Saturday, May 26, 2012

ငွေကြေးနှင့်အမေ့မေတ္တာ

ငွေကြေးနှင့်အမေ့မေတ္တာ



တစ်နေ့မှာ ကောင်လေးတစ်ယောက်က သူ့အမေညနေစာ ပြင်နေတုန်းမှာ မီးဖိုချောင်ထဲ ၀င်လာခဲ့တယ် ။ ပြီးတော့ သူရေးထားတဲ့ စာရွက်အပိုင်းအစလေးကို သူ့အမေလက်ထဲပေးလိုက်တယ် ။ သူ့မိခင်က ရင်ဘတ်ရှေ့ ဖုံးကို ချွတ်လိုက်ပြီး လက်ဆေးလိုက်တယ် ။ ပြီးတော့ကောင်လေးလက်ထဲကစာရွက်လေးကို ဖတ်လိုက်တယ် ။ စာထဲမှာရေးထားတာက

မြတ်ရိတ်ခ - ၅ ဒေါ်လာ
တစ်ပတ်အတွင်း အိမ်သန့်ရှင်းခ - ၁ ဒေါ်လာ
အမေ့အတွက် စတိုးဆိုင်သွားပေးခ - ၁ ဒေါ်လာ
အမေဈေးဝယ်ထွက်နေချိန် ညီလေးအားထိမ်းပေးခ - ၂ ဒေါ်လာ
အမှိုက်သိမ်းခ- ၂ ဒေါ်လာ
ကျောင်းတွင် အမှတ်တက်လာအောင် ကြိုးစားခ - ၅ ဒေါ်လာ
ခြံဝင်းအတွင်းအပြင်သန့်ရှင်းခ - ၂ ဒေါ်လာ

မိခင်က ကောင်လေးကို မတ်တပ်ရပ်နေရာကနေပြီးလှမ်းကြည့်တယ် ။ ပြီးတော့ ဘောပင်ယူလိုက်ပြီး စာရွက်နောက်ကျောမှာ ပြန်ရေးပေးခဲ့တယ် ။ ပြီးတော့ကောင်လေးကို ပေးဖတ်တယ် ။ စာထဲမှာရေးထားတာက

ကိုးလလုံးလုံး ၀မ်းဗိုက်ထဲ နေပြီး စောင့်ရှောက်ခ - ၀ ဒေါ်လာ
ညတိုင်းလိုလို အတူအိပ်ပြီး စောင့်ရှောက် ဆုတောင်းခ - ၀ ဒေါ်လာ
နှစ်ပေါင်းများစွာ အမေကို ဂျီကျ စိတ်ညစ်မျက်ရည်ကျအောင်လုပ်ခ - ၀ ဒေါ်လာ
သားအတွက် နေ့စဉ် ညစဉ် စိုးရိမ်ပူပန်နေခ - ၀ ဒေါ်လာ
အရုပ်များ ၊ အစားအစာများ ၊ အ၀တ်အစားများ ၀ယ်ပေးခ - ၀ ဒေါ်လာ
အမေ သားအပေါ်ထား သည့် အချစ် များအတွက် - ၀ ဒေါ်လာ

ကောင်းလေက မိခင်ရေးထားတဲ့စာရွက်ကို ဖတ်ပြီးတဲ့အခါ ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာခဲ့တယ် ။ ပြီးတော့ သူ့ မိခင်ဆီလျှောက်သွားပြီးပြောတယ် “ အမေ- - အမေ့ကို သား အရမ်းချစ်တယ် ” ပြီးတော့ ဘော ပင်ကိုကောက်ယူလိုက်ပြီး သူရေးခဲ့တဲ့စာအောက်မှာ စာတစ်ကြောင်းထပ်ရေးလိုက်တယ် ။

“ ငွေပေးချေပြီး ”

@@@@@@@@@@@@@@@@@@@@@@@@@@@@@@

သင် မိဘ မဖြစ်သေးသရွေ့ မိဘတွေရဲ့ သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတရားကို အလုံးစုံ အပြည့်အ၀ နားမ လည်နိုင်ပါဘူး ။ ငွေကြေးနဲ့တန်ဖိုးဖြတ်လို့မရသလို ဘယ်အလို အရာနဲ့မှ နှိုင်းယှဉ်လို့မရနိုင်တာဟာ မိခင်မေတ္တာပါပဲ ။

ငွေကြေးဆိုတာကလည်း ပျော်ရွှင်မှုကို တိုင်းတာတဲ့နေရာမှာ အညံ့ဆုံးနည်းလမ်းတစ်ခုဖြစ်တယ် ။ အေးမြဖြူ စင်တဲ့မေတ္တာတရားကသာလျှင် ခိုင်မြဲပြီး သင့်ကို နွေးထွေး လုံခြုံမှုကိုပေးစေနိုင်တယ် ။

သက်တန့်ချို
Mother's love အား ဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. မိခင်ရဲ့မေတ္တာဖော်ညွှန်းထားတဲ့ ဆောင်းပါးလေးပီပြင်တယ် မောင်သက်တန့်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဖတ်သွားပါတယ်ရှင့်

    ReplyDelete
  3. အမေ မရှိတော့တဲ့အချိန်မှာ ဒီစာသားက ရင်ကို အမှန်ထိမှန်စေပါတယ်
    အမေ ရဲ့စေတနာ မေတ္တာတွေကိုခံစားနားလည်တဲ့အချိန်မှာ အမေ ဟာ အဝေးတနေရာကိုထွက်ခွာသွားပြီးလေ
    မေမေ ရောက်ရာဘ၀မှာ ၀ိပတ်သနာတရားများကို ဒီထက်မက ကျင့်ကြံ အားထုတ်ပြီး ဒီထက်ဒီထက် မြင့်တဲ့ ဘုံဘ၀ကို တက်လှမ်းနိုင်ပါစေ။

    ReplyDelete
  4. မိဘရဲ့ မေတ္တာတွေကို ဖွဲ့နွဲ့ထားတဲ့ စာစုတွေဟာ ဘယ်အချိန်ဖတ်ဖတ် ရိုးမသွားဘူးကိုသက်တန့်..

    ခင်တဲ့
    ဝသုန်

    ReplyDelete
  5. အရမ်းကောင်းတဲ့ဆောင်းပါးလေးပါ ၊ ကျေးဇူးပါရှင်

    ReplyDelete
  6. လေးစားပါတယ် ကိုသက်တန့်

    ReplyDelete