖျက်ကနဲ တစ်ပုံရိုက်လိုက်သေးတယ် :P



မြင်ကွင်းက လှတောင်လှသေးရဲ့ ။




ပြည်သူ့ဘ၀လေ့လာရေးဆိုတဲ့အတိုင်း အပစ်ပြောစရာအချက်ကလေးတွေ အမြင် မတော်တာလေးတွေ တွေ့ခဲ့ ရသေး တယ် ။ ချောင်းဖက်ကို အိမ်သာ ပိုက်တွေ ချထားတဲ့ကိစ္စပေါ့ ။ တစ်ဖက်မှာကလေးတွေက ဒိုင်ဗင် ထိုးနေကြတယ် ။ တစ်ဖက်မှာ အိမ်သာလေးတွေက တန်းစီလို့ ချောင်းထဲမှာ ပိုက်လေးတွေတန်းလန်းနဲ့ ။ နိုင်ငံခြား သားတွေ မြင်ရင်ကိုယ့်နိုင်ငံကို အထင်သေးစရာပါပဲ ။ ဒါလေးတွေတော့ ကျန်းမာရေးရှုထောင့် ကနေပဲကြည့်ကြည့် ပြင်ဆင်သင့်ပြီး အမြင်မတော်ဘူးလို့ ပြောချင်ပါတယ်ခင်ဗျ ။



ကောင်းကင်က အရမ်းကိုအုံ့မှိုင်းမဲညို့လာပါတယ် ။ မကြာခင်ပဲ မိုးက သည်းသည်း မည်းမည်းရွာ ချလာပါတော့ တယ် ။ မိုးရွာလာတော့ လှေပေါ်မှာ ဓါတ်ပုံလည်းဆက်ရိုက်လို့မရတော့ပါဘူး ။



ကျေးလက်ပြည်သူတွေအနေနဲ့ ကျန်းမာရေးဗဟုသုတတွေပြည့်ဝနေဖို့ ကျွန်တော်တို့မှာ အများကြီးတာဝန် ရှိနေသေး တယ်လို့ ခံစားခဲ့ရတယ် ။



ဒါကတော့ ကျွန်တော်တို့ကို ဧည့်ခံမယ့် Floating Stadium ပါပဲ ။ ရေပေါ်မှာတဲဝိုင်းကြီးတွေထိုးထားတာပါ ။ ကမ်းပေါ်တက်တော့ ရွှံ့တွေပေါ် ဖိနပ်ချွတ်ပြီးတက်ခဲ့ကြရတယ် ။



အထဲမှာတော့ စားပွဲဝိုင်းတွေ နဲ့ဆောင်ဗောက်တွေနဲ့ သေချာ ပြင်ဆင်ထားခဲ့တာပါ ။



ကျွန်တော်တို့ အဖွဲံသားတွေနဲ့အတူဖြစ်ပါတယ် ။



ကြိုဆိုရေးအဖွဲ့ကလည်း အခုလို အားပါးတရ အိုးစည်ဒိုးပတ်တွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ် ။



ဆရာဦးခင်မောင်ဝင်း နှင့်အမှတ်တရ ။


သက်တန့်ချို ၊ကိုပြည့်ဖြိုးအောင် ၊ ဦးခင်မောင်ဝင်း (အသည်း အထူးကု) ၊ မယဉ်ယဉ်မိုး ၊ မမာလာမြင့် ။



ပုဇွန်ထုပ်နဲ့ ငါးကင်တွေ အလျှံပယ်အောင်စားခဲ့ကြရပါတယ် ။



ဘဲကင် ၊ ၀က်သားပေါင်း ၊ တာလပေါဟင်းရည် ၊ ထမင်း ၊ ငါးချဉ်သုပ် စသဖြင့် အမျိုးစုံလင်လှပါတယ် ။



ကျွန်တော်တို့အဖွဲ့ စားသောက်နေပုံဖြစ်ပါတယ် ။ အရိုးတောင်မကျန်ပါဘူး ။ လက်စွမ်းပြပုံက :P



ဒါကတော့ ကျွန်တော်တို့ ဘေးဝိုင်းက Melody world အဖွဲ့ သူအဖွဲ့သားများပဲဖြစ်ပါတယ် ။

အဲဒီမှာ သီချင်းတွေဆိုကြ ပျော်ကြပါးကြနဲ့ ပြည်သူတွေနဲ့အတူ စိတ်လက်တို့ ပေါ့ပါးလန်းဆန်းခဲ့ရပါတယ် ။ အမှတ် တ ရ မမေ့နိုင်စ ရာ ခရီးစဉ်လေးတစ်ခုအဖြစ် ရင်ထဲမှာ အမြဲ ထင်ကျန်နေရစ်မှာဖြစ်ပါတယ် ။

သက်တန့်ချို
19 July 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. ဟုတ်ပါ့ ကိုသက်တန့် ရေ.... မြန်မာပြည်ကမြို့ ရော ကျေးလက်နေလူထုပါကျန်းမာရေးဗဟုသုတတွေအများကြီးလိုအပ်နေပါသေးတယ်.... အုပ်ချုပ်သူအစိုးရရော၊ ပြည်သူလူထုတရပ်လုံးမှာရောတာဝန်ရှိကြတာပါပဲ..................
    အစဉ်အားပေးလျှက်...... :))

    ReplyDelete
  2. ဆွေလေးမွန်July 24, 2011 at 11:23 AM

    ဓာတ်ပုံတွေ ကြည့်ပြီး ပျော်စရာလဲကောင်း
    ပြီးတော့ ပီတိလဲဖြစ်..
    အခုလို လိုက်လုပ်ပေးနိုင်တဲ့ သူတွေကိုလဲ အားကျတယ်.

    ReplyDelete
  3. ကိုထူးဆန်းJuly 24, 2011 at 5:02 PM

    ဆရာကိုသက်တန့်ရေ
    ပျော်စရာလည်းကောင်းကုသိုလ်လည်းရပါတယ်ဗျာ။
    သာဓုလည်းခေါ်လိုက်ပါရဲ့။
    စကားမစပ် ဒီလောက် သွားရ လာရ စားရ နဲ့ဟာ
    ရန်ုကုန်ပြန်ရောက်တော့နောက်တစ်နေ့မှာမပန်းဘူးလား။
    (ခရီးပန်းတာပြောတာနော်၊တစ်မျိုးမထင်ပါနဲ့:P)

    ReplyDelete
  4. ကျေးလက်လူထုတွေအတွက် ဖြည့်ဆည်းပေးကြတဲ့ ကိုသက်တန့်တို့အားလုံးကို လေးစားမိပါတယ်။
    ဆက်လက်ပြီး အကျိုးပြုနိုင်ကြပါစေ။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  5. snwchitthu88@gmail.comMarch 18, 2012 at 7:36 PM

    ကိုသက်တန့်ကခန့်စည်သူနဲ့တူတယ်နော်သူ့ထက်တောင်ပိုချောပါတယ်မဟေသီမပါပုံထောက်ရင်လူပြိုကြိးထင်တယ်နော်အလကားပြောတာကိုသက်တန့်က ကလေးအထူးကုကလား သားဖွားမီးယပ်ကလား အထွေထွေလားအခုလို
    ပြည်သူတွေကိုလိုက်ပြီးကုသပေးတဲ့အတွက်အ
    ရမ်းဂုဏ်ယူဝမ်းသာပါတယ်မနီနီခင်ဇော်ရောပြောပေးပါအားပေးနေမယ့်လို့ပြည်သူ့အကျိုးကိုဒီထက်မကဆောင်ရွက်နိုင်ပါစေလို့

    ReplyDelete
  6. snwchitthu88@gmail.comMarch 18, 2012 at 7:36 PM

    ကိုသက်တန့်ကခန့်စည်သူနဲ့တူတယ်နော်သူ့ထက်တောင်ပိုချောပါတယ်မဟေသီမပါပုံထောက်ရင်လူပြိုကြိးထင်တယ်နော်အလကားပြောတာကိုသက်တန့်က ကလေးအထူးကုကလား သားဖွားမီးယပ်ကလား အထွေထွေလားအခုလို
    ပြည်သူတွေကိုလိုက်ပြီးကုသပေးတဲ့အတွက်အ
    ရမ်းဂုဏ်ယူဝမ်းသာပါတယ်မနီနီခင်ဇော်ရောပြောပေးပါအားပေးနေမယ့်လို့ပြည်သူ့အကျိုးကိုဒီထက်မကဆောင်ရွက်နိုင်ပါစေလို့

    ReplyDelete
  7. မောင်သက်တန့်ခရီးထွက်လိုက်စာရေးလိုက်ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်လိုက်နဲ့နားချိန်ရောရှိသေးရဲ့လားခင်တဲ့အန်တီလေး

    ReplyDelete