Friday, May 4, 2012

မူးတဲ့အချိန်မှာ စကားပြောမှန်ဖို့ လိုတယ် :P

မူးတဲ့အချိန်မှာ စကားပြောမှန်ဖို့ လိုတယ် :P



ခင်ပွန်းဖြစ်သူက အရက်မူးပြီး အိမ်ကိုပြန်လာတယ် ပြီးတော့မူးမူးနဲ့ပန်းကန်ခွက်ယောက်တွေကိုလည်း ခွဲပစ်လိုက် တယ် ။

ပြီးတော့အန်ချလိုက်ပြီးကြမ်းပြင်ပေါ်ကိုလဲကျသွားတယ် ။ ဇနီးဖြစ်သူက ဆွဲထူပြီး အိမ်ကိုသန့်ရှင်းရေး လုပ်လိုက် တယ် ။

နောက်တစ်မနက်မှာတော့ခင်ပွန်းဖြစ်သူက သူ့ကိုယ်သူဒေါသ ထွက်သွားတယ် ပြီးတော့သူ့အ မှားသူသိပြီး ဇနီးဖြစ်သူနဲ့ ရန်မဖြစ်ရပါစေနဲ့လို့ဆုတောင်းနေတယ် ။ သူ့စားပွဲအနီးမှာ စာရွက်အခေါက်လေးကိုတွေ့ခဲ့တယ် ။

“ အချစ်ရေ မနက်စာကို စားပွဲပေါ်မှာပြင်ထားခဲ့ပါတယ် အခု ကုန်စုံဆိုင်ကိုဈေး ၀ယ်စရာရှိုလို့ ခဏထွက် သွားတယ်နော် ။ ကျွန်မအမြန်ဆုံးပြန်လာခဲ့ပါ့မယ် ။ ကျွန်မရှင့်ကိုချစ်တယ် ” လို့ရေးထားတာကိုတွေ့လိုက်ရတယ် ။

ခင်ပွန်းဖြစ်သူက အံ့သြသွားပြီးသူ့သားကိုမေးတယ် ။ “ မနေ့ညတုန်းက ဘာတွေဖြစ်ခဲ့သလဲ ”

သားဖြစ်သူကပြန်ဖြေတယ် ။

“ အမေက အဖေ့ကို အိပ်ရာပေါ် ဆွဲခေါ်သွားတယ်ပြီးတော့ ဖိနပ်နဲ့ရှပ်အကျီင်္ကိုချွတ်ခဲ့တယ် အဖေက မူးမူးနဲ့ပြော လိုက်တာက .... ဟေး ကောင်မလေး ငါ့ကို တစ်ယောက်တည်းထားခဲ့ပါကွာ ငါ့မှာ အိမ်ထောင်ရှိတယ် !!! ...” တဲ့

########################

သက်တန့်ချို
မှတ်ချက် - မူးတဲ့အချိန်မှာ စကားပြောမှန်ဖို့ လိုတယ် :P

A drunk man and his wife အားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments: