Friday, September 22, 2017

ဥပက္ခာပြုခြင်းနဲ့အတူ စွန့်လွှတ်လိုက်ပါ

တစ်ကြိမ် လိမ်ဖူးတဲ့သူကို
ခွင့်လွှတ်လိုက်ပါ
အမှားနဲ့ကင်းတဲ့လူဆိုတာ မရှိလို့ပါ ။

နှစ်ကြိမ်လိမ်ဖူးတဲ့လူကို
နားလည်ပေးလိုက်ပါ
ကိုယ့်ကို လိမ်မှဖြစ်မယ့်အကြောင်းပြချက်
ရှိကောင်းရှိနိုင်လို့ပါ ။

အကြိမ်ကြိမ်လိမ်ဖူးတဲ့လူကို တော့
ဥပက္ခာပြုခြင်းနဲ့အတူ စွန့်လွှတ်လိုက်ပါ
ဘာကြောင့်လည်းဆိုတော့
သင့်ကို နောက်တစ်ကြိမ်ထပ်လိမ်နေဦးမှာမို့လို့ပဲ ။

အမှားဆိုတာ ပြင်ရလွယ်တယ်ဆိုပေမယ့်
ကိုယ်မှားလို့ မှားမှန်းမသိတာ အဆိုးဆုံးပဲ ။

သက်တန့်ချို
22-Sept 2017 #ttcdailyquotes
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment