Sunday, May 20, 2012

ပြည်မြို့ ရွှေဘုံသာမုနိ နှင့်ရွှေဆံတော် ဘုရားသို့

ပြည်မြို့ ရွှေဘုံသာမုနိ နှင့်ရွှေဆံတော် ဘုရားသို့

(Facebook မှာဖတ်ချင်ရင် တော့ ဒီနေရာလေးကို နှိပ်ပြီး ဖတ်နိုင်ပါတယ် ။

ရာသီဥတုကတော့ ရန်ကုန်နဲ့မခြား နေ့လည်ဖက်မှာ ပူလှပေမယ့် ညနေခင်းအချိန်မှာတော့ ဧရာဝတီဖက်က တိုက်ခတ်လာတဲ့ မိုးနံ့သင်းတဲ့ လေနုအေးတွေကြောင့် နေလို့ ကောင်းလှပါတယ် ။ အလုပ်ကိစ္စတစ်ခုနဲ့ ကိုသက်တန့်တစ်ယောက် ပြည်မြို့ကို တခဏတာ ရောက်ရှိခဲ့တယ် ။ နေ့လည် ၂ နာရီလောက်ရောက်ပြီး Lucky Dragon Hotel မှာပဲ တည်းခိုခဲ့တယ် ။ ရှေ့မှာ ဧရာဝတီ မြစ်ကြီးရှိတာကြောင့် အရမ်းကို သာယာလှပတဲ့ ပြည်မြို့လေးပါပဲ ။

ခဏတဖြုတ်နားပြီး လမ်းရှည်လမ်းနဲ့ တရုတ်တန်းထောင့်က နာမည်ကြီးတယ်ဆိုတဲ့ ဆန်လှော်မုန့်ဟင်းခါး သွားစား ခဲ့တယ် ။ အရသာက ရန်ကုန်နဲ့သိပ်မတူပဲ စားလို့ကောင်းမွန်ပြီး ငှက်ပျောအူဖတ်တွေများများ ထည့်ပေးတာတွေ့ရတယ် ။

မုန့်ဟင်းခါးစားပြီးတာနဲ့ ရုံးကလူတွေက ဟိုတယ်ပြန်မပို့သေးပဲ သုံးရာသီ ဆိုင်မှာ ရေခဲသုပ် လိုက်ကျွေး ပါသေးတယ် ။ အီဆိမ့်နေပြီး အုန်းသီးဖတ်တွေနဲ့မို့ အလွန်ကို အရသာ ရှိလှပါတယ် ။

ပြီးတာနဲ့ ဟိုတယ်ပြန် ရေမိုးချိုးပြီး ညနေစောင်း ၅ နာရီခွဲလောက် မှာ ပြည်မြို့ တစ်ဖက်ကမ်း က ရွှေဘုံသာမုနိဘုရားကြီးကို သွားရောက်ဖို့ပြင်ဆင်ပါတော့တယ် ။ ဧရာဝတီမြစ်ကိုဖြတ်ထားတဲ့ န၀ဒေးတံ တားဂိတ်ရောက်တော့ ဘုရားဖူးသွားမယ့်ဆိုင်ကယ်တွေကို တံတားဖြတ်ခ မကောက်ပဲ ဖြတ်သန်း ခွင့်ပေး တာတွေ့ရပါတယ် ။

တံတားပေါ်ရောက်တဲ့အခါ မြစ်အလယ်ခေါင်လောက်အထိ သောင်တွေထွန်းနေတဲ့ ဧရာဝတီကို ဓါတ်ပုံရိုက် ယူခဲ့တယ် ။ လေကတအားတိုက်တာကြောင့် ကင်မရာမကိုင်နိုင်လောက်အောင် ဖြစ်ခဲ့ရတယ် ။ မိုးကလည်း ညို့လာပြီး မိုးဖွဲဖွဲတွေ စတင် ရွာသွန်းလာပါပြီ ။ တောင်ပတ်လမ်းရောက်တဲ့အခါ ရှေ့မှာ ဘာမှ မမြင်တော့လောက်အောင် သောင်ပေါ်က သဲတွေကို လေတွေကတိုက်ပြီး အရာရာကို ဖုံးလွှမ်းသွားခဲ့တယ် ။ ဆိုင်ကယ်စီး ကျွမ်းကျင်တဲ့ ပြည်မြို့သားတွေကတော့ အေးဆေးပါပဲ ။ ဒီလိုနဲ့ ရွှေဘုံသာ မုနိဘုရားကြီး ကိုရောက်ခဲ့ပါတယ် ။

ဘုရားကြီးကို ဖူးမျှော်ခဲ့တယ် ။ ဘေးက လူတွေကတော့ ရုံးအဖွဲ့သူအဖွဲ့သားတွေဖြစ်ပါတယ် ။

ဘုရားဖူးပြီးတဲ့အခါ ညနေလည်းမှောင်နေပြီမို့ ပြည်မြို့ထဲကို ၀င်လာခဲ့တယ် ။

ပြီးတော့ ရွှေဆံတော် ဆုတောင်းပြည့်ဘုရားကြီးကို သွားရောက်ဖူးမျှော်ခဲ့ပါတယ် ။

စေတီတော်ကို ၀န်းရံထားတဲ့ ပတ်ပတ်လည်မှာ ဒီလို ထူးခြားတဲ့ တည်ဆောက်မှုတွေကို ဒီဘုရားကြီးမှာ ပဲတွေ့မြင်နိုင်ပါတယ် ။

ရွှေဆံတော်စေတီတော်ကို တခြားစေတီတွေနဲ့မတူပဲ ထီးတော် ၂ ဆင့်ပြုလုပ်ထားတာဖြစ်ပါတယ်း အပေါ်ဆုံးထီး ကတော့ မြန်မာထီးဖြစ်ပြီး အောက်ထီးကတော့ မွန်ထီးဖြစ်ပါတယ် ။ ရွှေဆံတော်စေ တီမှာ ပဲ တွေ့မြင်နိုင်ပါတယ် ။

ဒီဘုရားကတော့ ရွှေဆံတော်စေတီပေါ်ကနေဖူးမျှော်ရတဲ့ ဆယ်ထပ်ကြီးဘုရားဖြစ်ပါတယ် ။ အလွန်ကို ကြည်ညိုဖွယ်ရာကောင်းတဲ့ ဆင်းတုတော်ဖြစ်ပါတယ် ။

နောက်တစ်နေ့မှာတော့ Lucky Dragon Hotel မှာပဲ GP Section မှာ ဆရာဝန်တွေနဲ့ product presentation ပြုလုပ်ခဲ့ပါတယ် ။

ပြည်မြို့ဟာ နေလို့ကောင်းတဲ့မြို့လေးတစ်မြို့ပါပဲ ။ သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းနဲ့ တစ်ခုလေးပဲ ပြောစ ရာရှိခဲ့ တယ် ။ အဲဒါကတော့ လျှပ်စစ်မီးပုံမှန်မလာပဲ ဆယ်မိနစ်တစ်ကြိမ်လောက်ပျက်ခြင်းပါပဲ ။ ဒီတော့စဉ်းစား မိတာ ရင်းနှီမြုပ်နှံသူတွေနဲ့ လျှပ်စစ်နဲ့ဆက်နွယ်ပြီးလုပ်ရတဲ့ ကုန်ထုတ်လုပ်ငန်းတွေအဖို့ အခက်တွေ့နိုင် တယ်ဆိုတာပါပဲ ။ လျှပ်စစ်မီးလေးသာ ပုံမှန်ပြန်မှန်ခဲ့ရင် နေချင့်စဖွယ်မြို့လေးတစ်ခုဖြစ်ပါတယ် ။ ဟိုတယ်တွေ ကလည်း သပ်ရပ်ကောင်းမွန်ပြီး ကမ်းနားလမ်းနဲ့ ပနာသင့်တာကြောင့် စာဖတ်သူများကို တစ်ခါတစ်ခေါက် အရောက်သွားလို့ ဘုရားလည်းဖူးရင်း ဧရာဝတီမြစ်ကြီးကိုလည်း View point ကနေသွားရောက်ရှူစားကြဖို့ တိုက်တွန်းရင်းအဆုံးသတ်လိုက်ရပါတယ် ။

သက်တန့်ချို
20 May 2012

8 comments:

  1. ပြည်က ပလာတာကတ်ကြေးညှပ် ဆိုလားဘဲ ပလာတာ အရည်နဲ့ ရောင်းတာ ပြည်ရွှေဆံတော်ဘုရား အရှေ့  နားတင် ရောင်းတာ ရှာစားခဲ့နော်

    ReplyDelete
  2. ဟီး မုန့်ဟင်းခါးနဲ့ ရေခဲသုပ်ပဲစားချင်တယ် ဆရာရေးး

    ReplyDelete
  3. သွားလည်ချင်ထှာ
    မုန့်ဟင်းခါးစားချင်တယ်

    ReplyDelete
  4. ပြည်မြို့ တဖက်ကန်း ဖိုးဦတောင် ကလည်ပျော်စရာလေးတခုပါ။

    တောင်ပေါ်ကိုရောက်တယ်အခါ လှပတယ်နေရာလေးတွေ တွေ့ နိုင်ပါတယ်။

    ReplyDelete
  5. ကျနော်လည်း ငယ်ယ်တုန်းက ပြည်မှာနေဖူးတော့ ပုံတွေကို အလွမ်းပြေကြည့်ရတဲ့အတွက်ကျေးဇူးပါဗျာ
    ကျနော်သိတာနဲ့ နည်းည်းလွဲနေတာတွေ့မိလို့ပါ ရွှေဆံတော်စေတီတော်ရဲ့ ထီးတော်က အပေါ်က မြန်မာထီး ဖြစ်ပြီး အောက်က မွန်ထီးတော်ဖြစ်တယ်လို့ ကျနော်သိထားတာပါ။

    မော်စီ

    {{အင်းဝခေတ်တွင် မြန်မာ့သမိုင်း၌ အရေးပါသောဖြစ်စဉ်တစ်ခု ရွှေဆံတော်ရင်ပြင်တော်ပေါ်တွင် ဖြစ်ပွား ခဲ့ပါတယ်။ အကြောင်းမှာ အင်းဝဘုရင် မင်းခေါင်နှင့် မွန်ဘုရင်ရာဇာဓိရာဇ်တို့ ရွှေဆံတော်ဘုရားရင်းပြင်တော် ပေါ်တွင် သစ်စာပြု၍ ငြိမ်းချမ်းရေးရယူခဲ့ပါတယ်။ သက္ကရာဇ် ( ၁၁၁၆ )ခုနှစ် ၊ တပို့တွဲလပြည့်ကျော် ( 12 )ရက်နေ့တွင်အလောင်းမင်းတရားကြီးသည် ပြည်မြို့ကို မွန်တို့လက်ဝယ်မှ အောင်မြင်စွာ သိမ်းပိုက်ခဲ့ပါတယ်.... အလောင်းမင်းတရားကြီးသည် ထိုနေ့ညနေမှာပင် စေတီတော်မြတ်ရင်ပြင်တော်ပေါ်သို့ တက်ရောက်ပြီး စေတီတော်ကြီးကို ဖူးမျှော်ရာတွင် မိမိ၏ကုသိုလ်ရွှေထီးတော်တင်လှူလိုသော ဆန္ဒပေါ်ပေါက်လာသဖြင့် ထိုနှစ်တပေါင်းလပြည့်နေတွင် ယခင်မွန်ဘုရင်တို့တင်လှူခဲ့သော မွန်ထီးတော်ကို မဖယ်ရှားပဲ မြန်မာထီးတော်ကို ဆင့်၍တင်လှူပူဇော်ခဲ့ပါတယ်....။ ထို့ကြောင့် လေးဆူဓါတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ယခုတိုင် ထီးတော်( ၂ )ဆင့်ဖြစ်နေခြင်း ဖြစ်ပါတယ်။}}
    http://kaiserhein.multiply.com/journal/item/26/26?&show_interstitial=1&u=%2Fjournal%2Fitem

    ReplyDelete
  6. ကျနော်လည်း ငယ်ယ်တုန်းက ပြည်မှာနေဖူးတော့ ပုံတွေကို အလွမ်းပြေကြည့်ရတဲ့အတွက်ကျေးဇူးပါဗျာ

  7. ညီမက ပြည်သူပါ အခုလို ပြည်မြို့အကြောင်းကို ရှင်းပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
    နောက်ကိုလည်း ဒီထက်စုံစုံလင်လင်လေး ရှင်းပြပေးပါနော်

    ReplyDelete
  8. ပြည်မြို့ကြီးကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ်နော်...

    ReplyDelete