ညီမလေးရေ...ဇွန်လရဲ့ နောက်ဆုံးရက်သတ္တပတ်မှာ မိုးတွေဟာ အုံ့အုံ့သည်းသည်းရွာသွန်းနေလေရဲ့ ။ လမ်း မပေါ်မှာလည်း ရေတဖွေးဖွေး လူတွေဟာ ဟိုမှ ဒီ ၊ ဒီမှဟိုကို သုတ်သီးသုတ်ပြာနဲ့ သွားလာနေကြတယ် ။ တခါတခါတော့လည်း စဉ်းစားမိတယ် ညီမလေးရေ ...တို့တွေမွေးဖွားလာရခြင်းရဲ့ ပန်းတိုင်ဆိုတာကိုပေါ့ ။ တချို့ရဲ့ ပန်းတိုင်က ဆရာဝန်ကြီးဖြစ်ဖို့ တချို့ကလည်းသူဌေးကြီးဖြစ်ဖို့ တချို့ကလည်းအောင် မြင်ကျော်ကြား ချင်လို့ တချို့ကလည်း ချစ်သူနဲ့အတူနေရဖို့တဲ့ ...ရယ်စရာတော့အကောင်းသားညီမလေးရေ ..တကယ့်ပန်း တိုင်အစစ်ဟာ သေဆုံးခြင်းဆိုတဲ့အရာကို လူတွေက ဖြစ်ချင်တာတွေ လုပ်ချင်တာတွေနဲ့ ဖုံးအုပ်ပြီး မေ့လျော့ပေါ့ဆနေကြတယ် ။ ဟုတ်တယ် တို့တတွေရဲ့ပန်းတိုင်ဟာ သေဆုံးခြင်းပဲ ညီမလေးရေ ။ ဒီတော့ မသေခင်အချိန်လေးမှာ ဖြတ်သန်းရမယ့်နေ့ရက်တွေဟာ အဓိပ္ပါယ်ရှိဖို့သာ လိုတာပါ ။ ကြီးကြီးမာားးကြီးတွေတွေးမနေပါနဲ့ ညီမလေးရေ တကယ်တော့ဘ၀ဆိုတာ နေ့စဉ်ကိုယ်လုပ်တဲ့အလုပ် ကိုယ်ကျေနပ်ရင်ပဲ နေပျော်ဖို့ ကောင်းနေပါပြီ ။
ညီမလေးရေ ..သီးချိန်တန်သီးပွင့်ချိန်တန်ပွင့်ဆိုတဲ့ စကားပုံရှိတယ် ။ လူရယ်လို့ ဖြစ်လာရင် သူ့အသက်အရွယ် အပိုင်းအခြားအလိုက် တာဝန်ထမ်းဆောင်ရမယ် ။ ဒါဟာ ဘယ်သူကမှပေးအပ်ထားတာမဟုတ်ဘူး ။ သဘာဝတ ရားကြီးက ပေးအပ်ထားတဲ့ တာဝန်သာလျှင်ဖြစ်တယ် ။ အသက် ၁၆ နှစ် ၁၇ နှစ်ဟာ အိမ်ထောင်ပြုသားမွေး လုပ်ရမယ့် အရွယ်မဟုတ်ဘူး ။ ပညာရှာရမယ့်အရွယ်ဖြစ်တယ် ။ ၂၂ နှစ်မှသည် ၂၅ နှစ်အတွင်း အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးအချိန်ဖြစ်တယ် ။ ၂၂ နှစ်ကျော်သွားရင်တော့ ပန်းလေးတစ်ပွင့်ဟာ ရင့်မှည့်ချိန်လွန်လာပါပြီ ။ အခု ၂၁ ရာစုမှာတော့ ၃၀ ကျော်မှ အိမ်ထောင်ပြုနေတာတွေကိုလည်း တွေ့နေရတာပါပဲ ။ ဆိုးကျိုးကတော့ အသက်ကြီးမှ အိမ်ထောင်ပြုတဲ့အတွက် ကလေးယူဖို့ အခက်ကြုံလေ့ရှိတယ် ။ အခက်အခဲအ များကြီးတွေ့ ရလေ့ရှိတယ် ။ မိခင်တစ်ယောက်အနေနဲ့ အန္တရယ်ရှိတဲ့ risk တွေအများကြီးရှိတယ် ။
ညီမလေးရေ ... အချိန်တန် အရွယ်ရောက်လို့ အိမ်ထောင်ပြုဖို့ လိုအပ်လာပြီဆိုရင် အိမ်ထောင်ရေး သဘော တရားတွေကို နားလည်ဖို့လိုလာပြီ ။ အိမ်ထောင်ပြုခြင်းနဲ့ပတ်သတ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဒီလိုဖတ်ဖူးတယ် ။
“ တစ်ကြိမ်အိမ်ထောင်ပြုခြင်းဟာ သဘာဝတာဝန်ကိုထမ်းဆောင်ခြင်းဖြစ်တယ် ။ နှစ်ကြိမ်အိမ်ထောင်ပြုခြင်းဟာ မိုက်မဲမှု တစ်ခုသာလျှင်ဖြစ်တယ် ။ သုံးကြိမ်အိမ်ထောင်ပြုခြင်းဟာ ရူးသွပ်မှုတစ်ခုသာလျှင်ဖြစ်တယ် ” တဲ့ ။ ဘာကို ဆိုလိုသလဲဆိုတာကိုတော့ ညီမလေးစဉ်းစားကြည့်နိုင်မှာပါ ။
ညီမလေးရေ ... အိမ်ထောင်ပြုရင်အချို့က အချစ်ရှိရင်ပြည့်စုံပြီတဲ့ ။ အချို့က ငွေကြေးပြည့်စုံဖို့ လိုအပ်တယ်တဲ့ ။ အချို့က နားလည်မှု ရှိရမယ်တဲ့ ။ မပြည့်စုံဘူးညီမလေးရေ ။ တကယ်တော့ အိမ်ထောင်ပြုခြင်းဆိုတာ အလွန်စ နစ်ကျတဲ့ အစိတ်အပိုင်း ၄ ခုပေါင်းစပ်ထားတဲ့ Equation တစ်ခုသာလျှင်ဖြစ်တယ် ။ ကဲ အိမ်ထောင်ပြုခြင်း ညီမျှခြင်းကို ကြည့်ကြရအောင် ။
အိမ်ထောင်ပြုခြင်း = အချစ် (၂၅%) + တစ်ဦးနှင့်တစ်ဦးနားလည်မှု (၂၅%) + ငွေကြေးပြည့်စုံလုံလောက်မှု (၂၅%) + နှစ်ဖက်မိဘအသိုင်းအ၀ိုင်းနှင့်အဆင်ပြေမှု (၂၅%)
စဉ်းစားကြည့် ညီမလေးရေ .. အိမ်ထောင်တစ်ခုဟာ အချစ် ၁၀၀% နဲ့တကယ်ပဲ သာယာပြည့်စုံသတဲ့လား ။ တူနှစ် ကိုယ်တဲ့အိုပျက်မှာ ထမင်းရည်လျှက်ရပါစေရဲ့ ဆိုတဲ့စကားဟာ ရုပ်ရှင်တွေ ၀ထ္ထုတွေထဲမှာသာ အ၇မ်း ဖတ် လို့ ကောင်းတဲ့စာစုတစ်ခုဖြစ်တယ် ။ လက်တွေ့ဘ၀မှာတော့ အပေါစား ဟာသတစ်ခုသာလျှင်ဖြစ်တယ် ။ အချစ်ဆိုတာဟာ ငွေကြေးမပြည့်စုံမှု ၊ နှစ်ဖက်မိဘအသိုင်းအ၀ိုင်းနဲ့အဆင်မပြေမှု ၊ နားလည်မှုမပေးပဲ ချုပ်ချယ်မှုတွေနဲ့ကြုံလာရင် လုံးပါးပါး လျော့နည်းပျောက်ကွယ် သွားတတ်တဲ့ အရာဖြစ်တယ် ။ လူတွေဟာ သမီးရည်းစားဘ၀နဲ့ အိမ်ထောင်သည်ဘ၀ကို အတူတူပဲလို့ ထင်နေကြတယ် ။ မတူဘူးညီမလေးရေ ။ ပြဒါးတစ်လမ်း သံတစ်လမ်း သာလျှင်ဖြစ်တယ် ။ ရည်းစားဘ၀ဟာ စိတ်ကူးယဉ်ဆန်သလောက် ၊ အိမ်ထောင် ပြုခြင်းဟာ လက်တွေ့ဆန်တယ် ။ တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ ကြုံတွေ့လာရမယ့် အခက်အခဲတွေ ကို အတူတကွ တိုက်ပွဲဝင်ဖို့အတွက် ရဲဘော်ရဲဘက် လက်တွဲခြင်းသာဖြစ်တယ် ။
ငွေကြေးတစ်ခုတည်းနဲ့ အိမ်ထောင်တည်ဆောက်ဖို့ မလုံလောက်သလို နားလည်မှု ရှိယုံနဲ့လည်း အိမ်ထောင်ရေး ဟာ အဓိပ္ပါယ်မရှိလှဘူး ။ ကဲ တစ်ယောက်နဲ့တစ်ယောက် လည်းချစ်တယ် ။ ငွေကြေးလည်းရှိတယ် ။ နှစ်ယောက် စလုံးလည်း နားလည်မှုရှိပါတယ် ။ ဒါပေမယ့် သူ့မိဘ ကိုယ့်မိဘ ကတောက်ကဆနဲ့ ဟိုစောင်းမြောင်း ဒီစောင်းမြောင်း ယောက္ခမ တွေနဲ့ မတည့်ဆိုရင်တော့ တယ်မနှိပ်လှဘူး ညီမလေးရေ ။ ဒီတော့ အထက်မှာပြောခဲ့တဲ့ Equation ပြည့်စုံနေမှ အိမ်ထောင်တစ်ခုဟာ အဓိပ္ပါယ် သက်ဝင်နေမယ် ။ ဒီလိုမှ မဟုတ်ခဲ့ရင်တော့ လွယ်လွယ်နဲ့တွဲ လွယ်လွယ်နဲ့ကွဲ တစ်ခုလပ် တစ်လင်ကွာဆိုတဲ့ ဂုဏ်ပုဒ်သာ လျှင် အဖတ် တင်လိမ့်မယ် ။
အခုနောက်ပိုင်းမှာ ထိုးဖောက်ဝင်ရောက်လာတဲ့ အနောက်တိုင်းယဉ်ကျေးမှုတွေမှာ တို့လူမျိုးတွေအတွက် ရင်လေး စရာတွေ အများကြီးပါပဲ ။ ကိုရီးယားကားတွေကြည့်ပြီး သားသမီးတွေဟာ အဖေနဲ့အမေကို အာပုကျိတွေ အိုမားတွေ လုပ်နေကြပြီ ။ ယောင်္ကျားလေးတွေ (အထူးသဖြင့် လူငယ်လေးတွေ) ကိုယ့်ရိုးရာ ၀တ်စုံဖြစ်တဲ့ ပုဆိုးဝတ်ရမှာကိုပဲ ရှက်သလိုလို ရွံ့သလိုလိုနဲ့ ညီမလေးရေ ။ ဘယ်လောက်တောင် ရင်လေး စရာကောင်းသလဲ ။ ညီမလေးဟာ မြန်မာသမီးပျိုလေးတစ်ယောက်လို့  ကိုယ့်ကိုယ်ကိုယ် ခံယူထားရင် လိုအပ်တဲ့ အခါ မြန်မာ့ရိုးရာ ထဘီကို ဂုဏ်ယူစွာ ၀တ်ဆင်လိုက်ဖို့ မမေ့ပါနဲ့ ။ ခောတ်နောက်ကျတာမဟုတ်ဘူး ညီမလေးရေ ။ ခေတ်ဟာ ခေတ်ပဲ မြန်မာဟာ မြန်မာပဲ မြန်မာလူမျိုးဟာ ယဉ်ကျေးသိမ်မွေ့တယ် ။ တစ်ဖက်သား ကို ရိုင်းပင်းကူညီတယ် ။ ရိုသေလေးစား မြတ်နိုးတန်ဖိုးထားတတ်တဲ့ ချစ်စရာ လူမျိုးတွေဖြစ်တယ် ။
“ မြန်မာဖြစ်ရတာရှက်လိုက်တာကွာ ” ဆိုတဲ့ နိုင်ငံခြားရောက်မြန်မာအချို့ဆီက အသားထဲလောက် ထွက်တဲ့စကား သံတွေ ခဏခဏကြားနေရတယ် ။ မဖြစ်စေနဲ့ညီမလေးရေ ။ သူများတွေအရှက်မရှိ စကပ် အတိုလေးတွေ အတွင်းခံ မပေါ့်တပေါ် ၀တ်တာမြင်ယုံနဲ့ကိုယ်က လိုက်ဝတ်ရမှာတဲ့လား ။ လိုက်ဝတ်သင့်သလား ။ ဒီအတိုင်းဆို တို့လူမျိုးဟာ ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့ပြီ ။ လူတိုင်းလူတိုင်း ညီမလေးအပါအ၀င် ကိုကြီးက အစ အလေးအနက် ကို ပြုပြင်ဖို့လိုအပ်နေပြီ ။
ကိုရီးယားဟာ သူ့ယဉ်ကျေးမှု ၊ သူ့ ရေမြေနဲ့ သူနဲ့လိုက်ဖက်တဲ့ အ၀တ်အစားတွေဝတ်တယ် ။ သူတို့ ယဉ်ကျေး မှုကိုတန်ဖိုးထားတယ် ။ နိုင်ငံခြားတိုင်းတပါးယဉ်ကျေးမှုကို အ၀င်မခံဘူး ။ အင်္ဂလန် ၊ ဂျပန် ထိုနည်း လည်းကောင်းပဲ ။ ကဲ တို့လူမျိုးတွေ သူများ အိုပါးဆို လိုက်ပြီး အိုပါးတယ် ။ သူများ ဆံပင်ကောက် ရင်လိုက်ကောက် တယ် ။ သူများ အတိုဝတ်ရင်လိုက်ဝတ်တယ် ။ ထဘီဝတ်တဲ့မိန်းကလေး ဟာ အတော်လေးကို ရှားပါးနေပြီ ။ စိတ်မကောင်းစရာပါပဲ ။ ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်စေနဲ့ညီမလေးရေ ။
ဟိုးနောင်လာမယ့် တစ်ခေတ်မှာပေါ့ ။ မြန်မာအတွေအကုန်လုံး ရိုးရာ ပုဆိုး ၊ ထဘီကိုပဲ ချစ်ခင်မြတ်နိုး စွာ ရေမြေသဘာဝ အလိုက် ရာသီဥတုအလိုက် ၀တ်ဆင်နိုင်ကြပါစေ ။ ညီမလေးရေ.. စာလည်း အတော်ရှည် သွားပြီမို့ ဒီလောက်နဲ့ပဲ နားပါရစေ ။ ရင်ထဲမှာ ပြောချင်တာတွေကတော့ အများကြီးပဲပေါ့ ။ နောက်ဆုံးမှာချင်တာ တစ်ခုကတော့ ညီမလေးဟာ မြန်မာသမီးပျိုလေးတစ်ယောက်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့ ။
မိုးအေးအေးမှာ နွေးနွေးထွေးထွေးနဲ့ ငြိမ်းချမ်းပါစေ ညီမလေးရေ ..။
ကိုကြီး
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
ဖတ်ရှုစရာ စာကောင်းလေးအတွက်ကျေးဇူးပါ။ ညီမလေးတိုင်း ဖတ်မိ လိုက်နာနိုင်ပါစေရှင်။
ReplyDeleteခင်မင်လေးစားလျက်
မမကြီးတွေ တိုတို ၀တ်တာကြတော့ရော ဘယ်လို ဆုံးမ မလည်း
ReplyDeleteမမကြီးတွေ ဖတ်ဖို့ ဆိုပြီး ထပ်ရေး.. ညီမလေးတွေ ဆိုလို့ ဖတ်မသွားဘူး
အမကြည်ကြည်
ဒီလိုပြောရရင် ပုဆိုး က ကုလားပြည် ရဲ့ အမွေ ပါ
ReplyDeleteမှတ်သားစရာလေးတွေအတွက် ကျေးဇူးပါအကို...
ReplyDeleteကောင်းသောနေ့လေး ဖြစ်ပါစေ..
မှန်လိုက်တာနော်.....း)
ReplyDeleteခင်တဲ့
ချစ်ခြင်းအလကာင်္
အထက်မှာပြောခဲ့တဲ့ Equation တွေထဲကအတိုင်းတော့ ပြည့်စုံဖို့ ခဲယဉ်းပါတယ် ကိုကြီးသက်တန့်....... ဘယ်လိုအကြောင်းကြောင့်နဲ့ ပဲအိမ်ထောင်ပြုပြုပါ... ဘဝ၂ခုပေါင်းစပ်ပြီမို့ အပြန်အလှန်လေးစားမှုတွေနဲ့ အတူသည်းခံခြင်းတရားကိုလဲလက်ကိုင်ထားရမှာဖြစ်ပါတယ်.... .... ဒါမှချစ်ခြင်းမေတ္တာလဲခိုင်မြဲမှာပါ......
ReplyDeleteကိုကြီး သက်တန့်ချိုရေ
ReplyDeleteညီမလေး လာဖတ်မိတိုင်း အားတက်ရပါတယ်
ကိုကြီးရေးတာတွေက တကယ်ကို လမ်းပြပေးနိုင်တဲ့ စာတွေပါ...
ကျေးဇူးတင်ပါတယ်နော် :)
"မသေခင်အချိန်လေးမှာ ဖြတ်သန်းရမယ့်နေ့ရက်တွေဟာ အဓိပ္ပါယ်ရှိဖို့သာ လိုတာပါ" အရမ်းမှန်ပါတယ်။ ထောက်ခံပါတယ်။
ReplyDelete