Wednesday, July 18, 2012

၉၉ ယောက်သာ ထွက်သွားပါ

၉၉ ယောက်သာ ထွက်သွားပါ



တစ်ခါတုန်းက ကမ္ဘာပေါ်တွင် အရမ်းနာမည်ကြီးသော ကျောင်းတစ်ကျောင်းရှိသည် ။ နှစ်စဉ် လူရည်ချွန်များမွေး ထုတ်ပေးသလို ပညာတတ်များ ပေါက်ဖွားရာဟုနာမည်ကြီးသော ကျောင်းတစ်ကျောင်းဖြစ်သည် ။ ထို ကျောင်း၏ အစဉ်အလာမှ တစ်နှစ်လျှင် ကျောင်းသား ၁၀၀ သာလက်ခံသည် ။

တစ်ခါတော့ ထိုကျောင်းသားတစ်ရာတွင် တစ်ယောက်သော ကျောင်းသားမှာ အလွန်ဆိုးသွမ်းလေသည် ။ စာလည်းမ ကျက် ရန်ဖြစ်လိုက် ပျော်ပါးလိုက်နှင့်အချိန်ကုန်နေလေသည် ။ ထိုကျောင်းသား တစ်ယောက်ကြောင့် တခြား ကျောင်းသားများပါ အပစ်ပြောခံရပြီး နာမည်ပျက်သလိုဖြစ်နေလေသည် ။

ဒီတော့ကျောင်းသား၉၉ ယောက်က တိုင်ပင်ကာ သူတို့ ပါမောက္ခထံသို့သွားရောက်ပြီး ထိုကျောင်းသား အား ကျောင်းထုတ်ပေးရန်ပြောကြလေသည် ။ ပါမောက္ခက လာမည့် ၂ ရက်တွင်ပြုလုပ်မည့်အစည်းအဝေးတွင် ဆုံးဖြတ်ချက်ပေးမည်ဟု ပြောလိုက်လေသည် ။ သို့နှင့် အစည်းအဝေးပြုလုပ်မည့်ရက်သို့ရောက်ရှိလာသည် ။

ထိုနေ့တွင် ကျောင်းသား ၁၀၀ လုံးစုံလင်စွာတက်ေ၇ာက်ကြပြီးပါမောက္ခပြောမည့်စကားကို နားစွင့်နေကြလေ သည် ။ ပါမောက္ခက ကျောင်းသားများ စုံလင်သည်နှင့်အောက်ပါအတိုင်းပြောလိုက်လေသည် ။

“ ကဲ တပည့်တို့ ပြောတဲ့ပြဿနာကို ဆရာစဉ်းစားထားပါပြီ ဒီတော့ လိမ္မာတဲ့တပည့် ၉၉ ရောက်ကို ဆရာ့ကျောင်း ကနေ ထွက်ခွင့်ပြုလိုက်ပါပြီ ဆိုးသွမ်းတဲ့တပည့်ကတော့ လိမ္မာအောင် ဆက်လက် သင်ကြားရဦး မှာဖြစ်တဲ့အတွက်ကျောင်းမှာနေခဲ့ရမှာဖြစ်တယ် ”

ပါမောက္ခပြောတဲ့ စကားကိုကြားတော့ ကျောင်းသားအားလုံး ဟာကနဲဟင်ကနဲဖြစ်သွားကြတယ် ။ ပြီးတော့ကျောင်း သားတစ်ယောက်က ထမေးတယ် ။ “ ဆရာ ဘာဖြစ်လို့ ကျွန်တော်တို့ ကို ကျောင်းကထွက်ခိုင်းပြီး ဒီကျောင်းသားဆိုးကိုမထွက်ခိုင်းတာပါလဲံ ”

ပါမောက္ခကပြန်ပြောတယ် ။ “ တပည့်တို့ ဆရာတို့မည်သည် ဆိုးသွမ်းသော ကျောင်းသားကို တော်လာအောင် မိုက်ရိုင်းသောကျောင်းသားကို ယဉ်ကျေးအောင် ပြုပြင်ဆုံးမပေးရမယ့်တာဝန်ရှိတယ် တပည့်တို့ ၉၉ ယောက်စ လုံးဟာ ယဉ်ကျေးလိမ္မာပြီးသူများဖြစ်လို့ ကျောင်းမှထွက်ခွင့်ပြုပြီး ဆိုးသွမ်းတဲ့ကျောင်း သားအ တွက်တော့ ဆရာ့မှာ တာဝန်ရှိပေတယ် ဆရာတို့မည်သည် မည်သည့်ဆိုးသွမ်းသော တပည့်ကိုမှ စွန့်ခွာ ပစ်ပယ်ရိုးထုံးစံမရှိပါ ” လို့ပြောကြားလိုက်ပါတော့တယ် ။

@@@@@@@@@@@@@@@@@@@@@@@

ဒီပုံပြင်လေးကို လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားဝိုင်းထဲမှာ ကြားသိခဲ့တာဖြစ်ပါတယ် ။ အခု နာမည်ကြီးနေ တဲ့ ဆေးကျောင်းက ဆရာကြီးတချို့နဲ့ယှဉ်ကြည့်မိတယ် ။ ဆိုးသွမ်းတဲ့တပ ည့်တွေကို ယဉ်ကျေးအောင် ဆုံးမပြုပြင်ရမယ့်အစား လစ်လျှူရှုလိုက်တဲ့အခါ ပိုဆိုးပြီး ဆရာဝန်တောင်ဖြစ်ခွင့်မရပဲ လမ်းမှားရောက်သွားကြတဲ့ သူတွေကို တွေ့တွေ့နေရတယ် ။ ဆရာများအားလုံး ဆရာစိတ်ဓါတ်ပီသနိုင်ကြပါစေ ။ ကျောင်းသား သဘာဝ တော် တဲ့ကျောင်းသားရှိသလို ညံ့တဲ့ကျောင်းသားရှိမယ် လိမ္မာတဲ့ကျောင်းသားရှိသလို ဆိုးတဲ့ကျောင်း သား လည်းရှိမယ် ။ တော်တဲ့သူကို ချီးမြှောက်သလို ဆိုးတဲ့သူကို ပဲ့ပြင်ရမှာကလည်း ဆရာတို့ တာဝန်ဖြစ်တယ် ။

သက်တန့်ချို
လက်ဖက်ရည်ဝိုင်းမှ အသိများ ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. ကျောင်းသား သဘာဝ တော် တဲ့ကျောင်းသားရှိသလို ညံ့တဲ့ကျောင်းသားရှိမယ် လိမ္မာတဲ့ကျောင်းသားရှိသလို ဆိုးတဲ့ကျောင်း သား လည်းရှိမယ် ။ တော်တဲ့သူကို ချီးမြှောက်သလို ဆိုးတဲ့သူကို ပဲ့ပြင်ရမှာကလည်း ဆရာတို့ တာဝန်ဖြစ်တယ် ။

    (ကူးယူခွင့်ပြုပါ) ကျေးဇူးတင်ပါတယ်ခင်ဗျား၊

    ReplyDelete
  2. ဒီလို ဆရာတွေ ရှိပါတယ်..။ ရှားတာပါ..။ ဟုတ်တယ်ဟုတ်..။

    ReplyDelete