Thursday, August 5, 2010

ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၁၄)

ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၁၄)


“ ဒီလိုဆို ဒီဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်တဲ့ ကုစားနိုင်တဲ့နည်းလမ်းမရှိဘူးလားဗျ ”

“ ရှိတာပေါ့ကိုသက်တန့်ရယ် အဲဒီနည်းကို ဒေါက်တာသောမတ်စ်ကိုယ်တိုင်က ရှာဖွေတွေ့ရှိခဲ့ပြီးပြီလေ ဒါပေမယ့် ဒီလူက သွေးသောက်ရတဲ့အရသာကို ခုံမင်သွားပြီလေ ဒါကြောင့် တစ်ကမ္ဘာလုံးကို သူ့လို ဖြစ်အောင်လုပ်မယ်လို့ ကြံစည်ထားတာပေါ့ သူရှာဖွေတွေ့ရှိထားတဲ့ဖြေဆေးကိုလည်း မထုတ်တော့ဘူးလေ ဒါပေမယ့်ကျွန်တော်က အဲဒီစာရွက်စာတမ်း စမ်းသပ်မှုအဖြေကို ခိုးယူထားပြီးပြီလေ ဒါကြောင့် ဒီလူက ကျနော့်ကို သတ်ပစ်ချင် နေတာပေါ့ ”

“ အေးဗျာ အတော်ယုတ်မာတဲ့သူပဲ သူတတ်ထားတဲ့ပညာတွေကတော့နှမျောစရာကြီးနော် ”

“ ဒါပေါ့ဗျာ ဘယ်တတ်နိုင်မလည်း အခု ကျနော်တို့ ဒီမြို့ထဲကလွတ်အောင်ကြိုးစားရမယ် ပြီးရင် Cape Town ကိုပြန်ပြီး အဲဒီကတဆင့် ( Africa Health Ministry ) အာဖရိကကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းနဲ့ ဆက်သွယ်ရမယ် ပြီးတော့ Ghost City အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိအောင်လုပ်ရမယ် ပြီးတော့ ကျွန်တော့်မှာရှိတဲ့ ဗိုင်းရပ်စ်တိုက်ထုတ်တဲ့ နည်း ၊ ဖြေဆေးကို တာဝန်ရှိသူတွေကို အပ်ပြီး Ghost City ကလူသား တွေကို ကယ်တင်ရမယ်ဗျ ”

“ ဟုတ်တယ်ကိုနိုင်ဇော်ရ ဒီတစ်မြို့လုံးကို နှိမ်နှင်းမှာထက်စာရင် အဲဒီအကြံအကောင်းဆုံးပဲဗျ ”

ဟု ကျွန်ုပ်က ထောက်ခံစကားပြောလိုက်လေသည် ။ကျွန်ုပ်တို့ နှစ်ဦးစကားကောင်းနေကြစဉ် သီတာ ၊ ထွန်းလူနှင့် ညိုမောင်တို့မှာ အသီးသီးအိပ်ပျော်နေကြပြီဖြစ်၏ ။ သို့နှင့် ထိုတစ်ညလုံး အခန်းအား လော့ခ်ချထားကာ ကောင်းမွန် စွာ တစ်ဖွဲ့လုံး အိပ်စက်ခဲ့ကြလေတော့သည် ။ ညက ကောင်းမွန်စွာ အိပ်စက်ထားသဖြင့် အဖွဲ့သား အားလုံးမှာ လန်းဆန်းတက်ကြွနေကြလေတော့သည် ။ ကျွန်ုပ်တို့လည်း အပေါ်ထပ်လှေကားသို့တက်ခဲ့ရာ အခန်း ပေါင်းများစွာကို ထပ်တွေ့ရလေသည် ။ ထို့နော်ကအခန်းများအတွင်းသို့အပြင်မှကြည့်ရာ သေဆုံး နေပြီဖြစ်သော အလောင်းများမှအပ ထူးခြားမှုများမတွေ့ရပေ ။ အခန်းတိုင်းလိုလို လော့ခ်ကျနေသဖြင့် မှန်ပြတင်း ပေါက်မှသာ အတွင်းကိုတွေ့မြင်နိုင်လေသည် ။ ကျွန်ုပ်တို့အဖွဲ့လည်း ဆက်လျောက်ခဲ့ကြရာ လမ်းချိုး တစ်နေရာ သို့အ ရောက်တွင် ရိပ်ကနဲ အရိပ်တစ်ခုကိုတွေ့ရလိုက်ရသဖြင့် အဖွဲ့သားများအာ ခဏစောင့်ရန်အချက်ပေးပြီး ပြေးလိုက်ခဲ့လေတော့သည် ။ ထိုလူမှာ တစ်နည်းအားဖြင့် ဒေါက်တာသောမတ်စ်လူယုံသို့မဟုတ်ကျွန်ုပ်တို့အား နောက်မှ လိုက်လံချောင်းမြောင်းကြည့်ရှူနေသူတစ်ဦးဖြစ်တန်ရာ၏ ။ ကျွန်ုပ်လိုက်လာသည်ကိုတွေ့၍ ထွက်ပြေး လေရာ ကျွန်ုပ်လည်း ထွန်းလူဆီမှ ယူထားသော သေနတ်ဖြင့်လျှပ်တစ်ပြက် ပစ်ချလိုက်လေတော့သည် ။

“ ဒိုင်း ”

“ အူး....”

ထိုလူမှာ ခြေထောက်သို့ထိသွားဟန်ရှိ၏ ။ ဒူးခေါင်းကွေးညွတ်သွားကာ ယိုင်နဲ့ယိုင်နဲ့ဖြင့် အခန်းတစ်ခုအတွင်း ၀င်ရောက်ပျောက်ကွယ်သွားလေသည် ။ ကျွန်ုပ်လည်း အန္တရာယ်များလှသည်ဖြစ်၍ဆက်မလိုက်တော့ပဲ အဖွဲ့ဆီ သို့ ပြန်ခဲ့လေသည် ။ ထို့နောက် အကျိုးအကြောင်းပြောပြပြီး ဆက်လက်၍ လျောက်ခဲ့ရာ တစ်နေရာတွင် သံတံခါးကြီး တစ်ခုက ဆီးကာထား ပြီး လမ်းကားဆုံးနေပြီဖြစ်၏ ။ တံခါးက Electronic ဖြင့်ပြုလုပ်ထားပြီး နံပါတ်များ ပါရှိလေသည် ။ ထိုနံပါတ်များအပေါ်တွင် Ghost City Hospital No. ဟုရေးထားသည် ကိုတွေ့ရ လေသည် ။ ကျွန်ုပ်တို့လည်း ဆေးရုံအမှတ်အား မမှတ်ခဲ့မိ၍ လွန်စွာ နောင်တရမိလေတော့သည် ။ ဤတွင်သီတာက

“ အကို အဲဒီခလုတ်က ဆေးရုံနံပါတ်ကို ရိုက်ခိုင်းတာထင်တယ် ကျမမှတ်မိတယ် AD 980 ပါ”

ဟုပြောလေ၏ ။ ထိုအခါ မှကျွန်ုပ်မှာ သီတာ မှတ်ဥာဏ်ကောင်းပုံနှင့် အရာရာကို အမှုမဲ့ အမှတ်မဲ့မ နေ တတ်ပုံများကို ချီးကျူးရလေသည် ။ သို့နှင့် နံပါတ်များရိုက်ထည့်လိုက်ရာတံခါးကြီးမှာ ပွင့်သွားလေတော့သည် ။

“ ဝေါ....ဝေါ...”

တံခါး ပွင့်ပွင့်ခြင်းမြင် လိုက်ရသောမြင်လိုက်ရသောမြင်ကွင်းကြောင့်ကျွန်ုပ်တို့အဖွဲ့မှာ ကြက်သေသေ သွားမိ တော့သည် ။ ထိုအခန်းထဲ တွင် လွန်စွာများပြားလှသော သွေးစုပ်ကောင်အုပ်ကြီးပင်တည်း ။ မထူးတော့ပြီမို့ ကျွန်ုပ်တို့အဖွဲ့မှာ သွေးစုပ်ကောင်အဖွဲ့ကြီးနှင့် နွှဲရပေတော့သည် ။ တိုက်ပွဲကား ပြင်းထန်လှ၏ ။ အပွဲပွဲနွှဲလာသော လက်ရည်များ က သွေးစုပ်ကောင်များကို အပြိုပြို အလဲလဲ ဖြစ်စေ၏ ။ ဒေါက်တာနိုင်ဇော်၏ အားပါလှသော အဆင့်မြင့်တိုက်ကွက်များ ၊ သီတာ၏ ဖျက်လက်ရဲရင့်သော ကင်တိုဓါးချက်များ ၊ ထွန်းလူ၏ လျှင်မြန်လှသော ဓါးချက်များ ၊ ညိုမောင်၏ ပြင်းထန်သော လက်သီးတံတောင်တိုက်ကွက်များကြောင့်သွေးစုပ်ကောင်များမှာ ပြိုလဲကျကုန်၏ ။ ၂၀ မိနစ်ခန့်တိုက်ပြီးသည်နှင့်တိုက်ပွဲအား လက်စသိမ်းလိုက်တော့သည် ။ ကြမ်းပြင်ပေါ်တွင် အတုံးအရုန်း သေဆုံးကုန်သော သွေးစုပ်ကောင်များက ပြန့်ကျဲလျှက် ။ ကျွန်ုပ်တို့လည်း အခန်းအတွင်း ဆက်ဝင်ခဲ့ရာ ထောင့်တစ်နေရာတွင် အောက်ထပ်သို့ တွယ်ဆင်းသောပိုက်လုံးကိုတွေ့ရလေသည် ။ ကျန်အခန်းများမှာမူ လော့ခ်ကျနေပြီး တစ်ဖက်ပွင့်လော့ခ်များ ဖြစ်ဟန်တူသည် ။ ကျွန်ုပ်တို့လည်းပိုက်လုံး အပေါ် မှ တစ်ဦးချင်းတွယ်ဆင်းခဲ့ရာ ပန်းခြံလိုလို မြေကြီးပေါ်သို့ ခြေချမိကြလေ၏ ။ ဘေးဘီကို သေချာ ကြည့်မိတော့မှ မြေပုံမို့မို့များ အုတ်ဂူများနှင့် သင်္ချိုင်းတစ်ခုဖြစ်နေသည်ကို တွေ့ရလေသည် ။ ကျွန်ုပ်တို့ အဖွဲ့လည်း ထိုသင်္ချိုင်းအား ဖြတ်လျောက်မည်အပြုတွင် သီတာက

“ ခဏနေဦး မသွားကြနဲ့ဦး”

ဟု လှမ်းတားလေ၏ ။

အပိုင်း ၁၅ မျှော်.....။

သက်တန့်ချို
5 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment

ဒါလေးတွေရောဖတ်ပြီးပြီလား

Related Posts with Thumbnails