Friday, September 28, 2012

တန်ဖိုးရှိတဲ့အသက်တစ်ချောင်း


 
တန်ဖိုးရှိတဲ့အသက်တစ်ချောင်း

တစ်ခါတုန်းက ကောင်လေးတစ်ယောက်ဟာ မြစ်ထဲမှာ ရေကူးနေရင်း ရေနစ်သွားခဲ့တယ် ။ ဒီတော့ ရေပေါ်မှာ မြုပ်ချီပေါ်ချီဖြစ်နေပြီး “ ကယ်ကြပါ ” ဆိုပြီး အကူအညီတောင်းခံခဲ့တယ် ။ မြစ်ကမ်းနားကို ဖြတ်သွားတဲ့လူတစ်ယောက်က ကောင်လေးကိုတွေ့သွားပြီး မြစ်ထဲကို ခုန်ဆင်းလို့ ကောင်လေးရဲ့အသက်ကို အချိန်မှီကယ်ဆယ်လိုက်နိုင်ခဲ့တယ် ။

ပြီးတော့ အဲဒီလူက ကောင်းလေးသတိရတဲ့အခါ ထွက်သွားဖို့ပြင်တော့ကောင်လေးက လှမ်းပြောလိုက်တယ် ။

“ ကျေးဇူးတင်ပါတယ်ဗျာ ”
“ ဘာအတွက်လဲ ကောင်လေး ”

ကောင်လေးက ပြန်ဖြေတယ် ။ “ ကျွန်တော့်ဘ၀ ကိုကယ်ဆယ်ခဲ့တဲ့အတွက်ပါ ”

ဒီတော့ အဲဒီလူက ကောင်လေးရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ် ။

“ ကောင်လေး .. မင်းအသက်ကြီးလာတဲ့အခါ မင်းရဲ့ဘ၀ဟာ ကယ်ဆယ်ဖို့ထိုက်တန်တဲ့ ဘ၀မျိုးဖြစ်အောင် ကြိုးစားပါ ”

-----------------------------------------------

သင်ရောစဉ်းစားဖူးလား .. သင့်ရဲ့ဘ၀ဟာ အကြပ်အတည်းဖြစ်နေတဲ့အချိန် သေရေးရှင်ရေးဖြစ်နေတဲ့အချိန်မှာ တကယ်ကယ်ဆယ်ဖို့ ထိုက်တန်ရဲ့လား ဆိုတဲ့အချက် ကိုပေါ့ ။ တကယ်တော့ အဲဒီလူက ကောင်လေးကို ဘ၀ကို တန်ဖိုးရှိရှိနေထိုင်ဖို့ကို မီးမောင်းထိုးပြသွားခြင်းဖြစ်ပါတယ် ။ လူတွေဟာ ကိုယ့်ဘ၀ကိုယ် တန်ဖိုးမရှိဘူး အသုံးမကျဘူးလို့ပဲ ထင်နေတတ်ကြတယ် ။

တကယ်တော့ သင်ပိုင်ဆိုင်ရတဲ့အသက်တစ်ချောင်းဟာ တန်ဖိုးရှိရှိ နေထိုင်ဖို့ ထိုက်တန်ပါတယ် ။ အချိန်တွေကို အကျိုးရှိရှိအသုံးချလို့ လူ့လောကမှာ တရားနဲ့ဓမ္မ ဆုံးမမှုတွေအောက် လွတ်လပ်ပျော်ရွှင်ပါ တန်ဖိုးရှိရှိနေထိုင်ရင်း ဘ၀ကို ဖြတ်သန်းလိုက်ပါ ။

သက်တန့်ချို
Is your Life Worth Saving? အားခံစားဘာသာပြန်သည် ။ 

10 comments:

  1. တကယ်တော့ သင်ပိုင်ဆိုင်ရတဲ့အသက်တစ်ချောင်းဟာ တန်ဖိုးရှိရှိ နေထိုင်ဖို့ ထိုက်တန်ပါတယ် ။ အချိန်တွေကို အကျိုးရှိရှိအသုံးချလို့ လူ့လောကမှာ တရားနဲ့ဓမ္မ ဆုံးမမှုတွေအောက် လွတ်လပ်ပျော်ရွှင်ပါ တန်ဖိုးရှိရှိနေထိုင်ရင်း ဘ၀ကို ဖြတ်သန်းလိုက်ပါ ။
    အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  2. အလွန်ကောင်းတဲ့တင်ပြမှုလေးပါပဲ။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  3. ကျေးဇူး ကိုသက်တန့်ချို

    ReplyDelete
  4. မြတ်နိုးသူ(MUFL)September 28, 2012 at 8:58 PM

    အချိန်တွေကို အကျိုးရှိရှိအသုံးချလို့ လူ့လောကမှာ တရားနဲ့ဓမ္မ ဆုံးမမှုတွေအောက် လွတ်လပ်ပျော်ရွှင်ပါ တန်ဖိုးရှိရှိနေထိုင်ရင်း ဘ၀ကို ဖြတ်သန်းနိုင်အောင်ကြိုးစားသွားပါမယ့်
    အားပေးလျက်

    ReplyDelete
  5. အန်တီလေးမေခင်October 1, 2012 at 10:21 AM

    လူ အ သက် တစ် ချောင်း ဆို တာ ကယ် ကောင်း ပါ တယ် သား ရယ်။ဒါ ပေ မဲ့ တစ် စုံ တစ် ယောက် က ရေ နစ် နေ လို့ အန် တီ မြင် တယ် ဆို ရင် တော့ အန် တီ လည်း ရေ မ ကူး တတ် ဘူး လေ ဒါ ကြာင့် မို့ မ ကယ် နိုင် ဘူး ဆို ရင် လည်း ၁၉၉ တော့ ဖုန်း လှမ်း ဆက် ပြီး အ ကူ အ ညီ တောင်း လိုက် ပါ မယ် သက် တန့် ရေ။သက် တန့် ဒီ ပိုစ် ရေး တဲ့ နေ့  က စ ပြီး အန် တီ ရေ ကူး သင် တန်း စ တတ် နေ တာ အန် တီ ကို အား ပေး တဲ့ စာ လေး တွေ ရေး ပေး ဦ
    အန် တီ အီ သီ ယို ပီ ယား စိန် ရှာ သွား လည်း အဲ့ ဒီ မှာ
    ရေ ကူး သင် တန်း ဆက် တတ် မှာ ပါ ။သက် တန့် ချို ကို အား ပေး နေ တဲ့ အန် တီ လေး မေ ခင်။

    ReplyDelete
  6. ကျေးဇူး

    ReplyDelete
  7. ကျေးဇူး

    ReplyDelete
  8. ကျေးဇူး

    ReplyDelete