Wednesday, May 16, 2012

နားရွက်မပါသောကလေးငယ်

နားရွက်မပါသောကလေးငယ်



“ ကျွန်မကလေးကိုကြည့်လို့ရမလားဟင် ” ပျော်ရွှင်နေတဲ့ မိခင်ကမေးတယ် ။ ကလေးကို ပတ်ထားတဲ့အနှီး ထုပ်ကို သူမလက်ထဲ လွှဲပြောင်းယူလိုက်ပြီး ကလေးငယ်ရဲ့မျက်နှာကို ကြည့်ဖို့ အနှီးစကိုဖယ်လိုက်တယ် ။ “ အို ... ” သူမ ထိတ်လန့်အံ့သြသွားခဲ့တယ် ။ ဆရာဝန်က အနောက်ကို လှည့် လိုက်ပြီး ဆေးရုံပြ တင်းတံခါး ကို ငေးကြည့်နေခဲ့တယ် ။ကလေးငယ်လေးဟာ နားရွက်မပါပဲ မွေးဖွားလာခဲ့ရတယ် ။

အချိန်တွေက သက်သေပြလိုက်တာကတော့ ကလေးငယ်လေးဟာ အားလုံး ကို ကောင်းကောင်းကြားနိုင် စွမ်းရှိခဲ့တယ် ။ ရုပ်ဆိုးနေတဲ့တစ်ခုတည်းသောအရာကတော့ နားရွက်မပါ လာတာပါပဲ ။

တစ်နေ့မှာ သူကျောင်းက အိမ်ကိုပြန်လာတဲ့အခါ မိခင်က သားငယ်ကို ထွေးပွေ့ကြိုတယ် ။ ကောင်လေးက မိခင်လက်ကို တွန်းထုတ်ခဲ့တယ် ။ မိခင်ဖြစ်သူက သက်ပျင်းချလိုက်ပြီး သားငယ်ရဲ့ နှလုံးသားမှာ ဒါဏ်ရာဒါဏ်ချက်တွေရှိနေပြီဆိုတာ သိလိုက်ရတယ် ။

ကောင်လေးက ကံဆိုးမိုးမှောင်ကျနေသလို ရှေ့နောက်မစဉ်းစားပဲ ပြောလိုက်တယ် ။ “ လူထူးဆန်း လူထူးဆန်း ကျွန်တော့်ကို အကုန်လုံး ငကြောင်တစ်ကောင်လို သရဲတစ်ကောင်လို လူထူးဆန်းလိုလို ခေါ်ကြတယ် ”

------------------------------------------------------------------------

ကောင်လေးတဖြည်းဖြည်း အရွယ်ရောက်လာပါပြီ ။ ချို့ယွင်းချက်လေး တစ်ခုကလွဲ လို့ ယောင်္ကျား ပီပီသသ နဲ့ကြည့်ကောင်းတဲ့ လူတစ်ယောက်ဖြစ်ခဲ့တယ် ။ အတန်းထဲမှာ ကျောင်းသားခေါင်းဆောင်ဖြစ်နိုင်ပေမယ့် ချို့ယွင်းချက်ကြောင့်မဖြစ်ခဲ့ရဘူး ။ အရွယ်ရောက်လာ တဲ့ကောင်လေးဟာ ဂီတနဲံစာပေကို ၀ါသနာပါခဲ့တယ် ။ “ သား မင်းတခြားလူတွေနဲ့ ရောရောနောနှောနေရမယ်လေ ” လို့ မိခင်က သူ့ကို အားပေးစကားပြောတယ် ။ မိခင်ရဲ့ ရင်ထဲမှာတော့ သားငယ်အတွက် စိတ်မကောင်းခြင်းများစွာနဲ့ပေါ့ ။

ကောင်လေးရဲ့ဖခင်က မိသားစု ဆရာဝန်နဲ့တိုင်ပင်ခဲ့တယ် ။ “ ဆရာ - - ကျွန်တော်တို့ သားကို ဘာမှ မလုပ်ပေးနိုင်ဘူးလား ” “ ကျွန်တော်ယုံကြည်ပါတယ် ရနိုင်မယ်ဆိုရင် သူ့အတွက်အဆင်ပြေမယ်ဆိုရင် အပြင်နား တစ်စုံနဲ့အစားထိုးပေးနိုင်ပါတယ် ” ဆရာဝန်က ဆုံးဖြတ်ခဲ့တယ် ။

ဒီလိုနဲ့ကောင်လေးရဲ့ လစ်ဟာနေတဲ့ နားရွက်နေရာမှာ အစားထိုးဖို့ နားရွက်အဆုံးခံနိုင်တဲ့လူတစ်ဦးကို စတင်ရှာဖွေခဲ့ကြတယ် ။

နှစ်နှစ်ခန့်ကြာပြီးနောက် - - - -

“ သား မင်းဆေးရုံကိုသွားရမယ် အဖေနဲ့အမေက သားအတွက် နားရွက်လှူမယ့်လူတစ်ယောက် ရှာတွေ့ပြီ ဒါပေမယ့် ဒါဟာ လှို့ဝှက်ချက်ပဲ ” လို့ ဖခင်ကပြောတယ် ။

ခွဲစိတ်ကုသမှုက ၁၀၀ ရာခိုင်နှုန်းအောင်မြင်ခဲ့တယ် ။ ပြီးတော့ ချောမောခန့်ညားတဲ့လူသစ်တစ်ယောက် ထွက်ပေါ် လာခဲ့တယ် ။ သူ့ရဲ့ပင်ကိုယ်စွမ်းရည်နဲ့ သူ့ရဲ့ပါရမီကြောင့် ကျောင်းမှာလည်း သူဟာ ကျော်ကြားအောင်မြင် လာခဲ့တယ် ။ နောက်ပိုင်းမှာ သူဟာ အိမ်ထောင်ကျပြီး သံတမန်အလုပ်ကို ရခဲ့တယ် ။

“ ဒါပေမယ့် ကျွန်တော်သိရမှဖြစ်မယ် ” ကောင်လေးက သူ့ဖခင်ကိုတောင်းဆိုခဲ့တယ် ။ “ ကျွန်တော့်အတွက် နားရွက်လှူခဲ့တာဘယ်သူလဲ ကျွန်တော် သူ့အတွက် ဘာမှပြန်မလုပ်ပေးရသေးဘူး ”

“ သားပြန်လုပ်ပေးနိုင်မယ်လို့ အဖေမထင်ဘူး ” သူ့ဖခင်ကပြောခဲ့တယ် ။ “ ဒါပေမယ့် အဖေတို့ကတိမှာ သားကို ပေးမသိရဘူးဆိုတာ ပါတယ် မဖြစ်နိုင်ပါဘူး မမေးပါနဲ့ ”

ဒီလိုနဲ့ နှစ်တွေများစွာကြာအောင် ဒါဟာ လှို့ဝှက်ချက်တစ်ခုအနေနဲ့ရှိနေခဲ့တယ် ။ ဒါပေမယ့် ရက်တစ်ရက်ကတော့ရောက်ရှိလာခဲ့ပါပြီ ။ မှောင်မိုက်တဲ့ရက်တွေအားလုံးကောင်လေးက ကြံကြံ့ခံခဲ့တယ် ။ ကောင်လေး ဟာ သူ့ဖခင်နဲ့အတူ သူ့မိခင်ရဲ့ ခေါင်းတလားရှေ့မှာ ရပ်နေခဲ့တယ် ။ ဖခင်က ဖြည်းဖြည်းချင်း ညင်ညင်သာသာလေး လက်ကိုမြှောက်ပြီး ထူထဲပြီးနီညိုရောင်သမ်းနေတဲ့ သူ့ဇနီးသည်ရဲ့ ဆံပင်တွေကို ဖယ်ပြလိုက်တဲ့အခါ ------ နားရွက်တွေ ရှိမနေပါဘူး ။

“ အမေကပြောတယ် သူ့ဆံပင်တွေ ဘယ်တော့မှ မညှပ်တော့ဘူးတဲ့ အဲဒါကို သူဝမ်းသာတယ်တဲ့ ” ကောင်လေး က ဆို့နင့်စွာပြောတယ် ။ “ ပြီးတော့ ဘယ်သူကမှ အမေ့အလှလျော့သွားတယ်လို့ မတွေးခဲ့ကြဘူး .... ” ကောင်လေး ပါးပြင်မှာ မျက်ရည်တွေစီးကျလာပြီး ခေါင်းငိုက်စိုက်ချ ငိုကြွေးခဲ့ပါတော့တယ် ။

@@@@@@@@@@@@@@@@@@@@@@@@@@@

စစ်မှန်တဲ့အလှတရားဆိုတာ ခန္ဓာကိုယ်အသွင်သဏ္ဍာန်ပေါ်မူတည်နေတာမဟုတ်ပါဘူး ။ နှလုံးသား ထဲမှာ တည်ရှိနေတာဖြစ်တယ် ။ ပကတိအသွင်သဏ္ဍာန်တွေက စစ်မှန်တဲ့ တန်ဖိုးဆိုတာကို မပေးနိုင် သလို မြင်လည်းမမြင်နိုင်ဘူး ။ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဟာလည်း အဖြူရောင်မုသားတွေ ရှိကောင်းရှိပေ မယ့် လေးနက်တဲ့ မေတ္တာ အေးချမ်းတဲ့မေတ္တာတရားဖြစ်တဲ့အတွက် ထာဝစဉ်လှပ တန်ဖိုးရှိနေမှာဖြစ်ပါတယ် ။

သက်တန့်ချို
The baby without ears အား ဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

11 comments:

  1. လာဖတ်သွားပါတယ်ရှင်

    ReplyDelete
  2. မှန်တာပေါ့ သက်တန့်ရေ အဆင်းရူပကာလှဘို့ထက် နှလုံးသားလှဘို့က ပိုအရေးကြီးပါတယ်။ သားသမီးအပေါ်ထားရှိတဲ့ မိခင်တွေရဲ့ မေတ္တာတရား ကြီးမားပုံကတော့ ခိုင်းနှိုင်းစရာ မရှိလောက်အောင်ပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. မိဘမေတ္တာပေါ့ နော် .......... တကယ်စိတ်မကောင်းပါဘူး

    ReplyDelete
  4. ဒါမျိုးလေးတွေရေးပေးလို့ကျေးဇူးတင်ပါတယ်။

    ReplyDelete
  5. ကြိုက်သွားပြီဗျာ

    ReplyDelete
  6. ညီညီ မဂ်လာပါ ။
    ညီညီ မြန်မာနှိင်ငံ အနောက်ပိုင်းတိုင်း ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့
    နယ် ကင်းမြောက်အုတ်စု ပင်လည်နားကျေးရွာ ။
    မိဘ ။ ဦးငဖြူလုံး- ဒေါ်မမသန်း - သား
    ခုထိုင်းမှာကျောင်းတက်နေပါတယ် ။
    TECHNOLOGY In Formation Center ၊၊The Best English
    4 You ... US အဝေးသင်တက်နေပါတယ် ။
    ပြည်ပပြည်တွင်းအမျိုးမျိုးတွေ့ရပါတယ် ကံတရားနှင့်မသက်ဆိုင်တဲ့အဖြစ်ပျက်
    တွေဟာ လူသားတော့အတွက်မထူးဆန်းပေမေ့ယ် အပြစ်တင်လို့မရတဲ့
    ဘ၀တကွေ့မှာ ။

    ReplyDelete
  7. အမြဲအားပေးနေပါတယ်

    ReplyDelete
  8. ဒီပိုစ့်လေးဖတ်ပြီး ရင်ထဲမှာ နင့်ကနဲ........

    ReplyDelete
  9. ကိုသက်တန့် ဘယ်လိုပုံမျိုးလဲ သိချင်ပါတယ်၊ ဓာတ်ပုံရှိရင်၊ ကြည့်ခွင့်ရှိရင်ကြည့်ချင်ပါတယ်။ လေးစားလို့ပါ။

    ReplyDelete