Wednesday, July 18, 2012

ကလေးရယ်---ကလေးရယ်

ကလေးရယ်---ကလေးရယ်



ကလေးရယ်---ကလေးရယ်

အရမ်းကြောက်နေလား ကလေးရယ်
ငါ့ရင်ထဲလည်း မျက်ရည်ပေါင်းများစွာ စီးကျနေတယ်
ဘ၀ ဆိုတာကလည်း တရားတဲ့ ချိန်ခွင်တစ်ခုမှမဟုတ်တာပဲ
အရမ်းကြောက်နေလား ကလေးရယ်

တချိန်မှာ မင်းတို့အနာဂါတ်ဟာ ဆူးခင်းလမ်းတွေများပြည့်နေမလား
ငါမတွေးရဲဘူးကလေးရယ်
မင်းကြောက်နေသလားဟင် -- ဒါမှမဟုတ် အမှောင်လွှမ်းတဲ့ညနက်ထဲ
မင်းချမ်းနေရှာမလားကလေးရယ်--
ငါလည်း မင်းကိုကြည့်ပြီး ငိုနေမိတယ်

လူချမ်းသာတွေ ဟော်တယ်တက်ပြီးဇိမ်ယစ်နေချိန်
မင်း ကြောက်နေရတယ်ကလေးရယ်
လူချမ်းသာတွေ မွေ့ရာအကောင်းစားတွေအပေါ် အိပ်နေချိန်
မင်း လမ်းေးပျာက်နေရတယ်ကလေးရယ်
“ သနားလိုက်တာ ” ဆိုတဲ့စကားကို ငါ့အကြိမ်ကြိမ်ပြန်မျိုချနေတယ်
မင်းအတွက်ငါလုပ်ပေးနေတာ မျက်ရည်တွေနဲ့ ငိုနေခြင်းပေါ့ကွယ်

လူပဲကွယ် -- လူပဲ
မင်းလည်း အချိန်တန် ဗိုက်ဆာမှာပေါ့
မင်းလည်း အချိန်တန် အိပ်ချင်မှာပေါ့
မင်းလည်း အချိန်တန် ပညာသင်ချင်မှာပေါ့
မင်းလည်း ---
မင်းလည်း ------
ငါ့စကားလုံးတွေ ပျောက်ရှခဲ့ရပြီကလေးရယ်

ကလေးရယ် --ကလေးရယ်
မင်းမေမေကရော ဘယ်မှာလဲကွယ်
မပြည့်စုံခြင်းနဲ့ အိပ်မက်တစ်ခြမ်းမှာ --မင်းကျပျောက်ခဲ့ရတာ
ဘ၀ ဆိုတဲ့အရာတွေပါလား --- မင်းသိပ်ကြောက်နေသလား ကလေးရယ်
ဆာလောင်မွတ်သိပ်ခြင်းနဲ့မင်းရယ်
ဟင်းမကောင်းလို့ မေမေ့ကိုညူဆူတတ်တဲ့ ကလေးတွေရယ်
ငါယှဉ်ကြည့်မိတယ်
မင်း --- အတွက် ကံတရားက ဘယ်မှာလဲ ကလေးရယ်

အနာဂါတ်အတွက် ကြယ်ပွင့်လေးတွေတဲ့လား
အကြောက်တရားနဲ့စိုးရွံ့ထိတ်လန့်ခြင်းတွေ
ကလေးရေ ---ကလေးရေ --
မင်းမငိုပါနဲ့ကွယ်
မင်းမငိုပါနဲ့ကွယ်
မင်းမငိုပါနဲ့ကွယ်
ငါ့ မျက်ရည်တွေနဲ့ငါ တေးတစ်ပုဒ်ဆိုပြချင်တယ်

“ အရှုံးမပေးနဲ့ မိငယ်ရယ် --ရဲရင့်မှ ကျော်ဖြတ်သွား -- ”

သက်တန့်ချို
Photo Credit : Street Corner

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. ရင်ထဲ နင့်နေအောင် ခံစားရပါတယ်၊၊ ဟုတ်ပါတယ် ငိုယုံကလွဲပြီး ကျွန်တော်လည်း သူတို့အတွက် ဘာမှမလုပ်နိုင်ပေးခဲ့ဘူး၊၊ ငါဆိုတဲ့ အတ္တရယ် ငါ့မိသားစု၊ ငါ့ဆွေမျိုး ဒီသံသရာတွေထဲက ဘယ်ချိန်များမှ ရုန်းထွက်နိုင်ပါ့မလဲ၊၊

    ReplyDelete
  2. အဓိပ္ပာယ်ရှိပြီး ရင်ထိတဲ့ post လေးတစ်ခုပါပဲ

    ReplyDelete
  3. သိပ်ကောင်းတဲ့ ပို့ လေးပါပဲ။

    ReplyDelete
  4. ကမ္ဘမြေပေါ်က
    အမှောင်ထဲကငိုသံတွေ အတွက်
    ရေတခွက်လောက် လက်ကမ်းပေးပါ
    (ရိုးသားမှုတော့ ပါပါစေ)

    ReplyDelete
  5. ကမ္ဘမြေပေါ်က
    အမှောင်ထဲကငိုသံတွေ အတွက်
    ရေတခွက်လောက် လက်ကမ်းပေးပါ
    (ရိုးသားမှုတော့ ပါပါစေ)

    ReplyDelete