Saturday, June 29, 2019

ဘယ်တော့မှ သွေးအေး မသွားကြပါနဲ့


ပထမတော့ သတင်းတွေပဲ လိုက်ဖတ်နေခဲ့ပါတယ်

သက်ငယ်မုဒိမ်းမှု- Child Rape ကို သေဒါဏ်မှ တပါး သင့်တော်သော ပြစ်ဒါဏ်မရှိဘူးဆိုတာလည်း လွန်ခဲ့တဲ့ရက်က ရေးခဲ့ပါတယ် ဒါပေမယ့်

အမှုသွားအမှုလာကို ကြည့်ရတာ နောက်ဆုံးသတင်းအရ " နေပြည်တော်၊ ဇဗ္ဗူသီရိ မြို့နယ်ရှိ Wisdom Hill ပုဂ္ဂလိက ကျောင်းတွင် အသက် ၃ နှစ် မပြည့်သေးသည့် မိန်းကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရသည်ဟုဆိုကာ တိုင်တန်းထားသည့် အမှုတွင်ဖမ်းဆီးထားသည့် တရားခံဟုယူဆရသူကို တရားစွဲတင်ရန် အထောက်အထား မရှိသည့် အတွက် ပြန်လွှတ်ထားကြောင်း ရဲမှူးကြီး မင်းဟန်က ပြောသည်။"
ဆိုတာ ဖတ်လိုက်ရတော့ စိတ်ထဲလည်း စိုးရိမ်စိတ်က မြင့်တက်လာပါတယ် ။ ဧရာဝတီက မေးထားတာကို ပြန်ဖြေထားတာပါ ရုပ်သံဖိုင်တွေလည်း ကြည့်လိုက်ရပါတယ် ။

ဖြစ်စဉ်ကို ပြန်ပြီး စီကြည့်ရအောင်

၁ ။ ခွေးစိတ်ဝင်ပြီး အနိုင်ကျင့်စော်ကားခံရတဲ့နေ့ - မေ ၁၇ ( မိခင်ကိုယ်တိုင်အမှုဖွင့်ခဲ့ )

၂ ။ ဖြစ်စဉ်ကာလ - ၁ လကျော်ကြာမြင့်

၃ ။ တရားခံ - ဖမ်းဆီးမမိသေး

၎ ။ တရားခံဟု ယူဆသူ - ၁ လခန့်ဖမ်းဆီးပြီးမှ အထောက်အထားမပြည့်စုံ၍ ပြန်လွှတ်

၅ ။ စစ်ဆေးသောအဖွဲ့ - CID လို့ခေါ်တဲ့ Criminal Investigation Department က မေ ၃၀ မှာ စစစ်တယ် ဇွန်လ ၂၄ မှာ လွှတ်လိုက်တယ်

၆ ။ Wisdom Hill ဖက်က အခြေအနေ - အမှုနဲ့ဆက်စပ်မယ်လို့ယူဆရတဲ့ လူ ၂၀ ကို ဇွန် ၁၇ မှာ စစ်ဆေးပြီးပြီ လို့ဆိုတယ် ရဲအဖွဲ့ကလည်း ဆရာမ ယာဉ်မောင်း နဲ့ ကျောင်းကြီးကပ်ရေးမှူးတွေကို ခေါ်စစ်ဆေးနေတယ်လို့ဆိုတယ်

၇ ။ ကလေးက " ဆရာမ နှင်းနုသိတယ် " ဆိုတဲ့စကားကို စစ်ဆေးသူတွေ မသိပဲမနေလောက်ဘူး ခုလောက်ဆို စစ်ဆေးပြီးလို့ အကြောင်းမထူးသေးလို့ ဘာမှ ပေါ်မလာသေးတာလို့ယူဆတယ် ။

================

ကိုယ့်တစ်ယောက်တည်း ကောက်ချက်ချရရင်

၁ ။ ဖြစ်စဉ်အသေးစိတ်ကို လူတိုင်း သတင်းတွေ ဆက်တိုက်ဖတ်လာခဲ့ကြတဲ့လူတွေဆိုသိမှာပါ ။ ကလေးဆီမှာ sperm တွေ့တယ်ဆိုတဲ့အဖြေထွက်တယ် ဒါပေမယ့် ( ကလေးရဲ့ မိန်းမကိုယ်မှာ စုတ်ပြဲ ထိုးသွင်း ဒါဏ်ရာ မျိုး ) မတွေ့ရဘူး ဒါကြောင့် နောက်ရက်ကျောင်းတက်တဲ့အခါ ကလေးက ကလေးသဘာဝဆော့ကစားတော့ CCTV မှတ်တမ်းတွေကြည့်ပြီး Rape Victim တစ်ယောက်ဟာ ဒီလို ဘာမှမဖြစ်သလို နေနိုင်ပါ့မလားဆိုတဲ့မေးခွန်းထွက်လာတယ် ( လူစိတ်မရှိတဲ့လူတွေ တွေးကြတယ်ထင်ပါရဲ့ )

၂ ။ ပြင်းထန်ရုပ်ဆိုးအကျည်းတန်တဲ့ ဒါဏ်ရာဒါဏ်ချက် နာကျင်မှုမရှိပဲ sperm တွေ့တယ်ဆိုတော့ ဖြစ်နိုင်ချေရှိတာသည်

က ။ အရွယ်ရောက်စ sperm ပိုး ထုတ်နိုင်တဲ့ အရွယ် ကလေးတစ်ယောက်လက်ချက်

ခ ။ အသက်ကြီးပေမယ့် လိင်အရွယ်အစားသေးငယ်ပြီး ( မရိုသေစကား - လိင်တံမမာနိုင်တော့တဲ့ရောဂါ Erectile dysfunction ဖြစ်နေသူတစ်ယောက် )

ဂ ။ ယောက်ျားတစ်ယောက် ( လိင်စိတ်ရူးသွပ်စွဲလမ်းမှုတစ်ခုဖြစ်တဲ့ ကလေး ရဲ့ လိင်အဂါင်္ကို မိမိ လိင်အဂါင်္နဲ့ထိတွေ့ ပြီး masturbation ပြုလုပ်ပြီး sperm ထည့်တယ်ဆိုတဲ့အချက် ဖြစ်နိုင်ချေမရှိဘူးမပြောနဲ့ အဖေအရင်းနဲ့သမီးအရင်းတောင်စိတ်မချရတဲ့ ခွေးစိတ်တွေပေါက်နေကြတဲ့ခေတ်ကြီးမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူးလို့မှတ်ထား ပါ )

၃ ။ DNA လည်းစစ်ပြီးပြီ ခွေးမုဒိမ်းကောင်ရဲ့ DNA ရဖို့တော့ခက်နေတုန်းပဲထင်ပါရဲ့ အခုထိ ထူးသေးတာမတွေ့ဘူး

ဒီတော့ကိုယ်ဟာ အမှုဖော်ထုတ်ကျွမ်းကျင်သူတစ်ယောက်မဟုတ်တဲ့အတွက် ကိုယ့်အသိကိုယ့်အမြင်နဲ့ပဲ ရေးပါရစေ

- ဖြစ်စဉ်ဖြစ်တဲ့နေ့က ကလေးငယ်နဲ့ ထိတွေ့ဆက်စပ်သူအားလုံး ကို ထည့်သွင်းစဉ်းစားရပါမယ် ( အတွင်းလူ ၊ အပြင်လူ )

- CCTV မှာ မမြင်ရတဲ့ မြင်ကွင်းကွယ်နေတဲ့နေရာတွေ အများကြီးရှိနေနိုင်တာမို့ အဆိုပါ Blind Spot များကို ထည့်သွင်းစဉ်းစားရပါမယ်

- အဆိုပါဖြစ်စဉ်နေ့က ထူးခြားဖြစ်စဉ်ရှိမရှိစုံစမ်းရပါမယ် ( ဥပမာ ကလေးငယ် အပြင်ထွက်သွားတာမျိုး ၊ ဒါမှမဟုတ် တစ်နေရာရာကို ချောင်တချောင်ချောင်သွားတာမျိုး စသဖြင့် )

- အမျိုးသမီးတွေကို ဖယ်လိုက်ပါ ယုတ်စွအဆုံး ကြံရာပါပဲဖြစ်နိုင်တာမို့ ( အဲဒီနေ့ ဖြစ်နိုင်ဖွယ် သံသယရှိသူ ယောက်ျားစာရင်း ကြီးကြီးငယ်ငယ် စာရင်းလုပ်ရပါမယ် )

- အဆိုပါ စာရင်းထဲကမှ အသက်အရွယ်အလိုက် Category အလိုက် ( စိတ်အနေအထား ၊ ထူးခြားဖြစ်စဉ် ၊ အချင်းချင်းပေါင်းသင်းဆက်ဆံရေး စသဖြင့် ) ခွဲပြီး စစ်ဆေးတာလုပ်သင့်ပါတယ်

- အပြင်လူအပိုင်းကိုစဉ်းစားရရင်တော့ အပြင်လူ ထိတွေ့နိုင်စရာဖြစ်နိုင်ချေ Probability & Possiblity ကို မူတည်ပြီး အဆိုပါ ဧရိယာနေ လူစာရင်းကို ပြုစုပြီး ဧရိယာတ၀ှိုက် အတွင်းလူ အပြင်လူထည့်စုံစမ်းရပါမယ် ။

- CID ရော ရဲတပ်ဖွဲ့ရော အားကိုးပါရစေ... ။ ကလေးဖက်ပဲကြည့်ကြည့် မိဘအနေနဲ့ကြည့်ကြည့် တိုင်းပြည်ဖက်နေပဲကြည့်ကြည့် သိက္ခာတရား ၊ ကိုယ်ကျင့်တရား နဲ့ လူ့အသိုင်းအ၀ိုင်းမှာ လက်ခံနိုင်ခြင်းမရှိတဲ့ တိရိစ္ဆာန်အပြုအမူဖြစ်တယ် ။
..........................................

မတရားမှု မှန်သမျှဟာ တရားမျှတခြင်းကို အနိုင်ရသတဲ့လား ?

အကြံပေးချင်တာကတော့ တရားခံအစစ်ကိုထိုက်သင့်တဲ့ ပြစ်ဒါဏ် မပေးရမချင်း လူပုံအလယ်မှာ ဒီလူဟာ ဒီလို ခွေးစိတ်ပေါက်ပြီး လူမဆန်တဲ့ အပြစ်ကို ကျူးလွန်ခဲ့ပါတယ်လို့ လက်ညှိုးဝိုင်းမထိုးနိုင်သေးပဲနဲ့

ဘယ်တော့မှ သွေးမအေးသွားကြပါနဲ့ လို့ ။

သက်တန့်ချို
29-June-2019

(ဓါတ်ပုံမူရင်းဖန်တီးသူအား လေးစားစွာ Credit ပေးပါတယ် )

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment