Thursday, October 7, 2010

ထုံးဘို သုံးထပ်ရေတံခွန်သို့ အလည်တစ်ခေါက်

ထုံးဘို သုံးထပ်ရေတံခွန်သို့ အလည်တစ်ခေါက်

(ဒီပို့စ်လေးကို တင်မယ်တင်မယ်နဲ့ အလုပ်တစ်ဖက် ကိုးနတ်ရှင်တစ်ဖက်နဲ့ မတင်ဖြစ်သေးတာကြာသွားပါတယ် အခုတော့တင်လိုက်ပါပြီ )



ရာသီဥတုကတော့ ရန်ကုန်ထက်ပိုပြီးပူပြင်းတဲ့နေရာ ။ အခုဆို သူကြီးတစ်ယောက် ရွာကနေ မြို့ကြီးကို တက်သွား လိုက်တာ ရက်တွေတောင် အတော်ကြာခဲ့ပြီပေါ့ ။ ရွာထဲမှာ ဘာတွေများဖြစ်ပျက်နေလည်းဆိုတာ တစ်နေ့ တစ်နေ့ စနည်းနာရတာကလည်း အမောပါပဲ ။ ထုံးစံအတိုင်းပေါ့ ရွာသားမြို့ရောက်ဆိုတဲ့အတိုင်း ဆိုင်ကယ် တွေတ၀ီဝီနဲ့ ရွှေမန္တလေး မြို့တော်ကြီးမှာ မျက်စိ သူငယ်နားသူငယ်နဲ့ပေါ့ ။ မီးရောင်တွေတ၀င်းဝင်း ဆူညံတဲ့ ဆိုင်ကယ်သံတွေနဲ့ ပြိုးပျက်လက်နေတဲ့ ရွှေမြို့တော်ကြီးမှာ သူကြီး အတွက်အတွက် မြင်သမျှဟာ အသစ်အဆန်းတွေကြီးပါပဲ ။ တိုက်ကြီးတွေကြားထဲမှာ သူကြီးကတော့ ဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့ ဟာကနဲ ဟင်ကနဲ အသစ်အဆန်းတွေကို တအံ့တသြ ငေးမောကြည့်ယုံပါပဲ ။

မြို့ပေါ်ရောက်ကာစကတော့ သူကြီးရဲ့ များပြားလှတဲ့အလုပ်တွေကြားမှာ ရုံးနဲ့ ဟော်တယ် ဇယ်ဆက်သလို ပိနေခဲ့ပါတယ် ။ ဒါနဲ့ အစပထမတော့ လုံးဝမရောက်ဖူးတဲ့ ပြင်ဦးလွင်ဆိုတဲ့ ဥယျာဉ်မြို့တော်ကြီး ကိုသွား ရောက် လည်ပတ်ဖို့ ကြားရက်လေးဖြစ်တဲ့ တနင်္ဂနွေမှာ ကြံစည်ထားခဲ့ပါတယ် ။ဒါပေမယ့် ရောက်ဖို့ကံမပါလာပဲ အကြောင်း အမျိုးမျိုးကြောင့် ပျက်သွားခဲ့ပြီး သူကြီးတစ်ယောက်အဲဒီတစ်မနက်လုံး ဟော်တယ်မှာ ယောင်ချာ ချာနဲ့ ဖြစ်နေခဲ့ရပါတယ် ။ ဒါပေမယ့် ချစ်လှစွာ သော သူကြီးတပည့်ကြီးတွေက ပြင်ဦးလွင် လိုက်မ ပို့ဖြစ်တာ အားနာလို့ ဆိုပြီး အနီးအနားက ရေတံခွန်လေးတစ်ခုကို လိုက်ပို့မယ်ဆိုပြီး တည်းခိုရာ ဟော် တယ်ကြီးကို အုပ်စု လိုက် ချီတက်လာကြပါတယ် ။

နာမည်က ထုံးဘို သုံးဆင့်ရေတံခွန်တဲ့ ။ မန္တလေးမြို့နဲ့ ၁၄ မိုင်လောက်တော့ကွာဝေးပါတယ် ။ ဆိုင်ကယ်သာ မရှိရင် သွားလို့ လုံးဝမလွယ်တဲ့ မြန်မာနိုင်ငံရဲ့ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ကမ္ဘာကျော်မယ့် နေရာလေး တစ်ခုပေါ့ ။ သူကြီးကတော့ အော်..ဒီနေရာလေးကို လမ်းလေးတွေပြင် ပြီး ကမ္ဘာလှည့်ခရီးသည်တွေကို သာ ၀ါးရုံပင် လေးတွေနဲ့ ဆွဲဆောင်လိုက်ရရင်တော့ သောက်သောက်လဲ နာမည်ကြီးလိုက်မယ့်ဖြစ်ချင်းပေါ့ ။ သူကြီး တွေးမိတာပါ ။ အရင်ဆုံး ရေတံခွန်ကိုမရောက်ခင် ဆိုင်ကယ် ၁ နာရီကျော်ကျော်လောက်မောင်းရပါတယ် ။



လမ်းဘေးတစ်ချက်တစ်ချက်မှာ ကျောက်တောင်တွေနဲ့ ထူးဆန်းတာက အဲဒီကျောက်တောင်ကြီးတွေဟာ မြေသား လုံးဝမရှိပဲ ကျောက်စစ်စစ်တွေ ဖြစ်နေလို့ပါပဲ ။ မန္တလေးတစ်မြို့လုံးက တိုက်ဆောက်တာဖြစ်ဖြစ် လမ်းခင်း တာဖြစ်ဖြစ် အဲဒီကျောက်တောင်ကြီးတွေကို မိုင်းနဲ့ ခွဲပြီး ကားနဲ့သယ်ရတာဖြစ်ပါတယ် ။





ဒီလို ဆိုးတဲ့လမ်းတွေကို ဆိုင်ကယ်နဲ့ မောင်းခဲ့ရတာဖြစ်ပါတယ် ။



ကျောက်တုံးတွေကို သယ်ခဲ့တဲ့ ကားကြီးတွေကိုလည်း တွေ့ခဲ့ရပါသေးတယ် ။ လမ်းက တအားဆိုးတဲ့အတွက် ဆိုင်ကယ် ကို နောက်ကနေ မပြုတ်ကျအောင် သူကြီးတစ်ယောက် မြဲမြဲ ကိုင်ထားပြီး ရင်တထိတ်ထိတ်နဲ့ လိုက် ခဲ့ရပါတယ် ။



လမ်းမှာ မြန်မာဆင် ဆိုတဲ့ ဘိလပ်မြေစက်ရုံကိုလည်း တွေ့ခဲ့ရပါသေးတယ် ။



ဒါကတော့ သုံးရာသီ အပန်းဖြေဥယျာဉ်ကို မရောက်ခင်လမ်းမှာတွေ့ရတဲ့ ကျောက်ချောင်းပဲဖြစ်ပါတယ် ။



ရေလွှာပါးပါးလေးနဲ့ ရေတံခွန်အသေးစားလေးကလည်း လာသမျှ လူတွေရင်ထဲ လန်းဆန်းသွားအောင် ဆွဲ ဆောင်နိုင်ပါတယ် ။ ဆိုင်ကယ်လမ်းက တအားဆိုးတဲ့အတွက် နောက်ကနေထိုင်ပြီး ဓါတ်ပုံရိုက်လို့ မရတဲ့အတွက် လမ်းကိုတော့ မရိုက်ခဲ့ရပါဘူး ။ ဒါနဲ့ ပဲ တစ်နာရီကျော်ကျော်လောက် မောင်းပြီးတဲ့အခါမှာ သုံးရာသီ အပန်း ဖြေဥယျာဉ်ကို ရောက်ခဲ့ပြီဖြစ်ပါတယ် ။ ဖုန်တွေတထောင်းထောင်နဲ့မို့ လူက မလှုပ်ချင်လောက်အောင် ပါပဲ ။



သစ်တောစိမ်းစိမ်းနဲ့ လှပတဲ့ တောင်ကမ်းပါးယံ မြင်ကွင်းဖြစ်ပါတယ် ။



မနက်စာမစားရသေးတဲ့အတွက် အဲဒီမှာပဲ ထမင်းဆီဆမ်းနဲ့ လက်ဖက်သုပ် ၊ ကြက်ဥ မွှေကြော် တို့နဲ့ အတူ ထမင်းစားခဲ့ပါတယ် ။ စားကောင်းကောင်းနဲ့စားခဲ့တာ ၂ ပန်းကန်တောင်ကုန်ပါတယ် ။ အဲဒီမှာ တစ်နာရီ လောက် နားပြီးတဲ့အခါ တောင်ပေါ်ကို စတက်ပါတယ် ။ လမ်းကကျဉ်းကျဉ်းနဲ့ နာရီဝက် လောက်သာ တက်ရ တယ်ဆိုပေမယ့် မြင့်မားမတ်စောက်တဲ့အတွက် အရမ်းကို မောဟိုက်ပြီး ပင်ပန်းပါတယ် ။ ဘေးတစ်ဖက်စီ က ၀ါးရုံတောတွေနဲ့ တကယ့်ကို တောတွင်း ခရီးသွားရသလိုပါပဲ ။



ဒါကတော့ သူကြီးတို့ တက်တက်လမ်းကို ရိုက်ထားတဲ့ပုံဖြစ်ပါတယ် ။ ဒီလိုနဲ့ မောပန်းလွန်းစွာ တက်ပြီးတဲ့အခါမှာ ရေသံ တွေကို စကြားလာရပြီဖြစ်ပါတယ် ။ အရင်ဆုံးရေတံခွန်အောက်ခြေမှာ ၀ါးတဲလေးတွေကို တွေ့ရပါတယ် ။ သူကြီးလည်း ဘောင်းဘီတိုမပါလာတဲ့အတွက် အဲဒီတဲလေးတွေက ပုဆိုးကိုငှားပြီးပဲ ရေထဲ ဆင်းခဲ့ရပါတော့တယ် ။ အဖြစ်ကအဲဒီလိုပါ ။ ရေထဲကို ခြေချမိတဲ့အချိန်ကတော့ အရမ်းကို အေးစိမ့်ပြီး ပင်ပန်းလာသမျှ ယူပစ်သွားသလို ပျောက်သွား ပါတယ် ။ ရေတံခွန်က သုံးဆင့်ဖြစ်ပါတယ် ။ ကျောက်တုံးတွေက ချောကျိလွန်း တဲ့အတွက်အ ရမ်းကိုသတိထားရပါတယ် ။



ဒါကတော့ အဝေးကနေလှမ်းမြင်ရတဲ့ ရေတံခွန်ပုံဖြစ်ပါတယ် ။



ရေတံခွန်အောက်ခြေမှာ အပန်းဖြေစရာ ဒီလို တဲငယ်လေးတွေရှိပါတယ် ။ ဆယ့်ငါးမိနစ်လောက်နားပြီးမှ ရေထဲဆင်းကြတာဖြစ်ပါတယ် ။ သူကြီးကတော့ ၀တ်စရာ ဘောင်းဘီတို အပိုမပါလာတဲ့အတွက် အဲဒီတဲလေး တွေက ပဲ ပုဆိုးငှားပြီး ဆင်းခဲ့ပါတော့တယ် ။



သူကြီးနဲ့ သူကြီး ဘော်ဘော် တပည့် ကိုကျော်တို့ဖြစ်ပါတယ် ။

ရေတံခွန် ပထမအဆင့်ကတော့ နိမ့်ပါတယ် ။ ဒါပေမယ့် ဒုတိယအဆင့်ကို တက်ပြီးတဲ့အခါမှာတော့ ရေအိုင်ကြီး တစ်ခုရှိပါတယ် ။ သူကြီး လည်ပင်းအထိရေနစ်ပြီး အလွန်ကို အေးစိမ့်လှပါတယ် ။ အောက်ခြေက ကျောက်တုံးလေး တွေကို ခြေထောက်နဲ့စမ်းမိပါတယ် ။ တစ်ချို့နေရာတွေကတော့ လူတစ်ရပ်ကျော် ကျော်အထိနစ်တဲ့နေရာတွေရှိပါတယ် ။ ရေတံခွန်ကနေစီးကျနေတဲ့ နေရာရောက်အောင်တော့ မနည်းကို ခြေကုပ်ပြီး သွားယူရပါတယ် ။ အဲဒါကနောက်ဆုံးပါပဲ နောက်တစ်ဆင့်ကိုတော့ တက်မရတော့ပါဘူး ။ မတ်စောက် လွန်းတဲ့ ကျောက်တောင်တွေပဲ ရှိတဲ့အတွက်ပါ ။ ရေတံအခွန် အမြင့်က တော့အလွန်ကို မြင့်မားပြီး ခန့်မှန်းခြေ ပေ ၇၀ ကျော်ကျော်လောက်ရှိပါတယ် ။



ဒါကတော့ အလယ်ကနေ ရေတံခွန်အလှနဲ့ ပဲများနေပုံဖြစ်ပါတယ် ။



အဝေးကနေ လှမ်းရိုက်ထားတဲ့ပုံဖြစ်ပါတယ် ။



ရေလယ်ခေါင်ကနေ ကနေတာမဟုတ်ပါဘူး ။ လက်ထောင်ပြီး အိုက်တင်လုပ်ဆိုလို့ လုပ်ကြည့်တာ :P



ဘယ်ဖက်အစွန်ဆုံးက သက်တန့်ချို အလယ်က ကိုကျော်နဲ့ အစွန်က တော့ သူငယ်ချင်းတစ်ယောက်ဖြစ်ပါတယ် ။







ရေတံခွန်အလှအပ ရှူခင်းပုံများပဲဖြစ်ပါတယ် ။



ဒါကတော့ရေတံခွန်မှာရေချိုးပြီး အပြန် သုံးရာသီမှာ ခဏအနားယူတုန်းရိုက်ထားတဲ့ပုံဖြစ်ပါတယ် ။

အပြန်ကျတော့ မှောင်ကလည်းမှောင်နေပါပြီ ။ ဆိုင်ကယ်နောက်ကနေ သေချာထိုင်လိုက်လာရင်း တည်းခိုရာ ဟော်တယ် ကို ည ၇ နာရီလောက်မှ ပြန်ရောက်ပါတယ် ။ ညရောက်တော့ ဘယ်မှတောင်မထွက်နိုင်တော့ပါဘူး ။ လူက တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်နေပြီး ဟိုတယ်မှာပဲ စောစော နှပ်နေလိုက်ပါတော့တယ် ။

နောက်ပိုင်းလည်း ကြုံရင်ကြုံသလို ခရီးသွားမှတ်တမ်းလေးတွေတင်ပေးပါဦးမယ် ။

သက်တန့်ချို
7 Oct 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

15 comments:

  1. ရေတခွန်မှာ ဒွေးမယ်နော်တို့ ရေလာချိုးတာတွေ့မိသေးလား..

    ReplyDelete
  2. ဓာတ်တော်ချိုင့်ကိုများပြောနေသလားမသိ... ကျွန်တော်တော့ သိပ်လွမ်းတယ်..း(

    ReplyDelete
  3. သွားချင်တယ်...
    သွားချင်တယ်...
း((((((((((

    ReplyDelete
  4. အင်း ရေးထားတာတွေ ရိုက်ထားတာတွေက မန်းတလေးသားတောင် အံ့မခန်းပါလား အရမ်းလှတာပဲ ကော. မနက်ဖြန်သုံးထပ်ကိုသွားမယ် ကိုသက်တန့် ပြောလို့။ အဟီ.. မန်းတလေးကိုလာတုန်းကသွားတာ သူတို့ပဲကဲတယ်.. ကိုးကိုတောင်ခေါ်မသွားဘူး...

    ခင်မင်လျှက်
    ကိုကိုအိမ်(မန္တလေး)

    ReplyDelete
  5. အဲဒီကို မရောက်ဖြစ်သေးဘူး.. သွားရဦးမယ်.. ခုလိုပုံလေးတွေမြင်တော့ သွားချင်ပြန်ရော..
    တက်ရတာ တော်တော် ပင်ပန်းလား ဟင်.. ဓါတ်တော်ချိုင့်တောင် ပြန်တက်တော့ တော်တော် ပင်ပန်းတာ..

    ReplyDelete
  6. လှတယ်ဗျာာာ ရောက်သေးဖူးးး


    မောင်ဘကြိုင်

    ReplyDelete
  7. ဒီနှစ် တန်ဆောင်မုန်းလပြည့်နေ့မှာ စီစဉ်မထားပဲရောက်သွားတာ အဲဒီရေတံခွန်မှ အဲဒီရေတံခွန်အစစ်၊ လှတာကတော့လှတယ်၊ တန်ဆောင်မုန်းလပြည့်ဆိုတော့ အသွားလမ်းတစ်လျှောက်မှာဆို တားထားကြတာမှ ကြိုးတွေနဲ့ရော ၀ါးလုံးတွေနဲ့ရော နည်းနည်းနောနောမဟုတ်ဘူး၊ အဲဒီတောင်တက်ပြီး နောက်နေ့လည်းရောက်ရော တကယ့်ကို ကိုင်ရိုက်ထားတဲ့အတိုင်းပဲ

    ReplyDelete
  8. ခက်ခဲတဲ့နေရာတစ်ခုကို.လေ့လာခဲ့တာဘဲ။ကြည့်ရတာစိတ်အေးချမ်းပါတယ်။အစိမ်းရောင်ကာလာများတဲ့အတွက်၊မျက်စိအတွက်လဲအကျိုးသက်ရောက်ပါတယ်...။ဒါပေမဲ့...ခရီးလမ်းမှာ.လုံခြုံမူရှိရဲ့လားသိချင်ပါတယ်။

    ReplyDelete
  9. ကြိုးတွေ ၀ါးလုံးတွေနဲ့တားတယ် ဆိုတာက တန်ဆောင်မုန်းလပြည့်နေ့မို့လို့ ကလေးတွေပျော်ပွဲစားထွက်ဖို့ မုန့်ဖိုးတောင်းတဲ့ အလေ့အထကိုပြောတာပါ(လုံခြုံမှုရှိရဲ့လားလို့မေးထားလို့ပါ)

    ReplyDelete
  10. snwchitthu88@gmail.comMarch 20, 2012 at 2:13 PM

    ကိုသက်တန့်နောက်တစ်ခါမန်းလေလာရင်
    သုံးထပ်ရေတံခွန်နားမှာ(အိုးတစ်လုံး၊ဒီးဒုတ်ရေတံခွန်၊ဆည်တော်လေးကျန်သေးတယ်သိလား
    ဆည်တော်လေးမှာဆို၇င်လည်းတောင်ပေါ်ကိုတ်ေရုံတန်ရုံဘယ်သူမှမေ၇ာက်ဘူးတောင်ပေါ်ကနေကြည့်ရင်ရှုခင်းလှလှလေးတွေရှိတယ်သိလားနောက်တစ်ခါလောက်လာခဲ့ပါလားကိုသက်တန့်ရဲ့သုံးထပ်ကပုံတွေလဲအရမ်းလှတယ်သိလား
    ဆ၇ာလုပ်တာမဟုတ်ဘူးနော်ကိုသက်တန့်အတွက်ခရီးသွားမှတ်တမ်းနောက်တစ်ခုအတွက်စာမူရအောင်လို့ပါ

    ReplyDelete
  11. တောင်ပေါ်တက်ရမှာတော့ မောလွန်းလို့ မတက်ဖြစ်ခဲ့ပါဘူး......နောက်တစ်ခေါက်ပြန်ရောက်ဖြစ်ဖို့ ခဲယဉ်းတဲ့နေရာလေးပါ

    ReplyDelete
  12. ကိုကျော် ကိုညွန့်ဝင်း မအိတို့ကောပါလား

    ReplyDelete
  13. I really miss my country .... I want to go visit there ..... thank you for your post . By the way ... I think you are so old ready .... actually you are young . ... but you can do good things .

    ReplyDelete
  14. Thanks for your information.
    Let me share for my FB .
    We will plan to go very soon.We just back from "Dattaw gyaint fall " and well go Dee Dote fall comming weekend.

    ReplyDelete
  15. ဖတ်တာနောက်ကျပေမယ့်. မြန်မာပြည်ကအလှအပတွေနဲ့အရမ်းကို ကျေးဇူးတင်ပါတယ်။

    ReplyDelete