Saturday, June 22, 2019

စေတနာ


 တစ်ခါတစ်လေ

သူတစ်ပါးအဆင်ပြေဖို့အတွက် ကူညီလိုက်ပေမယ့်
ကိုယ့်ဖက်မှာ ဒုက္ခကြုံရတာမျိုးရှိတယ်

သူတစ်ပါး ပြေလည်စေဖို့အတွက်ဖြေရှင်းပေးလိုက်ပေမယ့်
ကိုယ့်ဖက်မှာ ကြပ်တည်းသွားရတာမျိုးရှိတယ်

သူတစ်ပါး ပျော်ရွှင်စေဖို့အတွက်ပေးဆပ်လိုက်ပေမယ့်
ကိုယ့်ဖက်မှာ နာကျင် ၀မ်းနည်းရတာတွေရှိတယ်

အဆိုးဆုံးက
စေတနာကို နားမလည်ပဲ ပြန်စော်ကားတာမျိုးကြုံရတတ်တယ်

" စေတနာဆိုတာ လူတိုင်းအပေါ်ထားလို့ရပေမယ့်
လူတိုင်းနဲ့တော့ မတန်ဘူး " ဆိုတာ သိထားဖို့လိုပါတယ် ။

သက်တန့်ချို
22-June-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment