Friday, October 15, 2010

သ တိ ရ ေ ပ း ယံု နဲ့ တ င်.....



သ တိ ရေ ပး ယုံ နဲ့ တ င်.....

ည...ည....ည...
ဒီအမှောင်ထုတွေထဲ
ဘယ်လိုများ ဖြတ်ကျော်ရမလဲကွယ်....
ချစ်သူရယ်....
ဘာကြောင့်များ...သတိရစိတ်တွေကို
ပိုင်စိုး ထားရပါသလဲ ...
နေ့စဉ်ရက်ဆက်...ငါက
အလွမ်းဒါဏ်သင့်နေခဲ့သူပါ
မင်းရဲ့ဝင်သက် တစ်ချက်ကို
ငါ့ရဲ့ တစ်သက်တာ ဘ၀ထက်
တန်ဖိုးထားခဲ့ရတာ
အခုတော့လည်း.....
ရှေ့ဆက်ရမလား...နောက်ဆုတ်ရမလား...
လက်တွဲပါ့မလား...ချန်ခဲ့မှာလား...
ဘာတွေပဲဖြစ်ပျက်ခဲ့ပါစေ...
အို....ချစ်သူရယ်..
ရင်နင့်အောင်ချစ်ခဲ့ဖူးတဲ့လူတစ်ယောက်
လောကရဲ့ထောင့်တစ်နေရာမှာ ရှိခဲ့တယ်ဆိုတာ...
သတိရပေးယုံနဲ့တင်...
ငါ...က.....
နေတတ် ကျေနပ်မယ့်သူပါ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. သတိရနေပါသည်...
    ကဗျာထဲက ချစ်သူတော့ဟုတ်ဘူး...
    သူငယ်ချင်းနော်...ဟီးဟီး

    မရောက်တာကြာလို့ အခုမှပဲ စာကြွေးတွေ စုပြီးဆပ်သွားတယ် သက်တန့်ရေ...

    ReplyDelete
  2. " ဘာကြောင့်များ...သတိရစိတ်တွေကို
    ပိုင်စိုး ထားရပါသလဲ ...
    နေ့စဉ်ရက်ဆက်...ငါက
    အလွမ်းဒါဏ်သင့်နေခဲ့သူပါ "

    တို့လဲ သတိရနေပါသည် ( ကိုယ့်ချစ်သူကိုပြောတာ ) :P

    ReplyDelete
  3. Like တအားကောင်းတယ်။

    ReplyDelete
  4. I like it "လောကရဲ့ထောင့်တစ်နေရာမှာ ရှိခဲ့တယ်ဆိုတာ...
    သတိရပေးယုံနဲ့တင်...
    ငါ...က.....
    နေတတ် ကျေနပ်မယ့်သူပါ"

    ReplyDelete
  5. ကဗျာလေးအားပေးသွားပါတယ်။

    ReplyDelete
  6. အိမွန်လည်းသတိရနေပါတယ် ...(အဝေးကချစ်သူကိုပြောတာနော်)

    ReplyDelete
  7. သတိရလိုက်တာ....
    ဘ၀တစ်ပါးကို ကူးပြောင်းသွားတဲ့ ချစ်သူကို....

    ReplyDelete