Wednesday, October 6, 2010

နို့ဘူးပေါင်း ငါးသောင်းနဲ့ တည်ဆောက်တဲ့ ရဲတိုက်ပုံသဏ္ဍာန်

နို့ဘူးပေါင်း ငါးသောင်းနဲ့ တည်ဆောက်တဲ့ ရဲတိုက်ပုံသဏ္ဍာန်




အဆောက်အအုံတစ်ခုလုံးကို စွန့်ပစ်ပစ္စည်းဖြစ်တဲ့ နို့ဘူးအခွံတွေနဲ့တည်ဆောက်ထားတာပါ ။ ၂၀၁၀ ခုနှစ်မေ လမှာ Spain နိုင်ငံတောင်ပိုင်း Granada မှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ် ။ ဒီမတိုင်ခင် ရက်အ နည်းငယ်တုန်းက စပိန်မှာ ပဲ အလားတူ တည်ဆောက်မှုစံချိန်ကို ယခုချိုးဖျက်လိုက်ဖြင်းဖြစ်ပါတယ် ။

Local council နဲ့ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချရေးကုမ္မဏီတစ်ခုဖြစ်တဲ့ RE SUR GRANADA တို့မှ စပွန်ဆာ ပေးခဲ့ခြင်းဖြစ်ပါတယ် ။ ပြီးတော့ Granada ရဲ့ သိပ္ပံပန်းခြံမှာ ပြသခဲ့ခြင်းဖြစ်ပါတယ် ။ Granada ရဲ့ အာခီတိုက် အနုပညာ ဒီဇိုင်းကောလိပ်မှ ကျောင်းသူကျောင်းသားတွေက ဒီရဲတိုက်ပုံသဏ္ဍာန်ကို ဒီဇိုင်းထွင်ခဲ့ကြခြင်း ဖြစ်ပါတယ် ။



အယောက်ငါးထောင်လောက်ရှိတဲ့ကျောင်းသားလေးတွေဟာ ဒီနို့ဘူးအခွံပေါင်း ငါးသောင်းလောက်ကို ကျောင်း အသီး သီးကနေကောက်ယူခဲ့ကြပြီး အများဆုံးကောက်ယူနိုင်ခဲ့တဲ့ ကျောင်း၃ ကျောင်းက ကျောင်းသားတွေဟာ ဒီအခမ်းအနားကို တက်ရောက်ခွင့်ရောက်ပြီး နောက်ဆုံးသူတို့ ကောက်ယူခဲ့ကြတဲ့ နို့ဘူးအခွံတွေဟာ ဘယ်လို ဖန်တီးမှုအဖြစ်ထွက်လာသလဲဆိုတာ ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ် ။ နှစ်ပတ်အတွင်းမှာ အခွံ ၄၅၀၀ ကို ကောက် ယူခဲ့တဲ့ ကျောင်းတစ်ကျောင်းလည်းပါဝင်ပါတယ် ။




ဒီရဲတိုက်ဟာ ၂၉ မီတာ (၉၅ ပေ ၁လက်မ) အရှည် နဲ့ ၁၄.၀၇ မီတာ (၄၆ ပေတ ၁လက်မ) အကျယ်ရှိပါတယ် ။ အမြင့်ကတော့ ၇ မီတာ (၂၂ ပေ ၁၁ လက်မ) ရှိတယ်လို့ သိရပါတယ် ။




သက်တန့်ချို
6 Oct 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments: