Thursday, August 26, 2010

အပြုံးတစ်ပွင့်ရဲ့တန်ဖိုး

အပြုံးတစ်ပွင့်ရဲ့တန်ဖိုး



" သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ ပြုံးပြပါ ။ သင့်ရဲ့ ဇနီး (သို့မဟုတ်) ခင်ပွန်းကို ပြုံးပြပါ ။ သင့်ရဲ့ ကလေး ငယ်တွေကို ပြုံးပြပါ ။ အချင်းချင်းပြုံးပြပါ ။ သူဘယ်သူလည်းဆိုတာ အရေးမကြီးပါဘူး ။ အဲဒီအ ပြုံးတစ်ပွင့်ဟာ သင်တို့အချင်းချင်း ချစ်ခြင်းမေတ္တာတွေ ဆက်လက်ကြီးထွားစေဖို့အတွက် အထောက် အကူပေး ပါလိမ့်မယ် "

Mother Teresa

အမေရိကန် တော်တော်များများဟာ Antoine de Saint-Exupery ရေးသားတဲ့ မင်းသားငယ်လေး (The Little Prince) ဆိုတဲ့ စာအုပ်ကို အဖတ်များကြပါတယ် ။ ဒီစာအုပ်ဟာ ယုံနိုင်ဖွယ်မရှိတဲ့ စိတ်ကူး သက်သက် သာရေးထားတဲ့စာအုပ်ဖြစ်ပြီး အဲဒီမှာပါတဲ့ ကလေးပုံပြင်တွေက လူငယ်တော်တော်များများရဲ့ တန်ဘိုးကို လှုံ့ဆော်ပေးတဲ့ သင်ခန်းစာပေးတဲ့ ပုံပြင် တွေဖြစ်ခဲ့ပါတယ် ။ Saint-Exupery ရဲ့ အခြား အရေးအသားတွေ ၊ ၀ထ္ထုတိုတွေနဲ့ ရသစာပေတွေလည်း ရှိပါသေးတယ် ။

Saint-Exupery ဟာ နာဇီတွေကို ဆန့်ကျင်တိုက်ခိုက်တဲ့ လေယဉ်ပိုင်းလော့တစ်ဦးဖြစ်ခဲ့ပြီး အဲဒီအရေးမှာပဲ ကွပ်မျက်ခြင်းခံခဲ့ရပါတယ် ။ ဒုတိယ ကမ္ဘာစစ်မတိုင်ခင်ကသူဟာ ဖက်ဆစ်တွေကို ဆန့်ကျင်ပြီးတော့ Spanish Civil War မှာ ပါဝင်တိုက်ခိုက်ခဲ့ပါတယ် ။ အဲဒီအတွေ့အကြုံတွေကိုမူတည်ပြီးတော့ တကယ့်ကို တန်ဖိုးရှိတဲ့ စာဖတ်သူရင်ထဲကို ကပ်ငြိစွဲလမ်းစေတဲ့ The Smile(Le Sourire) ကို ရေးသားခဲ့ပါတယ် ။ အဲဒီစာလေးဟာ အခု ခင်ဗျားကို ကျွန်တော်ပြန်မျှဝေပေးမယ့် စာတစ်ပုဒ်ဖြစ်ပါတယ် ။ ဒီစာပုဒ်လေးဟာ သူ့ရဲ့ ကိုယ်ရေးအထ္ထုပ္ပတ္တိလား ၊ စိတ်ကူးယဉ်ဇတ်လမ်းလားဆိုတာကိုတော့ အသေအချာမပြောနိုင်ပါဘူး ။ ကျွန်တော်ကတော့သူ့ကို လူသားတွေ ကို ပုံသွင်းပြုပြင်ပေးတဲ့သူလို့ ယုံကြည်ပါတယ် ။

သူဟာ ရန်သူတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မြေအောက်အကျဉ်းခန်းတစ်ခုမှာ လှောင်ပိတ်ထား ခြင်းခံခဲ့ရ တယ်လို့ သူက ပြောဆိုခဲ့ပါတယ် ။ အဲဒီအကျဉ်းခန်းထဲမှာ သူဟာ တခြားလူတွေရဲ့ အထင်သေး စက်စုပ်ရွံရွာဖွယ်အကြည့်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သူနဲ့ အတူတူ ထောင်သားအချင်းချင်းဆီက ကြမ်းတမ်း တဲ့ဆက်ဆံမှုတွေကို ပဲ ရရှိခဲ့တယ် ။ နေ့စဉ်နေ့တိုင်းမှာ လာမယ့်နောက်တစ်နေ့အတွက် စိတ်ရှုပ်ထွေး အကြံအိုက်တာတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ် ။ ဒီနေရာကနေစပြီး မှတ်မိသလောက် ကျွန်တော့်ရဲ့ ကိုယ်ပိုင် အရေးသားနဲ့ ရေးသားသွားပါ့မယ် ။

" ကျွန်တော်ဟာ မကြာခင်မှာပဲ အသတ်ခံရတော့မယ်ဆိုတာ ကျိန်းသေနေပါပြီ ..အဲဒီအချိန်မှာ ကျွန်တော်ဟာ အလွန်အမင်း စိတ်လှုပ်ရှားပြီး စိတ်ဓါတ်တွေလည်း ကျဆင်းမှုတွေကိုလည်း ကြုံတွေ့ခဲ့ရတယ် .....အဲဒီအချိန်မှာ ကျွန်တော်ဟာ သူတို့ ရှာဖွေစစ်ဆေးတာကနေလွတ်လာပြီး ကျန်နေသေးတဲ့ စီးကရက်တစ်လိပ်တလေများ ကျန်နေဦး မလားလို့ အိပ်ကပ်ထဲကို စမ်းတ၀ါးဝါးရှာဖွေခဲ့တယ် ...စီးကရက်တစ်လိပ်ကို ကျွန်တော်ရှာတွေ့ခဲ့တယ် ကျွန်တော့်ရဲ့ တုန်ခါနေတဲ့ လက်တွေကြောင့် စီးကရက်ကို နှုတ်ခမ်းမှာ တေ့ယုံပဲတေ့ထားနိုင်ခဲ့တယ် ...ဒါပေမယ့် ကျွန်တော့်မှာ မီးခြစ်မရှိခဲ့ဘူး သူတို့စစ်ဆေးတုန်းက မီးခြစ်ကို ယူသွားခဲ့ပြီလေ ..."

ခုံတန်းလျားနားက ကျွန်တော်နဲ့ ဘ၀တူ ထောင်သားတွေကို ကျွန်တော်ကြည့်လိုက်တယ်...တစ်ယောက်ကမှ ကျွန်တော့်ကို မျက်လုံးချင်းဆုံအောင်မကြည့်ကြပါဘူး ...အဲဒီနောက်မှာ ထောင်မှူးတစ်ယောက်ကတော့ ကျွန်တော့်ကို လူသေကောင်တစ်ယောက်ကို ကြည့်သလိုမျိုး အေးစက်စက်အကြည့်မျိုးနဲ့ မျက်လုံးချင်း ဆုံအောင်ကြည့်လာခဲ့တယ်ကျွန်တော်သူ့ကို လှမ်းခေါ်လိုက်တယ်

" ဟေး သူငယ်ချင်း မီးတစ်တို့လောက်ရမလား ခင်ဗျ "

သူကကျွန်တော့်ကို လှမ်းပြီးကြည့်တယ် ။ ပြီးတော့ပခုံးတစ်ချက်တွန့်ပြီးကျွန်တော့်စီးကရက်ကို မီးလာညှိ ပေးပါတယ် ။ သူကျွန်တော်နဲ့ နီးနီးကပ်ကပ်လာပြီး မီးတို့ပေးနေစဉ်မှာ သူနဲ့ကျွန်တော်နဲ့သူ မျက်လုံးချင်း အကြည့်ချင်းဆုံခဲ့ကြတယ် ။ အဲဒီအချိန်လေးမှာပဲ သူ့ကို ကျွန်တော်ပြုံးပြခဲ့တယ် ။ ဘာကြောင့် အဲဒီလို လုပ်ခဲ့တယ် ဆိုတာ ကျွန်တော်လည်းမသိပါဘူး ။ စိတ်လှုပ်ရှားနေပေမယ့်လည်း ဘာကြောင့်လည်းဆိုတာထက် သင်တစ်စုံ တစ်ဦးနဲ့ အရမ်းကိုနီးနီးကပ်ကပ်နေရတဲ့အခါ ပြုံးမပြပဲနေဖို့ကတော့ အတော်လေးခက်လှပါတယ် ။ ဘယ်လို ကိစ္စမျိုးဖြစ်ဖြစ် ကျွန်တော်ပြုံးပြခဲ့တယ် ။ အဲဒီအချိန်လေးအတွင်းမှာ လူသားနှစ်ဦးရဲ့ စိတ်ဝိဥာဉ်အတွင်း ဒါမှမဟုတ် ကျွန်တော်တို့ ၂ ယောက်ရဲ့ နှလုံးသား၂ခုကြားက နေရာလွတ်တစ်ခု ကွာခြားချက်တစ်ခုဟာ အဝေးကို ပြေးထွက်သွားသလိုပါပဲ ။ သူမပြုံးချင်ဘူးဆိုတာ ကျွန်တော်သိပါတယ် ။ ဒါပေမယ့် ကျွန်တော် သူ့ကိုပြုံးပြလိုက်တဲ့အခါ အံ့သြစရာကောင်းလောက်အောင် သူ့နှုတ်ခမ်းကလည်း ပြန်ပြုံးလာခဲ့တယ် ။ သူကျွန်တော့်စီးကရက်ကို မီးညှိပြီးပေမယ့်လည်း ထွက်ခွာမသွားသေးပဲ နေခဲ့တယ် ။ ပြီးတော့ ကျွန်တော့်မျက်လုံး တွေကိုစိုက်ကြည့်ပြီး ဆက်လက်ပြုံးပြနေခဲ့တယ် ။

ကျွန်တော်လည်း အဲဒီအချိန်မှာသူ့ကို ထောင်သားတစ်ယောက်အနေနဲ့မဟုတ်ပဲ လူသား တစ်ယောက် အ နေနဲ့ပြုံးပြခဲ့တယ် ။ သူ့အကြည့်တွေကကျွန်တော့်ကို အမြင်သစ် ရှူထောင့်တစ်မျိုးကနေ ကြည့်မြင်လာသလိုပါပဲ ။

" ခင်ဗျားမှာ ကလေးတွေရှိသလား "

သူကမေးခဲ့တယ် ။

" ဟုတ်ကဲ့ ရှိပါတယ် ဒီမှာ ဒီမှာ "

ကျွန်တော်လည်း ကျွန်တော့်ရဲ့ အိပ်ကပ်ထဲက မိသားစုဓါတ်ပုံကို တုန်တုန်ယင်ယင်နဲ့ ထုတ်ပြခဲ့တယ် ။ သူလည်းပဲ ကျွန်တော့်ကို သူ့မိသားစုအကြောင်းပြောခဲ့ပြီး သူ့ကလေးတွေ နဲ့ သူတို့ရဲ့ အနာဂါတ်တွေကို ကျွန်တော့်ကိုပြောခဲ့တယ် ။ ကျွန်တော့်မျက်လုံးဟာ မျက်ရည်တွေနဲ့ပြည့်နှက်နေပါပြီ ။ ကျွန်တော်က ကျွန်တော့် မိသားစုကို နောက်တစ်ကြိမ်ထပ်တွေ့ရဖို့ အခွင့်အရေးမရှိတော့ဘူးလို့ သူ့ကိုပြောခဲ့တယ် ။ သူတို့ ကြီးထွားလာတာကိုလည်း မြင်ခွင့်မရှိတော့ပါဘူး ။ သူ့မျက်လုံးကလည်းပဲ မျက်ရည်တွေစီးကျလာခဲ့ပါတယ် ။

ရုတ်တရက်ချက်ချင်းပဲ စကားတစ်လုံးမှမပြောပဲ ကျွန်တော့်ကို ချုပ်နှောင်ထားတာကို ဖြည်ပေးပြီး တိတ်တဆိတ် ကျွန်တော့်ကို ထွက်စေခဲ့တယ် ။ အကျဉ်းစခန်းအပြင်ဖက်ရောက်တော့ လာလမ်းကြောင်းအတိုင်းမြို့ပြင်ကို ထွက်လာခဲ့ကြတယ် ။ မြို့စွန်ရောက်တော့ သူကျွန်တော့်ကိုလွှတ်ပေးခဲ့တယ် ။ ပြီးတော့ ကျွန်တော့်ကို စကား တစ်ခွန်းမှမပြောပဲနဲ့ မြို့ထဲကို ပြန်ဝင်သွားခဲ့တယ် ။

ကျွန်တော့်ရဲ့ဘ၀ကို အပြုံးတစ်ပွင့်က ကယ်တင်ခဲ့ပါပြီ ။ ဟုတ်ပါတယ် ။ အပြုံးလေးတစ်ချက်ပါ ။ ဘာသက် ရောက်မှုမှမရှိတဲ့ ကြိုတင်ကြံစည်ထားခြင်းမရှိတဲ့ လူသားတွေကြားထဲက သဘာဝ ဆက်သွယ် မှုတစ်ခုပါပဲ ။ ဒီအကြောင်းအရာလေးကိုကျွန်တော့်အလုပ်မှာ လူတိုင်းကို ကျွန်တော်ပြန်ပြောပြခဲ့တယ် ။ ဘာကြောင့် လည်းဆိုတော့ လူတွေဟာ သူတို့ကိုယ်သူတို့ ဂုဏ်သရေရှိ ကြီးကျယ်မြင့်မြတ်မှုတွေ ၊ ပိုင်ဆိုင်ခွင့်တွေ ၊ ဘွဲဒီဂရီတွေ နဲ့ လူနေမှုအဆင့်အတန်းတွေစတဲ့ အပေါ်ယံအလွှာတွေနဲ့ပဲ ဖုံးအုပ်ဖို့ကြိုးစား နေကြတယ် ။ ဒါကြောင့် ဒီအလွှာတွေကို ဖယ်ထုတ်ပြီး ဟိုးအတွင်းပိုင်းက စစ်မှန်တဲ့ စိတ်ဓါတ်ကို ကြည့်ဖို့လိုပါတယ် ။

ကျွန်တော်ယုံကြည်တာတစ်ခုကတော့ ခင်ဗျားရဲ့တစ်စိတ်တစ်ပိုင်းနဲ့ ကျွန်တော့်ရဲ့တစ်စိတ်တစ်ပိုင်း ဟာ အချင်း ချင်း နားလည်နိုင်ကြလိမ့်မယ် ဒါဆိုကျွန်တော်တို့ ရန်သူမဖြစ်နိုင်ကြတော့ဘူးလေ ။ ကျွန်တော်တို့မှာ ကြောက် လန့်မှုတွေ နဲ့ အမုန်းတရားတွေ မနာလို ၀န်တိုမှုတွေ မရှိနိုင်တော့ပါဘူး ။ ကျွန်တော်ဝမ်းနည်းစွာ နိဂုံးချုပ်လိုတာကတော့ အဲဒီအလွှာတွေအားလုံးကို လက်တွေ့ဘ၀မှာ ကျွန်တော်တို့အားလုံးက ဂရုတစိုက်နဲ့ တည်ဆောက်နေကြတယ် ။ ဒီလိုနဲ့ ကျွန်တော်တို့ အချင်းချင်းကြားက စစ်မှန်တဲ့ ဆက်သွယ်မှုဆိုတာ တဖြည်းဖြည်းဝေးကွာလာတာပေါ့ ။

Saint-Exuperyရဲ့ ဇတ်လမ်းဟာ လူနှစ်ဦးကြားက စိတ်ဝိဥာဉ်ချင်းဆက်သွယ်တဲ့အခိုက်အတန့်လေးကို ဖော်ပြပေးသွားတာဖြစ်ပါတယ် ။ ကျွန်တော့်မှာလည်း အဲဒီလိုအခိုက်အတန့်လေးတွေရှိပါတယ် ။ ဥပမာ တစ်စုံတစ်ဦးကို ကျွန်တော်ချစ်မိသွားတဲ့အချိန်ပေါ့ ။ ကလေးငယ်တစ်ယောက်ကိုကြည့်ကြည့်ပါ ။ ဘာကြောင့်များ ကလေးတွေကိုကြည့်ရင်ကျွန်တော်တို့ ပြုံးပြကြရတာပါလည်း ။ ဘာကြောင့်လည်းဆိုတာက ကလေးငယ်တွေမှာ ဘာအလွှာမှမရှိကြဘူးလေ ။ တစ်စုံတစ်ယောက်က ပြုံးပြတဲ့အခါ အစစ်အမှန်နဲ့ဟန်မဆောင်တာဖြစ်ဖို့လိုပါတယ် ။ ပရိယာယ်မာယာတွေကင်းစင်နေဖို့လည်းလိုပါတယ် ။

မူရင်းစာရေးသူ - Hanoch McCarty

သက်တန့်ချိုဘာသာပြန်သည် ။
26 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. အင်းးး .. ဟုတ်တယ် ...
    အပြုံး ဆိုတာ တော်တော် အရေးကြီးတယ် ... :))

    ReplyDelete
  2. ကျွန်တော်ဆိုပြုံးလွန်းလို့ဗျာ စပ်ဖြီးဖြီးကြီးတဲ့ဗျ အပြောခံရတယ်း)း)ဒါပေမယ့် ပြုံးနေတုန်းပါပဲ ဗျား)

    ReplyDelete
  3. အပြုံးဆိုတာကတော့လူတိုင်းမှာရှိသင့်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦးခင်မင်မှုဖြစ်စေတာလဲ အဲဒီအပြုံးပါပဲ။ အမြဲတမ်းပဲပြုံးနေရမယ်လို့မဆိုလိုပါဘူး။ သူ့နေရာနဲ့သူပေါ့။ အပြုံးဆိုတာ အရမ်းကိုအရေးကြီးပါတယ်။ ညီမကတော့ကိုယ်စိတ်ဆိုးနေတာကို သူများသိသွားမှာစိုးလို့ အပြုံးနဲ့ပဲ အမြဲဟန်ဆောင်နေခဲ့ရပါတယ်။ ညီမရဲ့စိတ်ရင်းကတော့ ပျော်ပျော်နေတတ်တဲ့သူပါ။ ဒါကြောင့် မိတ်ဆွေသူငယ်ချင်းအားလုံးလည်း ပြုံးပြုံးလေးနဲ့ပဲ ဘ၀ကို ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေ....

    ReplyDelete
  4. အပြုံးလေးတစ်ချက်ကလည်းဘ၀ကိုတော်တော်ပြောင်းလဲစေတာပဲနော်။

    ReplyDelete
  5. ဟန်ဆောင်မှုကင်းတဲ့ အပြုံးက စိတ်ကို အေးမြငြိမ်းချမ်းစေပါတယ်...

    ReplyDelete
  6. သံစဉ်ချို
    အပြုံးက ရင်ကိုအေးမြစေပါတယ်၊၊

    ReplyDelete