Sunday, May 13, 2012

အမေနေ့ အမှတ်တရ အတွေးစုများ - ၁၃.၅.၂၀၁၂

အမေနေ့ အမှတ်တရ အတွေးစုများ - ၁၃.၅.၂၀၁၂





ဒီနေ့ မနက်ကတည်းက အမေနေ့ အတွက် တစ်ခုခုရေးမယ်လို့ စဉ်းစားထားပေမယ့် မရေးဖြစ်ခဲ့ဘူး ။ အခုမှ ကွန်နက်ရှင်လေးရတုန်း အမေနေ့အတွက် တွေးမိတာလေးတွေ ရေးတင်ပေးလိုက်ပါတယ်။

၁ ။ သားသမီးတွေဟာ အချိန်တန်လူလားမြောက် အတောင်အလက်တွေစုံလင်ရင် အမေ့ရင်ခွင် စုံကန်ပြီး ထွက် သွားကြပေမယ့် ရင်မနာနိုင်ပဲ သားသမီးအတွက် ခလုတ်မထိဆူးမညိပါစေနဲ့ ဆုတောင်းပေးသူဟာ အမေပါ ။

၂ ။ ဖ၀ါးလက်နှစ်လုံးပခုံးလက်နှစ်သစ်အရွယ်ကတည်းက ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့ပေမယ့် အိုမင်းသွား တဲ့အ ခါ ငါ့ကိုပြန်ပြီး ကျွေးမွေးပြုစုစောင့်ရှောက်ကြပါလို့ မပြောရက်သူဟာ အမေပါ ။

၃ ။ လိမ္မာတဲ့ သားသမီးတွေထက် ဆိုးမိုက်တဲ့သားသမီးတွေကိုပိုချစ်တယ်ဆိုတာ တကယ်တော့မှားယွင်းပါတယ် ။ သားသမီးအပေါ်အမေထားတဲ့မေတ္တာဟာ ဘယ်သူ့ကိုပိုတယ် ဘယ်သူ့ကိုလိုတယ်ဆိုတာမရှိပါဘူး ။ ဒါပေမယ့် လိမ္မာတဲ့ သားသမီးက လူ့လောကမှာဖြတ်သန်းဖို့ စိတ်ချရပေမယ့် ဆိုးသွမ်းတဲ့ သားသမီး ဘေးမ သီရန်မခ ရအောင် စိုးရိမ်ပူပန်ပေးသူကတော့အမေပါပဲ ။

၎ ။ သားမိုက်သောက်ဖို့အတွက် အရက်ငါးဆယ်ဖိုး ပဲပြုတ်သုတ်ကလေးနဲ့ အမြဲစီမံပေးတတ်ပြီး သားမိုက်မူး ရူးအိပ်ပျော် သွားတဲ့အခါ “ လူကလေးရဲ့အိပ်ချိန်တန်ဗျိုင်းရှေ့ကပြန် ” ဆိုပြီး ချော့သိပ်ပေးတတ်သူဟာလည်း အမေပါ ။

၅ ။ သားသမီးတွေက သာ အမေ့လက်ကို လွှတ်ချခဲ့ကြပြီး တနယ်တကျေး အိမ်ထောင်ရပ်သားကျ ထွက်ခွာ သွားတတ်ကြပေမယ့် အမေကတော့ သားသမီးတွေလက်ကို ဘယ်တော့မှလွှတ်မချဘူး ။

၆ ။ မီးတွင်းထဲမှာ ဆရာဝန်ကမေးတယ် ။ “ မိခင်အသက်နဲ့ကလေးအသက်ဘယ်ဟာယူမလဲ ” ဆိုတဲ့အခါ “ သားလေးအသက်ကိုပဲ ကယ်ပေးပါ ” ဆိုပြီး ကိုယ့်ကိုယ်ကို အသေခံ လို့ မေတ္တာကြီးမားတတတ်သူဟာ အမေပါ ။

၇ ။ ဘယ်လောက်ပဲ စော်ကားစော်ကား မျက်ရည်လေးဝဲလို့ အဆုံးထိ ခွင့်လွှတ်ခြင်းတရားကို ထားရှိနိုင်သူဟာ အမေပါ ။

၈ ။ သားသမီးတွေက ဂုဏ်သရေရှိ လူကြီးလူကောင်းတွေဖြစ် အမေကတော့ဆင်းရဲတွင်းထဲနစ်လို့ - - လမ်းမှာတွေ့ ရင် သားသမီးသိက္ခာ ကျမှာစိုးလို့ သားရေ သမီးရေ လို့မခေါ်ရဲ မျက်ရည်ဝဲ အံကိုကြိတ် တိတ်တိတ် ဆိတ်ဆိတ် ခေါင်းငုံ့နေခဲ့သူဟာ အမေပါ ။

၉ ။ ဘယ်လောက်ကြီးပဲ တစ်နေကုန် ဆင်းရဲ ပင်ပန်းကြီးစွာ ချွေးဒီးဒီကျ ပင်ပန်းနေပေမယ့်လည်း အိပ်ပြန်ရောက် လို့ သားသမီးငယ်ရဲ့ တွတ်တီးတွတ်တာ စကားသံလေးကြားရင် အမောပြေလို့ အပြုံးတွေဝေတတ်သူဟာ အမေပါ ။

၁၀ ။ လိုအပ်ရင်သားသမီးအတွက် မျက်လုံး ၊ ကျောက်ကပ် ၊ အသည်း စတဲ့ကိုယ်တွင်းကလီစာတွေသာမက သား သမီးကောင်းစားဖို့အရေး အသက်ကိုပါ ပေးမှဖြစ်မယ်ဆိုရင် နောက်မဆုတ်ပဲ ပေးဆပ်ဝံ့သူဟာ အမေပါ ။

သားသမီးများအားလုံး အမေနေ့မှာသာမကပဲ ကျန်တဲ့နေ့ရက်တွေအ ကုန်လုံးရဲ့ နေ့ရက်တိုင်း မိနစ်တိုင်း စက္ကန့်တိုင်း မှာလည်း အမေ့ ကို မစော်ကားမိကြပါစေနဲ့ ။ အမေဟာ ကျွန်တော်တို့ကို ရွေးချယ်ခဲ့တာမဟုတ်သလို ကျွန်တော်တို့ကလည်းအမေ့ကိုရွေးချယ်ခဲ့ကြတာမဟုတ်ဘူး ။ သားအမိ သမီးအမိဆိုတဲ့ တော်စပ်ဖို့ ကံတရား ပါလာကြလို့သာ သံယောဇဉ်ကြိုးကြီးမားစွာနဲ့ အမေ့ကို ပိုင်ဆိုင်ခွင့်ရခြင်းဖြစ်တယ် ။

အသက်ရှိစဉ်မှာ အမေ့ကို နွေးထွေးစွာဆက်ဆံကြပါ ။ အမေလိုချင်တာ သင့်ရဲ့ ငွေကြေးမဟုတ်ဘူး သင့်ရဲ့ ရာထူးမ ဟုတ်ဘူး သင်ဝယ်ပေးတဲ့ ရုပ်မြင်သံကြားစက် မဟုတ်ဘူး ။ အမေလိုချင်တာ သင့်ရဲ့နွေးထွေးတဲ့ သားသမီးပီ သတဲ့ အပြုအမူလေးတစ်ခုပါပဲ ။ သင်ပေးတဲ့ ငွေးတစ်သိန်းထက် အမေ့ကိုသား ချစ်တယ်ဆို တဲ့စကားလေးနဲ့ ရင်ခွင်ကိုခေါင်းဝှေ့ကြည့်ကြစမ်းပါ ။အမေ ဘယ်လောက်ပျော်မြူးနေရှာမလဲ ။ ။

အသက်သေသွားမှ ငိုယို လို့ တမ်းတပြီး ပန်းစည်းတွေ သွားထားနေမယ့်အစား အသက်ရှိစဉ်မှာ အမေ့ ကို ခြေဆုပ်လက်နယ်ပြုစုလို့ အမေ့ကို ချော့သိပ်ဖို့ ကြိုးစားကြပါ ။ အမေစားချင်တဲ့အရာလေးတွေ ကျွေးလို့ အမေသွားချင်တဲ့နေရာလေးတွေပို့ပေးကြပါ ။ အမေငိုခဲ့ရတဲ့ မျက်ရည်တွေကို သားသမီးရဲ့ အပြုံးတစ်ပွင့်နဲ့ ပယ်ဖျက်ပေးနိုင်အောင်ကြိုးစားကြပါတယ် ။ ။

(သားသမီးများအားလုံးကိုယ်စား - - - )

သက်တန့်ချို
May 13-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

9 comments:

  1. ဖတ်ခဲ့ပါတယ်ဆရာ.. ကျေးဇူးတင်ပါတယ်
    အမေများအားလုံးကျန်းမာကြပါစေ

    ReplyDelete
  2. အမေ့သားတစ်ယောက် ဖတ်သွားတယ်နော်။ ကျွန်တော့်ဘလော့ကိုလဲလာလည်ပါအုန်း www.wisdomlife7.blogspot.com ပါ ။

    ReplyDelete
  3. သမီးထဲက သမီးတစ်ယောက် အမေများအတွက် ဖတ်သွားတယ်။ မှတ်သွားတယ်။ ကိုသက်တန့်ကိုလည်း ကျေးဇူးတင်တယ်။
    သတိရှိနေပေမဲ့ သတိထပ်ပေးသလို ဖြစ်ခဲ့လို့ပေါ့။


    ခင်မင်တဲ့
    အလွမ်း

    ReplyDelete
  4. အမေများထဲမှအမေများကိုယ်စားလာရောက်ဖတ်သွားပါ
    တယ်မောင်သက်တန့်ကိုကျေးဇူးတင်ပါတယ်ခင်တဲ့အန်တီလေး

    ReplyDelete
  5. ကိုသက်တန့်ရေမနေ့ကအမေနေ့ဆိုတာကိုတကယ်မသိခဲ့ဘူးအမေနေ့ကိုညီမကပြာသိုလ်လပြည့်နေ့ကိုပဲမှတ်နေတာကိုသက်တန့်စာဖတ်လိုက်ရမှပဲသိတော့တယ်ကျေးဇူးတင်ပါတယ်နော်

    ReplyDelete
  6. ကိုသက်တန့်ရေအမေနေ့စာတွေကိုဖတ်သွားတယ်နော်
    ကျေးဇူးတင်ပါတယ်အမေနေ့ကိုမေ့နေတဲ့သူတွေလည်းဒီ
    စာလေးနဲ့ပဲသတိရစေတယ်လေအဝေးရောက်နေသောအမေအတွက်ဒီကပဲဂါရ၀ပြုလျက်ချစ်သမီး

    ReplyDelete
  7. ကျေးဇူးတင်ပါတယ်။

    ReplyDelete