Monday, September 25, 2017

အောင်မြင်ခြင်းကျဆုံးခြင်းဆိုတာ နေ့နဲ့ညလိုပါပဲ


 တစ်ခုခုကို လုပ်မိလိုက်လို့
ဆုံးရှုံးသွားတာက ဖြေသာပါတယ်
ဘာမှ မလုပ်လိုက်ရပဲ
အချိန်တွေကုန်နေတာထက်စာရင် ပေါ့ ။

အမှားနဲ့ မကင်းတဲ့လူ့ဘ၀ကြီးမှာ
မှန်တွေချည်း ရွေးလုပ်ဖို့ဆိုတာ သိပ်မလွယ်လှပါဘူး ။

အောင်မြင်ခြင်း ကျဆုံးခြင်းဆိုတာ
ဘ၀ကို ဖြတ်သန်းနေသူတွေအဖို့
နေ့ နဲ့ ညလိုပါပဲ

အရာရာကို ကြံ့ကြံ့ခံ အံတုရင်းနဲ့ပဲ
တစ်နေ့တော့
ကိုယ်မျှော်လင့်တဲ့ နေရာတစ်ခုကို မလွဲမသေ ရောက်လာမှာပါ ။

သက်တန့်ချို
25-Sept 2017 #ttcdailyquotes
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment