Tuesday, June 11, 2019

သင်ယူခြင်း


အမြဲနာမည်ဖျက်ဖို့ ကြံနေတဲ့သူငယ်ချင်းက
အမှားမလုပ်မိအောင် သင်ပေးတယ်

အမြဲ ဆူပူကြိမ်းမောင်းနေတတ်တဲ့ အလုပ်ရှင်က
သည်းခံတတ်ခြင်းတရားကို သင်ပေးတယ်

အမြဲကိုယ့်အားနည်းချက်ကို ဖော်ထုတ်ဖို့ကြိုးစားနေတဲ့မိတ်ဆွေက
အားသာချက်များလာစေမယ့်နည်းကို သင်ပေးတယ်

အမြဲအတင်းပြောတတ်တဲ့ဘေးလူက
စကားမမှားအောင် သင်ပေးတယ်

စိတ်ညစ်ရမယ့်အရာတွေ တွေးနေမယ့်အစား
မကောင်းတဲ့အရာတွေကြုံနေလို့ စိတ်ဓါတ်ကျနေမယ့်အစား

တစ်ခုခုကို သင်ယူနေရတယ်လို့ ပြောင်းလဲတွေးကြည့်ပါလား ?

သက်တန့်ချို
11-June-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment