Wednesday, June 19, 2019

အမေ ကျန်းမာပါစေ



ပင်ပန်းနေမှာပေါ့
ကော်ဇောနီပေါ်လမ်းလျှောက်
ခြေလှမ်းတွေ ခြောက်သွေ့ခဲ့ရတာမှမဟုတ်ပဲ

ဒါဏ်ရာဆိုတာမျိုးတောင်
ရင်ဘတ်ထဲကထွေးအံပြခွင့်မရခဲ့တာမျိုး
ဘ၀ ကဆိုးတယ်ဆိုတာ ဘာလဲ ?

စူးမှန်းတော့သိပါတယ်
ယုံကြည်ရာကိုရဲရင့်နိုင်ဖို့
ကိုယ်ပျိုးခဲ့တဲ့ အဖူးအပွင့်လေးတွေ
တစ်နေ့.. ခံစားနိုင်စေကွယ်

ဇရာကို အံကြိတ်
မျက်စိမှိတ်ထားချင်တယ်
ဖြစ်ချင်တာဖြစ်ခွင့်မရသေးတာ ဘာထူးဆန်းလဲ
တကယ်ဆို .. သူ့အိုးသူ့ဆန်.. တန်ခဲ့ပါတယ်

အိပ်မက်ဆိုးတွေနောက်လိုက်ရတာထက်စာရင်
ဒီခရီးကြမ်းကသာ ပျော်ဖို့ကောင်းပါတယ် အမေ .. ။

( မွေးနေ့မှာ  စိတ်လက်ကြည်သာ အေးချမ်းပါစေ အမေစု )

သက်တန့်ချို
19-June-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment