အင်းလျားရေပြင်သည် ညို့မှိုင်းသော ကောင်းကင်အောက်တွင် လှိုင်းကြက်ခွပ်လေးများ ဖြင့် ငြိမ်သက် တိတ်ဆိတ်ကာနေ၏ ။ တစ်ချက်တစ်ချက် ဖြတ်သန်းတိုက်ခတ်သွားသော လေနုအေး လေးများက ကျွန်တော် သိပ်ချစ် ရသော သူမ ဆံနွယ်ရှည်ရှည်များကို ဝေ့၀ဲလွန့်လူးသွားစေ၏ ။ ရေပြင်အား အဓိပ္ပါယ်မဲ့ စိုက် ကြည့်နေသော နေ ခြည်ဆိုသော သူမကို ကျွန်တော်နားမလည်ပါ ။ ရောက်စကတည်းက ၂ ယောက်စလုံး တိတ် ဆိတ်နေ သည် မို့ ကျွန်တော်နှင့်သူမကြားတွင် မမြင်နိုင်သော ခြောက် ခြားဖွယ်ရာ အေး စက်မှုတစ်ခု က နေရာ ယူထားလေ၏ ။ ရေပြင်အစပ်ရှိ သစ်ပင်ပေါ်တွင် သုတ်ကနဲထပျံသွားသော ငှက် နှစ်ကောင်နောက် ကိုငေး ကြည့်ရင်း အေးစက်ကိုက်ခဲမှုကို သည်းမခံနိုင်စွာ ကျွန်တော်သူမကို စတင်စကားပြောရန် အားယူလိုက်၏ ။
“ နေခြည်.....”
ကျွန်တော့်ရဲ့ တိုးလျတဲ့ ခေါ်သံကြောင့် ကျွန်တော်အနှစ်နှစ်အကာလ ရူးသွပ်ခဲ့ရတဲ့ သူမရဲ့ မျက်ဝန်းလဲ့လဲ့လေး ဟာ ကျွန်တော့်ကိုဖျက်ကနဲလှမ်းကြည့်ပါတယ် ။ အခုအချိန်ထိပါပဲ... နေခြည် ... ကျွန်တော့်ရဲ့ရင်ထဲမှာ ပန်းတွေ ပွင့်နေ တုန်းပါပဲ ။
“ မောင်... ”
“ နေခြည်.. ကိုယ်တို့ ဘာမှမပြောကြတော့ဘူးလား ”
“ ပြောပါတယ်မောင်..ဒါပေ မယ့် နေခြည်နဲ့မောင်နဲ့ အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပြီးပြီပဲ အဖြေက ထူးခြားပြီး ထွက် လာ မှာ မှမဟုတ်တာ လေ ”
“ ဒီမှာနေခြည် မောင့်ကို မင်းတကယ်ချစ်ခဲ့တာလားဟင် ”
ကျွန်တော့်မေးခွန်းကြောင့် သူမ မျက်ဝန်းမှာ ကျွန်တော်မဖတ်ရှုနိုင်တဲ့ အရောင်တွေ တဖျတ်ဖျတ် လွန့်လူးဝဲ ခါသွားပါတယ် ။
“ အရမ်းချစ်တာပေါ့မောင်...ကျွန်မ ..အသွေးအသားထက်ကို ပိုချစ်ပါတယ် ကျွန်မ စိတ်ဝိဥာဉ်နဲ့ ကျွန်မပိုင်ဆိုင် သမျှအရာ အားလုံး ထက် မောင့်ကို ကျွန်မ ရူးသွပ်တပ်မက်ပါတယ် ”
“ ဒါ..ဒါဆို မင်းကိုယ့်ကို ဘာလို့ လက်မထပ်နိုင်ရတာလဲနေခြည် .. အသက်အရွယ် ကိုတော့အကြောင်း မပြနဲ့နေ ခြည် ကိုယ်၂၇ နှစ်ကျော်ပြီ မင်း ၂၅ နှစ်ရှိပြီ ပညာအရည်အချင်းရောကြည့်ဦး မင်းရောမောင်ရော ဘွဲ့ရပညာ တတ်တွေ ကြီးပဲ မိဘအသိုင်းအ၀ိုင်းကလည်း အကုန် သဘော တူတယ် ငွေရေးကြေးရေး ..ပြောစရာ မလိုအောင် ကိုဖူလုံတယ် ..ဒါ..ဒါနဲ့များ မောင်နဲ့ဘာလို့ လက်မထပ် ချင်ရသလဲ နေခြည် ”
“ အဲဒီမေးခွန်းဟာ အဖြေမရှိတဲ့ မေးခွန်းပဲပေါ့မောင်ရယ် ...”
သူမ ပြန်ဖြေတုန်းမှာ သူမရဲ့အသံဟာ ပုံမှန်ထက် တိုးလျတုန်ခါသွာတးယ်ဆိုတာ သတိထားမိလိုက်ပါတယ်...။
“ မောင်တော့နားမလည်နိုင်တော့ဘူးကွာ...နေခြည့်အနေနဲ့ မောင့်ကို ပွင့်ပွင့်လင်း လင်း ပြောသင့် တယ်ထင် တာပါပဲ ..မောင့်မှာ နေခြည်မလိုလားတဲ့ ဘာချို့ယွင်းချက်တွေရှိနေလဲ ပြောပါ ”
“ မရှိပါဘူးမောင် ”
“ ဒါ...ဒါနဲ့များကွာ ”
“ စိတ်မကောင်းပါဘူးမောင်ရယ် နေခြည်တို့ ချစ်သူဘ၀နဲ့ပဲ တစ်သက်လုံးနေ သွားကြ ရအောင်နော်မောင်... မောင်ခွင့်ပြုပေးပါလား ”
“ မဖြစ်နိုင်ဘူးနေခြည်.. မောင်လိုချင်တာ အေးချမ်းတဲ့ မိသားစုဘ၀လေး မောင်မိသားစုဘ၀ကို ဘယ်လောက် ထိငတ်မွတ်တတောင့်တလဲဆိုတာ မင်းသိပါတယ်နေခြည်ရယ် ”
“ သိ...သိပါတယ်မောင်ရယ် ”
ကျွန်တော့်ရင်ထဲမှာ ဆို့နင့်မွမ်းကျပ်နေမိပါပြီ ။ ညနေခင်းဟာလည်း သုဿန်တ စပြင်လို ခြောက်သွေ့ ညှိုးလျော် လို့ ။ မိုးသားတွေဟာလည်း ကောင်းကင်တစ်ခွင်မဲမှောင်မှိုင်းညို့ပြီး ပတ်ဝန်းကျင် ကို ပိုမို ထိုင်းမှိုင်း သွားစေပါတယ် ။
“ နေခြည်..မောင်မခံစားနိုင်တော့ဘူး မောင်နောက်ဆုံးတစ်ခွန်းပဲမေးမယ် နေခြည်သေချာစဉ်းစားပြီးမှဖြေပါ ”
ကျွန်တော့်ရဲ့စကားသံကြောင့် ကျွန်တော့်ရဲ့ နင့်နင့်သီးသီးစွဲမက်ခဲ့ရတဲ့ နေခြည့်ရဲ့ကိုယ်လုံးလေးဟာ ထိတ်လန့် ဖွယ်ရာအဖြစ်ဆိုးတစ်ခုကို ကြုံရတဲ့အလား ဆတ်ကနဲတုန်ရီသွားခဲ့တယ် ။
“ နေခြည်..မင်း မောင့်ကိုလက်ထပ်မလား...မောင်နဲ့လမ်းခွဲမလား ”
အရာအားလုံးဟာ တိတ်ဆိတ်ငြိမ်သက်လျှက်ပါပဲ ။ သူမဟာ ကျွနတော့်ရဲ့စကားသံအဆုံး အိကနဲတစ် ချက်ငို ချက်လိုက်ပါတယ် ။ သူမရဲ့ပြန်ဖြေသံကို နားစွင့်နေခဲ့ရတဲ့ စက္ကန့်တိုင်းစက္ကန့်တိုင်းဟာ ကျွန်တော့်အဖို့ အလွန်လေး လံတဲ့အရာကြီးတစ်ခုကို ထမ်းပိုးထားရသလိုပါပဲ ။
“ ကျွန်မ တို့ လမ်းခွဲကြရအောင်မောင် ...”
မမျှော်လင့်ထားတဲ့စကားသံကြောင့် ကျွန်တော်ရုတ်တရက်ဆွံအသွားမိတယ် ။ မိုးကလည်းအလိုက်တသိပါပဲ ။ ကျွန်တော် တို့ နှစ်ဦးအပေါ် ဝေါကနဲ ရွာချလိုက်တယ် ။ သူမကိုကြည့်ရတာ ၀ိုးတ၀ါးပါပဲ ။ ကျွန်တော့် မျက်ဝန်း အိမ်ထဲမှာ မျက်ရည်တွေလား ... မိုးရေစက်တွေလား ပြည့်အိုင်နေတယ် ။ အတန်ကြာဆွံ့အမိပြီးမှာ ကျွနတော့် အတွက် ကဗျာပေါင်းများစွာ ဖြစ်ပေါ်စေခဲ့တဲ့ သူမကို ကျွန်တော်တစ်ချက်စိုက်ကြည့်ခဲ့တယ် ။
“ ကောင်းပြီလေ မင်းကို ငါမမုန်းပါဘူးနေခြည် မင်းရွေးချယ်ခဲ့တဲ့ အရာဟာ မင်းအတွက် နောင်တမရပါစေနဲ့ ”
ကျွန်တော်စကားဆုံးအောင်ဆက်မပြောနိုင်ခဲ့ဘူး ။ ယောင်္ကျားတန်မဲ့ ကျွန်တော်ငိုနေတယ် ...အဲဒီမိုးရေထဲမှာပဲ ချာကနဲလှည့်ပြေးပြီး ပြည်လမ်းမပေါ်က မိုးရေတွေကြားထဲမှာ ကျွန်တော် အရူးတစ်ယောက် လို ပြေးလွှားအော် ဟစ်နေမိခဲ့တယ် ။
ငါမမေ့သေးဘူးနေခြည်ရယ် ။ အခုဆို ငါတို့ လမ်းခွဲခဲ့တာ ငါးနှစ်တောင်ကျော်ပြီပေါ့ ။ ငါးနှစ်ဆိုတာ သိပ်မ ကြာပေမယ့် ငါ့အတွက်တော့ နေ့ရက်တိုင်းဟာ ဗလာဟင်းလင်းပြင်ပဲနေခြည် ... ။ နင့်ကိုငါမုန်းမေ့ဖို့ မကြိုးစား ပါဘူး ။ ငါမှမမုန်းနိုင်ပဲလေ ။ အဲဒီလိုပဲ ပေါ့နေခြည် ။ နင်နဲ့ငါလမ်းခွဲပြီး ငါးနှစ်နဲ့ငါးလတိတိပြည့်တဲ့နေ့မှာ ကမ္ဘာကြီးပေါ်မှာ ငါအရမ်းသိချင်တဲ့ အဖြေတစ်ခုကိုငါသိခွင့်ရခဲ့တယ် ။ ဟုတ်ပါတယ် ။ အဲဒီနေ့မှာ ကျွန်တော် တို့ နှစ်ယောက်ရဲ့အရင်းနှီးဆုံးသူငယချင်းလည်းဖြစ် နေခြည်နဲ့လည်း ညီအစ်မ၀မ်းကွဲတော်တဲ့ လရိပ်ဟာ ကျွန်တော့်ဆီ ရောက်လာခဲ့တယ် ။
“ ကျော်...နင်နေခြည်နဲ့လမ်းခွဲလိုက်တာ ငါးနှစ်တောင်ရှိပြီဆိုစိတ်မကောင်းဘူးဟယ် ”
“ အဟက်... ထားလိုက်ပါ လရိပ်ရာ အတိတ်ကိုပြန်ပြီးမတူးဖော်ပါနဲ့ အရာအားလုံးဟာ အသားကျစပြုနေပြီပဲ ”
အမှန်တော့ ကျွန်တော့်ရင်ထဲမှာ သူမနဲ့ပတ်သတ်ပြီးဘယ်အရာမှ နေသားတကျ ဖြစ်မနေသေးပါဘူး ။ အခုထက် ထိ ရင်ခုန်လှိုက်ဝေပူနွေးနေဆဲပါပဲ ။
“ အင်း..နင် ကတော့နေခြည့်ကို နာကျည်းနေမှာပဲနော်..အမှန်တရားကို ငါပြောဖို့သင့်ပြီကျော်..သူကတော့ငါ့ကို အတန်တန်ပိတ်ထားတာပေါ့လေ ဒါပေမယ့် သူဖြစ်ပျက်နေတာတွေကို ငါလည်းမကြည့်ရက်တော့ဘူးဟာ နင်သိတဲ့ အတိုင်းပဲ နင်တို့လမ်းမခွဲခင်တကည်းက ငါစင်ကာပူမှာ အလုပ်ရလို့ သွားခဲ့တယ် ။ သိပ်မကြာ ဘူး နေခြည်စင်ကာပူကိုလိုက်လာခဲ့တယ် သူအရမ်းကိုပိန်သွားခဲ့တယ် ။ သူက ပြောတယ် နင်နဲ့သူ လမ်းခွဲခဲ့ တယ်တဲ့ .. သူနေ့တိုင်းပဲငိုနေတယ်ကျော် ..နေ့တိုင်းငိုလွန်းအားကြီးလို့ သူ့မျက်လုံးခွဲစိပ်ခဲ့ရတယ် ..နင်ကတော့ နာကျည်းနေမှာပေါ့လေ တကယ်တော့ နေခြည်က နင်ထင်သလိုမဟုတ်ဘူးကျော်..သူဟာ အရမ်းသနား ဖို့ကောင်းပါတယ် .သူ့မှာ နင်နဲ့မတွေ့ခင်ကတည်းက ရင်သားအကြိတ်ရှိနေခဲ့တယ် ။ ကင်ဆာ အဆင့်ထိတော့ မရောက်သေးဘူးပေါ့ဟာ ။ ကင်ဆာအဆင့် မရောက်အောင်လို့ သူ့ရဲ့ညာဖက် ရင်သားတစ် ခုလုံးကို လှီးထုတ် ခဲ့ရတယ် ။ ကဲ ကျော်နင်စဉ်းစားကြည့်စမ်း ဘယ်မိန်းကလေးက သူတို့ရဲ့ မပြည့်စုံတဲ့ ကိုယ်အဂါင်္ ကို သူ့ချစ်သူဆီပုံအပ်ချင်ပါ့မလဲ ”
“ ဟာ...”
ကျွန်တော်ရူးသွပ်စွာခြောက်ခြားမိပါပြီ ။ ဒါဟာ ကျွန်တော့်ရဲ့ချစ်လှစွာသော နေခြည်ထိပ်ထားရဲ့ ကံကြမ္မာတဲ့လား ....ဘုရားရေ... ဘယ်လိုအကုသိုလ်ဂြိုလ်ဆိုးတွေက သူမကို ဒီလောက်နှိပ်စက်ခဲ့တာပါလိမ့် ။
“ ငါ..ငါ ..မှားပြီ ငါမသိခဲ့ဘူး လရိပ်ရာ ငါအရမ်းမှားသွားပြီ ..တကယ်ဆို...တကယ်ဆို ငါလက်ခံနိုင်ပါတယ် လရိပ် ရယ် ငါချစ်တာ နေခြည်ပါ အပေါ်ယံအရေပြားလောက်နဲ့ ငါ့အချစ်ဟာ သေးငယ်စုတ်ပဲ့မသွားဘူးလရိပ်ရာ ..ငါ ..ငါ..နေခြည့်ကို တွေ့ချင်တယ်ဟာ ”
“ နင့်ဆီက ဒီစကားကြားရတာ ငါဝမ်းသာပါတယ်ကျော်ရယ် သူနေ့တိုင်းအင်တာနက်မှာ နင့်ဘလော့တွေ ၀င်ဖတ်ပါ တယ် အမြဲတမ်းလည်းနင့်ကိုအားပေးပါတယ် နင်နဲ့အနီးဆုံး မှာသူအမြဲရှိနေခဲ့တယ် ။ နင့်ဓါတ် ပုံလေး တွေ Facebook မှာတွေ့ရင် သူအရမ်းပျော်နေတာပဲကျော် .. မောင်အရမ်းချော လာတယ် တဲ့ ကောင် မလေးတွေ ၀ိုင်းနေ တာပဲတဲ့ သူအ၇မ်းကြည်နူးတဲ့မျက်နှာနဲ့ ငါ့ကို ခဏခဏပြောတယ်ကျော် သူတချိန်လုံး နင့်အနား မှာ ရှိနေခဲ့တယ်လေ ”
ဘုရားရေ..ကျွန်တော် ထိတ်လန့်ခြောက်ခြားမိပြန်ပါပြီ ။ သူနဲ့ကျွန်တော်နဲ့ကွဲပြီးကတည်းက ကျွန်တော် ဘလော့ ပေါ်မှာ စာတွေကဗျာတွေ အများကြီးရေးခဲ့တယ် ။ အခုသူမက ကျွန်တော်နဲ့အနီးဆုံးနေရာမှာတဲ့ ...ကျွန်တော် ကြည်နူးလိုက်တာ ..။
“ ငါ...စင်ကာပူလိုက်သွားမယ် ”
“ ဟင့်အင်း မကြိုးစားပါနဲ့ကျော် သူတခါတည်းမှာလိုက်တယ် နင်သူ့ကို ရှာနေသရွှေ့ သူကပုန်းနေဦးမှာတဲ့ သူ့ရဲ့ မပြည့်စုံ တဲ့ ခန္ဓာကိုယ်ဟာ သူအရမ်းချစ်တဲ့ နင့်အတွက် မဖြစ်စေရဘူးတဲ့ ”
“ ဟာ.. ”
“ နောက်ပြီး နင်သူ့ကို မရရအောင်ရှာ၇င် နင်မတွေ့နိုင်တဲ့ တစ်ကမ္ဘာဆီသူသွားတော့မယ်တဲ့ ဘာအဓိပ္ပါယ် လည်းဆို တာ နင်သိမှာပါကျော်ရယ် ”
ကျွန်တော်....ငိုကြွေးယုံက လွဲလို့ ဘာများ ဆက်လုပ်ရမလဲ ။
နေခြည်....
မှောင်မိုက်တဲ့ကောင်းကင်ယံမှာ
ငါဟာ....ကြယ်ပျောက်ရှာဖွေသူပါ
တွေ့နိုး...တွေ့နိုးနဲ့
မျှော်လင့်ခြင်းတွေလင်းလက်ခါမှ
“ လမ်းဆုံးပြီ ” တဲ့...
နေခြည်.....
ငါ့ရဲ့ ..ရင်ခွဲလိပ်ပြာ
အဆိပ်တွေတက်လို့
ရူးသွပ်ပြာနှမ်းနေပစေ
အလွမ်းဒါဏ်သင့်ခဲ့တဲ့...
လေလွင့်နေ့ရက်တွေမှာ ..
နင်ဟာ ငါ့ရဲ့ထိပ်ထား ..
အို...နေခြည်ထိပ်ထား...
မှောင်မိုက်နေ့ရက်တို့ကုန်ဆုံးပါစေသား....
ထုံးစံအတိုင်းပါပဲ ။ ဒီဘလော့လေး တင်ပြီးတဲ့အခါ သူမဟာ ကျွန်တော်မသိတဲ့ နာမည်တစ်ခုနဲ့ ကွန်းမန့်တစ် ခုခု လာရေးသွားဦးမှာပါပဲ ။ ကျွန်တော့်ရဲ့ နေခြည်ဟာ ဘယ်လောက်ဝေးဝေး ကျွန်တော်နဲ့အနီးဆုံးမှာ ရှိနေဆဲပါပဲ ။
www.thettantvillage.com
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကျွန်တော့်ရဲ့ နေခြည်ဟာ ဘယ်လောက်ဝေးဝေး ကျွန်တော်နဲ့အနီးဆုံးမှာ ရှိနေဆဲပါပအနီးဆုံးမှာ ရှိနေတယ်ဆိုတာ နေခြည်လဲ သိနေမယ်ထင်ပါတယ်... :))
ReplyDeleteနေခြည်လဲ သိနေမယ်ထင်တယ် ကိုသက်တန့် ရေ...:))
ReplyDeleteဝတ္ထုလေးက ကောင်းလိုက်တာ..... ဖတ်ပြီး ရင်ထဲနင့်သွားတာပဲ.... ချစ်နေရက်နဲ့ ခွဲခွါနေကြရတဲ့ချစ်သူတွေအတွက်ကို ဝိုင်းခံစားသွားပေးပါတယ်။
ReplyDeleteကိုသက်တန်: is it true story? from your own experience? :)
ReplyDeleteအရမ်းသနားဖို.ကောင်းပါတယ်။ကိုယ်ချင်းစာတတ်သော ဖြူစင်သန်. ။
ReplyDeleteမနေခြည် သိနေမှာပါ :)
ReplyDeleteသနားစရလေးနော်
ReplyDelete