Tuesday, July 24, 2012

သမ္မတကြီးပြောသောစကားကို ဖျက်သိမ်းသောဦးအောင်သိန်းလင်း ဘာလဲ ၊ ဘယ်လဲ ?

သမ္မတကြီးပြောသောစကားကို ဖျက်သိမ်းသောဦးအောင်သိန်းလင်း ဘာလဲ ၊ ဘယ်လဲ ?

အခုတလော ထူးဆန်းတာတွေချည်းကြားနေရတယ် ။ ဒုတိယသမ္မတရာထူးကလည်းဘယ်သူဖြစ်မလဲဆိုတာ Top question ဖြစ်နေတယ် ။ ခေါင်းစဉ်ပါအကြောင်းအရာလေးမပြောခင် ဘဂါင်္လီအကြောင်းနည်းနည်းပြောချင်သေးတယ် ။ မဟာဂရုဏာ ရှင်အမည်ခံ အနောက်နိုင်ငံတွေက ဖိအားပေးသလိုလို နဲ့လူသားချင်းစာနာသလိုလိုနဲ့ လိုလို ၊ လိုလို တွေနဲ့တကယ့်တကယ်တော့ ပုတ်ထုတ်နေကြတာ သိသာလွန်းနေတယ် ။



နိုင်ငံခြားကနေ တက်လာတဲ့ပုံတွေမှာလည်း ဒီလိုမျိုး မြန်မာနိုင်ငံအလံကို တက်နင်းလို့နင်း မီးရှို့လို့ရှို့ စော်ကား ချင်တိုင်းစော်ကားနေကြတယ် ။ သူတို့သတင်းစာတွေမှာ မဟုတ်မဟုတ်တွေရေးမ သိရင်ပဲ မြန်မာနိုင် ငံက လူသားချင်းနှိပ်စက်ပြီး ဘဂါင်္လီတွေကို မျိုးဖြုတ်နေသလိုလို ။တကယ်တော့ မြန်မာတွေကို မျိုးဖြုတ်နေတာ ဘဂါင်္လီတွေဆိုတာ ကျွန်တော်အပါအ၀င် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသူအကုန်လုံးသိတယ် ။ တတိ ယ နိုင်ငံ ဖြစ်ဖြစ်ကျွန်းတစ်ခုခုဖြစ်ဖြစ် ပေးပြီး သီးသန့်နေခိုင်းလိုက်တာ ပိုပြီးသင့်တော်တယ်လို့မြင်မိတယ် ။ လူမျိုးခြားစိမ့်ဝင်မှုပြဿနာဟာကျယ်ပြန့်လွန်းတဲ့အတွက် ကျွန်တော်တို့ အွန်ုလိုင်းကနေ စာတွေ ဘယ်လောက်ရေးရေး တကယ် လုပ်နိုင်တဲ့ တာဝန်ရှိသူတွေလုပ်မှသာ ပြဿနာကိုဖြေရှင်းနိုင်မှာဖြစ်တယ် ။ ဘာသာရေးတွေ နိုင်ငံရေးတွေအသာထား လူမျိုးခြင်း ၀ါးမြိုမယ့်အရေးကနေ အရေးတကြီးနံပတ် ၁ ကာကွယ်ရ မှာကတော့ မြန်မာနိုင်ငံသားတိုင်းရဲ့တာဝန်ဖြစ်တယ် ။ ဒီဆောင်းပါးကို အရှည်ကြီးရေးဖို့စိတ်ကူးမရှိပါဘူး ဒါကြောင့် လိုရင်းတိုရှင်းပဲရေးသွားမှာဖြစ်တယ် ။

အသားထဲကလောက်ထွက်ကြသူများ

အရင်ခေတ်ကတည်းက ဒီမိုကရေစီ လမ်းကြောင်းပေါ်မနင်းခင်ကတည်းက လက်တစ်ဆုပ်စာ ခရိုနီတွေက အရာရာကို ဆုပ်ကိုင်ထားခဲ့တာလူတိုင်းအသိဖြစ်တယ် ။ သူတို့ဟာ အသားထဲက လောက် ထွက် မြန်မာအချင်း ချင်း ဂုတ်သွေးစုပ်ကြတယ်ဆိုတာ အထွေအထူးပြောစရာမလိုဘူး ။ အခုလည်း EMG က တင်ထားတဲ့ တစ်ပုဒ်ကို ဒီနေ့မှ ဖတ်မိလို့ အတော်အံ့သြသွားမိတယ် ။ ဒါဆိုဦးအောင်သိန်းလင်းအကြောင်းအရင်လေ့လာကြည့်ရအောင် ။



(USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဖြစ်သော ဦးအောင်သိန်းလင်းသည် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး အငြင်းပွားဖွယ်ရာ မဲရလဒ်ဖြင့် အနိုင်ရခဲ့သူဖြစ်ပါသည်။ အဆိုပါ အငြင်းပွားမှုမှာ ကြိုတင်မဲ အများအပြားဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရန် ကုန်မြို့တော် ၀န်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလအတွင်း မဲဆွယ်စည်း ရုံးရေး အတွက် လမ်းခင်းခြင်းများပြုလုပ်ရာ၌ ၄င်းသည် ပါတီငွေကြေးနှင့် ရန်ကုန်မြို့တော် စည်ပင်ငွေကြေး များကို ရောထွေးသုံးစွဲခဲ့သည်ဟု စွပ်စွဲဝေဖန်ခြင်းများကိုလည်း ခံခဲ့ရသူဖြစ်သည်။)

ဒီသတင်းလေးနဲ့ ဆောင်းပါးကိုဆက်လိုက်ရအောင် ။ ပထမဆုံး မြစ်ဆုံစီမံကိန်းနဲ့ပတ်သတ်လို့ သမ္မတကြီးကိုယ် တိုင်က မိမိတို့ အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားမယ်လို့ အတိအလင်းပြည်သူတွေရှေ့မှာ ၀န်ခံထားပြီးဖြစ်တယ် ။ ထွက်ပြီးသော ဆင်စွယ်သည် ပြန်ဝင်ရိုးထုံးစံမရှိ မင်းတို့မည်သည် ပြောပြီးသား စကားကို ပြန်ပြင် ရိုးထုံးစံမရှိ ဆိုတဲ့အတိုင်း သမ္မတကြီးအနေနဲ့ ဒီစကားကို လက်ကိုင်ထားမယ်ဆိုတာကိုတော့ သံသယ ဖြစ်စရာမရှိပါဘူး ။ သို့သော်----တရုတ် နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းမှာ ဦးအောင် သိန်းလင်း ပြောသွားတဲ့စကားတွေကို ပြန်ပြီးကောက်နှုတ်ကြည့်ရအောင် ။

၁ ။ "ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်"

သမ္မဟာ နိုင်ငံတစ်နိုင်ငံရဲ့ မည်သည့်အစိတ်အပိုင်းမဆို ဆုံးဖြတ်ချက်ချပေးခွင့်ရှိတဲ့ ချပေးနိုင် တဲ့ ခေါင်းဆောင်ဖြစ်တယ် ။ ဦးအောင်သိန်းလင်းပြောတဲ့ ကျွန်တော်တို့ဆိုတဲ့ အသုံးအနှုံး မှာ ပြည်သူတွေ မပါဘူး ။ သူနဲ့အပေါ့င်း အပါတချို့သာပါလိမ့်မယ် ။ တရုတ်မြန်မာဆ က်ဆံရေးရာ မြစ်ဆုံစီ မံကိန်းမဖြစ်မနေပြန်စ မှသာ ကောင်းမွန် မယ်ဆိုရင် ကျွန်တော်တို့ ဆက်ဆံရေးပျက်ပြားပါစေ ။ မချစ်ခင်လည်းရှိစေ ။ မြစ်ဆုံစီမံကိန်း ကိုတော့ ပြန် စရန် လုံးဝမဖြစ်နိုင်ဟု ကျွန်တော်ထင်သည် ။ တရုတ်-မြန်မာဆက်ဆံရေးကိုပျက်အောင်လုပ်ဆိုတဲ့ စွပ်စွဲချက်ဟာ သမ္မတကြီးသာမက သမ္မတကြီး ဆုံးဖြတ်ချက်ကို ထောက်ခံ ခဲ့တဲ့ပြည်သူတွေ ကိုပါ စော် ကားလိုက်ခြင်းဖြစ်တယ် ။

၂ ။ "ဆောက်ကို ဆောက်ရမှာပေါ့၊ ကျွန်တော်တို့လျှပ်စစ် ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကိုရပ် ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ "

ဘာတွေအကျိုးရှိလို့ဆောက်မှာပါလဲ ။ ဓါတ်အားလိုတဲ့အကြောင်းပြချက် လက်တစ်ဆုပ်စာ ခရိုနီတွေ စီးပွား တက်ဖို့ အတွက် ကျွန်တော်တို့ ချစ်တဲ့ဧရာဝတီကို စတေးဖို့ကတော့အိပ်မက်ထဲမှာတောင်မဖြစ်နိုင်ပါဘူး ။ တရုတ်မြန်မာဆက်ဆံရေးပျက်ခြင်းမပျက်ခြင်းထက် ကျွန်တော်တို့အားလုံးဟာ ကိုယ့်အားကိုယ်ကိုး ကိုယ့်ထမင်း ကိုယ်ရှာစားနေကြတဲ့လူတွေချည်းပါ ။ ကျွန်တော်တို့ ငတ်နေခဲ့ရင် တရုတ်ပြည်က လာကျွေးထားမှာမဟုတ်ပါဘူး ။ အထက်မြန်မာပြည်မှာ တရုတ်တွေ အဓိကနေရာတွေမှာ နေရာယူလာကြခြင်းကို ကြည့်ခြင်းအားဖြင့် သာပေါင်း ညာစား တရုတ်များကို မြန်မာနိုင်ငံသူနိုင်ငံသားများက အလိုမရှိပါ ။

၃ ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်အားလည်း " ကျွန်တော်သူ့ကို မယုံဘူး။ ကုလသမဂ္ဂ ကိုလည်း မယုံဘူး " ဟုဖြေကြားသွားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို ဝေဖန်တာ ယုံတာမယုံတာကတော့ သူ၏ စိတ်သဘောဆန္ဒသာဖြစ်မည် ။ ဘာမှမပြောလို ။ သူ့စကားတစ်ခွန်းကြောင့် ကုလသမဂ္ဂအဖွဲ့ကြီးက မြန်မာနိုင်ငံအပေါ် တစ်မျိုးမထင်ရန် သာလို သည် ။

၎ ။ " ကျွန်တော်တို့ပြည်သူတွေအတွက် ကျွန်တော်တို့နိုင်ငံအတွက် လာတာမဟုတ်ဘူး။ ဒီအမျိုးသမီး (ဒေါ်အောင် ဆန်းစုကြည်အား ရည်ညွှန်းသည် ) အတွက်လာတာ"

ဟီလာရီကလင်တန် မြန်မာနိုင်ငံကိုလာပြီး ဒေါ်စုနဲ့တွေ့ခဲ့တာကို မျက်မုန်းကျိုးနေပုံရတယ် ။ ဒေါ်စုနဲ့ သူနဲ့ ဘာမှ ယှဉ်စရာ အကြောင်းမရှိ ။ မယှဉ်နိုင်မှန်းလည်း လူတိုင်းသိသည် ။ သို့ရာတွင် စကားပြောရာတွင် လူကြီးပီသစွာ ထိမ်းထိမ်းသိမ်းသိမ်းပြောဖို့တော့သင့်သည် ။ အခုတော့ ငါ့ဆီမှမလာတာ သူ့ဆီပဲလာတာ ငါဘာမှထေက် ခံစရာမ လိုဘူးဟူသည့် ကလေးဆန်သော အတွေးများက လူကြီးတစ်ယောက် ပါးစပ်မှ ပြော ထွက်ခဲ့ခြင်းအား အံသြမိသည် ။



၅ ။ " လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီးဖြစ်လို့ပါ "

ဗိုလ်ချုပ်သမီးက ပြည်သူတွေကို မချစ်ခင်ပဲ ပြည်သူ့အကျိုးမလိုလားပဲ ကျွန်တော်တို့က ဗိုလ်ချုပ်သမီးဖြစ်တိုင်း ချစ်ခင်ခဲ့သည် မဟုတ် ။ ဗိုလ်ချုပ်သမီးဖြစ်မဖြစ်ထက် ဒေါ်စုဖြစ်နေ၍ ချစ်ခင်ခဲ့ခြင်းဖြစ်သည် ။ ဒေါ်စု ကို မုန်းသည့်သူ လူအနည်းစုမှလွဲ၍ တစ်ကမ္ဘာလုံးချစ်ကြသည်မှာ လူတိုင်းအသိဖြစ်သည် ။ လူတွေရူးနေကြ သည်ဆိုသည့်စကားက နားထဲ ကန့်လန့်ဖြတ်ဝင်လာသည် ။ သူသည်လည်းလူသား တစ်ယောက်ပင်မ ဟုတ်ပါ လား ။ မင်းကမှ အရူးငါက လူကောင်းကွ ဆိုသည့်စကားသည် ကိုယ်နှင့်မတည့်တိုင်း လက်လွတ် စပယ်ပြော ရမည့်စကားမဟုတ်ဟု ကျွန်တော်မြင်သည် ။

၆ ။ သို့ရာတွင်မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်က မြစ်ဆုံဆည်တည်ဆောက်ရေးကို လိုလားခြင်းမ ရှိကြောင်းကို ဦးအောင်သိန်းလင်းအနေဖြင့်မသိကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦး က သုံးသပ်ပါသည်။ အဆိုပါ သုံးသပ်သူက " သူတို့ ထပ်နိုင်ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေ ဆောက်မယ်လို့ ဦးအောင်သိန်းလင်းက ဆိုရင် ၂၀၁၅ အတွက် အဖြေက ထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင်မလိုတော့ပါဘူး" ဟု မှတ်ချက်ပြုပါသည်။

မှန်ပါတယ် ။ ၂၀၁၅ အတွက်ကို ယခုအချိန်ကစပြီး ပြင်ဆင်ရမှာဖြစ်တယ် ။ မြစ်ဆုံကိစ္စကတော့ သမ္မတကြီး ပြတ်ပြတ် သားသားပြောထားတဲ့အတွက် သိပ်တော့မစိုးရိမ်မိဘူး ။ နာမည်ကြီးချင်၍ ထိုသို့ဖြေကြားခဲ့ သည်လား သို့မဟုတ် မည်သည့် တွန်းအား ကြောင့် ဖြေခဲ့ သည်လည်းဆိုသည် ကမှု ဖြေကြား သူကိုယ်တိုင်သိပါလိမ့်မယ် ။

အဆုံးသတ်အနေနဲ့ ဆောင်းပါးတိုကို နိဂုံးချုပ်ပါတော့မယ် ။ နောက်ဆုံးပြောချင်တာကတော့ အချက် ၂ ချက်ပါ ။

က ။ ဦးအောင်သိန်းလင်းပြောခဲ့သောစကားများကို ဦးအောင်သိန်းလင်းကိုယ်တိုင်တာဝန်ယူရပါလိမ့်မယ် ။ သမ္မတကြီး ၊ ပြည်သူ ၊ ဒေါ်စု အားလုံးကို ပုတ်ခတ် ပြောဆိုထားသည့်အတွက် လူကြီးတစ်ယောက်ဖြစ် သင့်ရဲ့လား ဟု ကိုယ့်ကိုယ်ကို ပြန်မေးစေလိုသည် ။ မြစ်ဆုံကိစ္စကို ဘယ်လိုအကြောင်းဖြစ်ဖြစ် ၂၀၁၅ မှသည် နှစ် ၃၀၀၀ မက ကျွန်တော်တို့လက်မခံကြောင်းသိစေလိုသည် ။ သမ္မတကြီးအနေနဲ့လည်း တစုံတရာ Action ယူဖို့တိုက်တွန်း လိုပါတယ် ။

ခ ။ လူမျိုးခြားစိမ့်ဝင်မှုပြဿာကို အမြန်ဆုံးနဲ့အထိရောက်ဆုံးဖြေရှင်းစေချင်တယ် ။ သမ္မတကြီးကိုယ်တိုင် လက်မခံနိုင်ဟု ပြောပြီးသည်ဖြစ်ရာ စေတနာရှင်များရှိပါက မိမိတို့နိုင်ငံများ ကိုခေါ်ထားပြီးဆက် လက်ထောက်ပံ့ ထားကြပါ ။ ကျွန်တော်တချိန်က ပြောခဲ့သော လူသားချင်းစာနာမှုဆိုသည်မှာ လူပီသသော လူဆန်သော လူများကိုဆိုလိသည် ။ လူအမည်ခံ များကို မဆိုလို ။ ထို့ကြောင့် ဘဂါင်္လီများကို တစ်လက်မ မျှ နေထိုင်ခွင့် မပေးနိုင်ကြောင်း ပြည်သူထဲပြည်သူတစ်ယောက်အနေနှင့်ရင်ဖွင့်လိုပါသည် ။

သက်တန့်ချို
Ref : EMG
cartoon : ဟာဂျူလီကသာ

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. အရမ်းကောင်းပါတယ်၊ ဒီလိုအတွေးအခေါ်နျင့် ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို ချစ်တဲ့စိတ်သာ မြန်မာနိုင်ငံသားတိုင်းမှာ ရှိလျှင်သိပ်ကောင်းမှာဘဲနော်၊ သဘောထားသေးလို့ပြောတာမဟုတ်ပါ လူတိုင်းမှာဒီစိတ်သာရှိနေလျှင် သိပ်ကောင်းမှာဘဲ ကိုသက်တန့်ချို ရေးတဲ့စာကိုလူတိုင်းဖတ်ပြီး နားတည်အတုယူနိုင်ပါစေလို့ ဆုတောင်းပါတယ်

    ReplyDelete
  2. စကားတစ်လုံးကြောင့်မိမိတန်ဖိုးဘယ်လောက်ကျဆင်းသွားလဲဆိုတာ နားမလည်လေရော့သလားး((

    ReplyDelete
  3. Bravo, Ko Thet Tant :)))

    ReplyDelete
  4. မမမေနွယ်July 24, 2012 at 9:07 PM

    ကိုသက်တန့် ရေးခဲ့တာလေးတွေအရမ်းသဘောကျတယ်။ပြည်တွင်း ပြည်ပ
    ဘယ်မှာဘဲနေနေ ကိုယ့်နိုင်ငံကိုချစ်တဲ့စိတ် ထားကြရင်ကောင်းမယ်။ အခုတော့
    တချို့လူတွေကမိမိကောင်းစားဘို့အတွက်အားလုံးပျက်စီးစေမဲ့လုပ်ရပ်တွေလုပ်
    နေကြတယ်။မိမိနိုင်ငံမချစ်တတ်သူတွေအတွက်ရေးထားတဲ့ကဗျာလေးတွေရှိ
    တယ်။ ပို့ရင်ဖော်ပြပေးမလား။ အောင်မြင်နေတဲ့ နေရာကဖော်ပြတော့ အားလုံးသိရအောင်လို့ပါ။လေးစားပါတယ်ကိုသက်တန့်။

    ReplyDelete
  5. စကား စကား ပြောပါများ....စကားထဲက ဇာတိပြ...

    ReplyDelete
  6. အန်တီလေးမေခင်July 25, 2012 at 9:03 PM

    အရမ်းကောင်းပါတယ်။ကိုယ်.နိုင်ငံကိုယ်.လူမျိုးကိုချစ်သောနိုင်ငံသားတိုင်းမောင်သက်တန်.လိုအတွေးအခေါ်စိတ်ထားလေးတွေရှိရင်သိပ်ကောင်းမှာပဲဆက်လက်
    ရေးသားနိုင်ပါစေအားပေးလျက်
    ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  7. လူလို့နားလည်းရမယ်လေ
    လူဖြစ်ပြီးလူလို့မနေတက်ပဲ့ ဖားနေစရာမလို့ဖူး
    မင်းဆီမှာ လူထုရဲ့မေတ္တာ ဘယ်လောက်ရှိလို့လည်း
    မင်းနားလည်ပါ..?

    ReplyDelete