Tuesday, June 25, 2019

ဘ၀ မမေ့နဲ့

ပျော် လို့ရတယ်
ဒါပေမယ့် တာဝန်မဲ့လို့တော့မရဘူး

လေ လို့ရတယ်
ဒါပေမယ့် ဘောင်ကျော်လို့တော့မရဘူး

မျော လို့ရတယ်
ဒါပေမယ့် ဘ၀ မေ့နေလို့တော့မရဘူး

ရယ် လို့ရတယ်
ဒါပေမယ့် နာကျင်မှုကို မမေ့လိုက်ရဘူး

လူရယ်လို့ ဖြစ်လာရင်
ကိုယ့်အတိုင်းအထွာနဲ့သာ ကိုယ်နေပါ

ဘယ်သူရဲ့ဘ၀ကမှ ကိုယ့်ဘ၀နဲ့ထပ်တူကျမနေတာမို့
ကိုယ် ဘယ်ရောက်နေလဲ ဆိုတာ ပြန်ပြန်မေးဖို့
ဘယ်တော့မှ မမေ့ပါနဲ့ ။

သက်တန့်ချို
25-June-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment