Peekaboo ဆိုတာ Read more.. Collapse ... စတဲ့ Javascript လေးကို ဘလော့ဂါမှာ ထည့်သွင်း ခြင်းဖြစ်ပါတယ် ။ ကျွန်တော် စစလိုက်ရှာခြင်းတုန်းက javascript တွေ သေနေတာနဲ့ နောက်ပြီး code တွေအ လုပ်မလုပ်တာနဲ့အတော်လေး ဒုက္ခများခဲ့ရပါတယ် ။ အခုတော့ ဒီ ဆက်လက်ဖတ်ရှုရန်ဆိုတဲ့ ဟာလေး လုပ်နည်းကိုအ သေးစိတ်ရေးတင်ပေးလိုက်ပါတယ် ။ ကိုယ့်ရဲ့ စာမျက်နှာမှာ ပို့စ်တွေအများ ကြီးတင် ထားတဲ့အခါ အရှည်ကြီးတွေဖြစ်နေရင် အဆင်မပြေပါဘူး ။ Read more လေး ထည့်ထားတဲ့အခါ expandable ဖြစ်တဲ့အ တွက် ပို့စ်ခေါက်ရတာ အရမ်းလွယ်ကူပြီး ကြည့်ရတာ ရှင်းလင်းသပ်ရပ်စေပါတယ် ။ ၀ထ္ထုရှည်တွေရေးတဲ့အခါ ဒါလေးထည့်ထားရင်အ ရမ်းကို အဆင်ပြေမယ်လို့ထင်ပါတယ် ။ ကျွန်တော့်ဘလော့မှာ နမူနာ ထည့်ထား သလိုပေါ့ ။ ကဲ လုပ်နည်းလေးကို အသေးစိတ် ကြည့်ကြရအောင် ။
အရင်ဆုံး ဘာမှစမလုပ်ခင် ကိုယ့်ရဲ့ Template လေးကို backup လုပ်ထားပါဦး ။ Backup လုပ်နည်းတော့ သိကြမယ် ထင်တဲ့အတွက် မပြောတော့ပါဘူး ။
၁ ။ Blogger ကို sign in လုပ်ပြီး Edit Html ထိရောက်အောင်သွားပါ ။ ပြီးရင် Expand Widget Templates ဆိုတာလေးကို အမှန်ခြစ်ပေးဖို့ မမေ့ပါနဲ့ဦး ။
၂ ။ </head> ဆိုတာကိုရှာပါ ။ ရှာတွေ့ရင် သူ့ရဲ့အပေါ်မှာ အောက်မှာပေးထားတဲ့လင့်လေးကိုဖွင့်ပြီး code တွေအကုန်ကူးလိုက်ပြီး paste လုပ်လိုက်ပါ ။ ( အသင့်တင်ပြီးသားဖြစ်တဲ့ javascript code တွေ ဖြစ်ပါတယ် )
Javascript code များကော်ပီလုပ်ရန် ဒီနေရာကိုနှိပ်ပါ ။
၃ ။ ပြီးရင် <b:includable id='post' var='post'> ဆိုတာလေးကိုတွေ့အောင်ရှာပါ ။ အဲဒီစာကြောင်းလေးအောက်ကို ဆက်ကြည့်သွားပြီး <div style='clear: both;'/> <!-- clear for photos floats --> ဆိုတာ ကိုတွေ့တဲ့အထိ ရှာပါ ။ ပြီးရင် ခုနက <b:includable id='post' var='post'> နဲ့ <div style='clear: both;'/> <!-- clear for photos floats --> ရဲ့ကြားမှာ ရှိသ မျှ code တွေအကုန်လုံးဖျက်လိုက်ပြီး အောက်မှာ အသစ်ပေးထားတဲ့ code တွေ ကို ကော်ပီ ကူးပြီး ထည့် လိုက်ပါ ။
ဒီအဆင့်မှာ အခု ကော်ပီကူးလိုက်တဲ့ code တွေမှာ Read More .... ဆိုတဲ့နေရာလေးမှာ ဆက်လက်ဖတ်ရှူရန် စသဖြင့်ရေးနိုင်ပြီး Summary only... ဆိုတဲ့နေရာမှာ ပြန်ခေါက်ပေးရန် ၊ ပြီးပါပြီ စသဖြင့်ရေးနိုင်ပါတယ် ။ ပြီးရင် save လုပ်ပါ ။
၎ ။ နောက်တစ်ဆင့်အနေနဲ့ Setting ထဲက Formatting ကိုသွားပါ ။ Post template ဆိုတဲ့ text box နေရာလေးမှာ အောက်က code လေးတွေကို ထည့်လိုက်ပါ ။
Type your summary here
<span id="fullpost">
Type rest of the post here
</span>
ပြီးရင်ဆေ့လုပ်လိုက်ပါ ။
ပို့စ်တင်တဲ့အခါ Type your summary here ဆိုတဲ့နေရာမှာ ကိုယ်Home page မှာ ပို့စ်တစ်ပုဒ် လုံးမှာ ပေါ်စေချင်တဲ့စာသားလေးကိုရေးပါ ။ အပေါ်ဆုံးတစ်ပုဒ်ပဲဖြစ်ဖြစ်ပေါ့ ။ ပြီးရင်ကိုယ်ခေါက် ချင်တဲ့နေ ရာလေးကို <span id="fullpost"> နဲ့ </span> ရဲ့ကြားထဲမှာရေးပါ ။ ဒါဆိုအိုကေ သွားပါလိမ့်မယ် ။
မရှင်းတာရှိရင် မေးသွားနိုင်ပါတယ် ။
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကျေးဇူးပါဆရာ။
ReplyDeleteခင်မင်လေးစားလျက်
ဒီကနေ့ ပို့စ်ခေါက်နည်းလေးကို လာယူသွားတယ် ကျေးဇူးပါနော်။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကျေးဇူးပါ အကိုရေ
ReplyDeleteအကို ကိုယ့်ဘာသာသွားယူထားတဲ့ templete code မှာက အကိုပြောတဲ့ ဆိုတာမပါဘူး အကို
ReplyDeleteအဲဒါဘယ်လိုလုပ်ရပါ့မလဲဗျာ အချိန်ရရင် ဖြေပေးပါဦး အကိုအစစအရာရာအဆင်ပြေပါစေ
Naymin ရေ တန်းပလိတ်တစ်ခုမှာ နေမင်းရှာမတွေ့တာ b:includible ဆိုတဲ့ စာကြောင်းလေးလားမသိဘူး အမှန်တော့ တန်းပလိတ်တိုင်းမှာ အဲဒီစာကြောင်းရှိပါတယ် ။ Html ထဲမှာ အဲဒီစာကြောင်းရှာတဲ့အခါ Expand ကိုအမှန်ခြစ်ထားပါ ။ ပြီးရင် Ctrl + F နှိပ်ပြီး ပေါ်လာတဲ့ အောက်ခြေဘားက search box မှာ ကိုယ်ရှာချင်တဲ့စာလုံးရိုက်လိုက်တာနဲ့ပေါ်လာမှာပါ ထပ်ရှာကြည့်ပါဦးခင်ဗျ ကျွန်တော်လုပ်နေတာတော့ ခဏခဏပဲ အဆင်ပြေပါတယ်။ နေမင်းအဆင်မပြေရင် ကျွန်တော်ကူညီပါ့မယ် thettanblog@gmail.com ဆက်သွယ်လိုက်ပါခင်ဗျ ။
ReplyDeleteဟုတ် အကို ။ ကျွန်တော် ပေါ့သွားတာပါ ။ ရသွားပါပြီ ။ ကျေးဇူး အကိုရေ ...
ReplyDeleteအကိုေ၇ ဒီလိုပေါ်နေတယ်ဗျာ ဘယ်လိုလုပ်၇မလဲ
ReplyDeleteYour template could not be parsed as it is not well-formed. Please make sure that all XML elements are closed properly.
XML error message: The element type "br" must be terminated by the matching end-tag "
စပ်မိစပ်ရာအတိုင်းပဲ ပေါ်နေတယ်
ReplyDeleteထပ်ထည့်လည်း ရဘူး...... သိသူများ ကူညီပါဦး.........
Your template could not be parsed as it is not well-formed. Please make sure that all XML elements are closed properly.
ReplyDeleteXML error message: The element type "br" must be terminated by the matching end-tag "
ဒီကုဒ်ပဲပေါ်နေတယ်ဗျ...
ကိုဇင်မျိုးရေ......
ReplyDeleteဒီ Post မှာ (အဲ...ဘယ်လိုခေါ်ရမလဲ..)ကိုသက်တန့်ချိုက code တွေကို textarea tag ထဲမှာထည့်လိုက်တော့ post တင်နေရင်းနဲ့ enter ခေါက်လိုက်တော့ <br> တွေကပါသွားတာပါ...copy လုပ်ပြီး paste လုပ်တဲ့ အချိန်မှာ အဲဒီ <br> တွေကိုဖျက်ပေးရမှာပါ။ ဒီလို code တွေကို textarea tag နဲ့မပြပဲ pre tag နဲ့ ဆိုပိုကောင်းပါတယ်.....