Friday, September 29, 2017

ဘယ်သူက ပိုအရေးကြီးသလဲ


 သင့်မှာ ရန်သူတွေရှိနေတာ
ကျေးဇူးတင်စရာကောင်းပါတယ်
သူတို့ကြောင့်
သင့်ကိုချစ်ခင်သူတွေကို ပိုတန်ဖိုးထားတတ်လာလို့ ။

သင့်ကို မနာလိုသူတွေရှိနေတာ
ကျေးဇူးတင်စရာကောင်းပါတယ်
သူတို့ကြောင့်
သင့်ကို အားကျသူတွေကို ပိုဂရုစိုက်လာတတ်လို့ ။

သင့်ကို စွန့်လွှတ်သူတွေရှိနေတာ
ကျေးဇူးတင်စရာကောင်းပါတယ်
သူတို့ကြောင့်
သင့်ကို မစွန့်လွှတ်နိုင်တဲ့သူတွေကို ပိုင်ဆိုင်လာရလို့ ။

သင့်ကို ချောက်တွန်းတဲ့လူတွေရှိနေတာ
ကျေးဇူးတင်စရာကောင်းပါတယ်
သူတို့ကြောင့်
သင့်ကို ကယ်တင်မဲ့သူတွေနဲ့ ဆုံတွေ့ခွင့်ရနိုင်လို့ ။

ဘယ်သူက သင့်ကို အဆိုးတွေဖြစ်စေသလဲ
ဘယ်သူက သင့်ကို ရှုံးနိမ့်စေခဲ့သလဲဆိုတာ အရေးမကြီးပါဘူး

ဘယ်သူက သင့်ကို အကောင်းတွေဖြစ်စေသလဲ
ဘယ်သူက သင့်ကို ကယ်တင်တဲ့သူလဲဆိုတာ ပိုအရေးကြီးပါတယ် ။

သက်တန့်ချို
29-Sept 2017 #ttcdailyquotes
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment