Tuesday, September 22, 2009

ထူးဆန်းတဲ့ သယ်ယူပို့ဆောင်ရေး ( အပိုင်း ၁ )

ထူးဆန်းတဲ့ သယ်ယူပို့ဆောင်ရေး ( အပိုင်း ၁ )

ပြည့်ကျပ်နေတဲ့ရထားတွဲ



လူတွေလူတွေ... ပြည့်ကျပ်နေလိုက်တာ... ။ အလှူပေးနေသလားမှတ်ရတယ် ... ။ အန္တရာယ်ဆိုတာကိုလည်း ဂရုမစိုက်နိုင်တော့ဘူး ထင်ပါရဲ့ ။ အိန္ဒိယ တစ်နိုင်ငံတည်းမှာပဲ ဒီလိုပုံစံမျိုး တွေ့ရှိနိုင်ပါတယ် ။

ဗီယက်နမ်မှ စားသောက်ကုန်လုပ်ငန်း



ဗိယက်နမ်နိုင်ငံမှာတော့ အစားအသောက်တွေပို့တဲ့ လုပ်ငန်းကတော့ အတော်ကြီးကို ကျွမ်းကျင်မှ ရပါမယ် ။ လက်တစ်ဖက်ထဲနဲ့ စက်ဘီးကိုလည်းစီး တစ်ဖက်ကလည်း ပန်းကန် တွေမမှောက်ကျအောင် လုပ်ဆောင်ရတာဟာ အတော်ကိုခက်ခဲလှပါတယ် ။ ဒါပေမယ့် ကျွမ်းကျင်ရာလိမ္မာရာ ဆိုတဲ့အတိုင်း သူတို့ကတော့ အေးဆေးပါပဲ ။

လူ ၈ယောက် ဆိုင်ကယ်တစ်စီး



ဆိုင်ကယ်တွေအတော်ပဲရှားပါးလို့လား စတန့်ထွင်တာပဲလား အတော့်ကို အန္တရာယ်များတဲ့ အလုပ်ကို လုပ်ဆောင်နေပါတယ် ။ လူ ၈ ယောက်တောင် စီးတယ်ဆိုတော့ ဆိုင်ကယ် ဖောင့်တွေ မကျိုးကုန်ဘူးလားမသိ ။

မိသားတစ်စု ဆိုင်ကယ်တစ်စီး


သူတို့ကိုကြည့်ခြင်းအားဖြင့် ဆိုင်ကယ်တစ်စီးရှိယုံနဲ့ တစ်မိသားစုလုံးဘုစုခရု ကအစ တင်သွားလို့ရတဲ့ပုံပါပဲ ။

ထူးဆန်းတဲ့ဆိုင်ကယ်စီးပုံ


အထင်မလွဲပါနဲ့ ။ အနောက်မှာ ခြင်းတွေနဲ့ထိုင်စရာ နေရာမရှိတဲ့အတွက် အရှေ့မှာ ထိုင်နေခြင်းဖြစ်ပါတယ် ။ အင်း ဘရိတ်များ အရှိန်နဲ့အုပ်မိရင်တော့...ဟင်း... ။

မြေကြီးအစားသူတို့ကိုသယ်မယ်


ဒီလိုလည်းဖြစ်တာပါပဲ... ။ ထိုင်စရာနေရာရှာနေစရာမလိုပါဘူး... ။ မြေကြီးသယ်တဲ့ခွက်ထဲ လိုက်သွားယုံပါပဲ ။

တုတ်တုတ်စီးမယ်


မြန်မာနိုင်ငံမှာတော့ ပဲခူးဘက်မှာ ဒီလိုမျိုးတွေ့ရနိုင်ပါတယ် ။ တုတ်တုတ်စီးတယ်လို့ခေါ်ပါတယ် ။ ဆိုင်ကယ်ခေါင်းနဲ့ လူစီးတွဲဆက်ထားတာပေါ့ ။ ကဲဒါလည်းမကောင်းပေဘူး လား ။

ဆိုင်ကယ်စီးအုပ်ထုပ်


ဆိုင်ကယ်စီးဦးထုပ်ကတော့ အပျံစားပါပဲ ။ အတော့ကို ဈေးကြီးပေးဝယ်ထားရတဲ့ပုံပဲ ။ သူတို့အရပ်နဲ့ သူတို့ဇာတ်နဲ့တော့ ဟန်ကိုကျလို့.. ။

Star Wars VII - Master Yoda


ဘာလုပ်နေမှန်းတော့မသိပါဘူး ။ ထင်တာတော့ Star Wars VII ရိုက်နေတယ်လို့ထင်တာပဲ ။ ဆုတောင်းပွဲတစ်ခုခုနဲ့တော့ ဆင်တူပါတယ် ။ ဒါပေမယ့် ခေါင်းဆောင်းကြီး ဆောင်းပြီး လက်ကလည်း အနီချောင်းကြီး ကိုင်ထားတယ်ဆိုတော့ ..... ။

ကျောင်းပို့ကျောင်းကြိုယာဉ်



ကဲ ဘယ်လောက်အလုပ်ဖြစ်သလည်း ။ ကားခမကုန်တော့ဘူး ။ တစ်ပြိုင်တည်း ကလေး ငါးယောက်တင်သွားနိုင်တယ် ။

နွားတွေသယ်တယ်တဲ့



အော်..ဒီလိုနည်းနဲ့လည်း နွားတွေကို သယ်ယူပို့ဆောင်ပေးသတဲ့.... ။


ခွေးတွေရောင်းမယ်


ခွေးရောင်းတဲ့ပုံစံကတော့ မိုက်တယ်နော်..။ သူ့ကိုသာ အနောက်ကနေ ကိုက်ထဲ့လိုက်ရင်တော့ ဟင်း...။

စာရေးသူ......သက်တန့်ချို......(၃း၄၂ နေ့လည် ၂၁.၉.၀၉)

4 comments:

  1. သယ်ယူပို့စောင်ရေးတွေကတော့တော်တော်ကိုမိုက်တယ်နော်

    ReplyDelete
  2. မိုက်တယ် အန္တရာယ်များတယ်။ လူတွေဒီလောက်တင်တဲ့ရထား။ ကားဆိုင်ကယ် အသက်နဲ့နီးတယ်။ စတန့်ပဲထွင်ထွင်ပေါ့။ တုတ်တုတ်လောက်တော့ စီးရဲတယ် ။ အင်းးးး

    ReplyDelete
  3. ဒီဒေါက်တာကြီးနှယ် ရှာရှာဖွေဖွေ တွေ့ တတ် ပလေတယ် ဆိုက်ကယ် ကုန်တင်မယ်ဆိုရင် လည်း နောက်တစ်ခေါက်ကျမှ မိန်းမပြန်ခေါ်ဗျာ :))))))

    ReplyDelete
  4. ၀တ်ရည်July 2, 2010 at 5:53 PM

    ဟိုလူကြီးရဲ့ ဆိုင်ကယ်စီးဦးထုပ်လေးကို သဘောကြဆုံးပဲ

    ReplyDelete