Monday, June 6, 2011

ဘလော့ပို့စ်များတွင် Facebook like buttom ထည့်ခြင်း

ဘလော့ပို့စ်များတွင် Facebook like buttom ထည့်ခြင်း



ကဗျာတွေ စာတွေရေးနေရင်းက ဘယ့်နှယ့် နည်းပညာဖက်ရောက်လာတာလဲမထင်ပါနဲ့ ။ ကျွန်တော်သည် နည်းပညာသမားမဟုတ်တဲ့အတွက် နည်းပညာပို့စ်တွေကိုတော့ ရေးဖြစ်ဦးမှာမဟုတ်ပါဘူး ။ ဒါပေမယ့်အ ခုဟာလေးကိုတော့ တော်တော်လေး အသုံးဝင်မယ်ထင်လို့ တင်ပြပေးလိုက်ပါတယ် ။ ဘလော့ အနည်းစုမှာ သာတွေ့ရပြီး အတော်များများ မလုပ်တတ်ကြပဲ မေးမြန်းကြတဲ့အတွက် အခုလိုမျိုး ပို့စ်အနေနဲ့ရေးပေး လိုက်ခြင်းဖြစ်ပါတယ် ။ ဘလော့ပို့စ်ခေါင်းစဉ်လေးတွေအောက်မှာ facebook like buttom လေးတွေ ထည့်ထားခြင်း အားဖြင့် စာဖတ်သူတွေက အလွယ်တကူ like လုပ်နိုင်ပြီး သူတို့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ သူတို့ like လုပ်သွားတဲ့ ဘလော့ပို့စ် လင့်လေးက သွားပေါ်နေမှာဖြစ်ပါတယ် ။ ဒီတော့ Blog traffic များတဲ့ နည်းတွေ ထဲက တစ်နည်းလို့ ယူဆမိပါတယ် ။ လုပ်နည်းကတော့ သိပ်လွယ်လွန်းပါတယ် ။

၁ ။ အရင်ဆုံး Blogger ကို sign in ၀င်လိုက်ပါ ။

၂ ။ ပြီးရင် Layout ထဲက Edit Html ကိုသွားပါ ။

၃ ။ ညာဖက်အပေါ်ထောင့်လေးက Expand Widget Templates ဆိုတာလေးကို အမှန်ခြစ်ပေးပါ ။

၎ ။ ပြီးရင် Ctrl + F ကိုနှိပ်ပြီး ဆိုတာကိုရှာပါ ။

၅ ။ တွေ့ရင် အဲဒီစာကြောင်းအောက်ကနေ အောက်မှာပေးထားတဲ့ code တွေကို ကူးပြီး paste လုပ်ပါ ။



၆ ။ ပြီးရင် save လုပ်ပြီး ဘလော့မှာ ဖေ့ဘုတ် buttom လေးတွေပေါ်နေတာကိုတွေ့နိုင်ပါပြီ ။

(အကယ်၍ သင့်ရဲ့ တန်းပလိတ်မှာ ကိုရှာမတွေ့ပါက ကို ရှာပါ ။ ခုနက အပေါ်မှာ ကူးထားတဲ့ code တွေကို အဲဒီ ဆို တဲ့စာကြောင်းလေးအပေါ်မှာ paste လုပ်ပေးပါ ။ ပြီးရင် save လုပ်လို့ ရပါပြီ ။

အားလုံးအဆင်ပြေကြလိမ့်မယ်ထင်ပါတယ် ။

www.thettantvillage.com
သက်တန့်ချို

7 comments:

  1. Your template could not be parsed as it is not well-formed. Please make sure all XML elements are closed properly.
    XML error message: The reference to entity "layout" must end with the ';' delimiter.
    Error 500

    ReplyDelete
  2. code တွေကော်ပီကူးတဲ့အခါ > < ' , အဲဒါလေးတွေ တစ်ခုခုကျန်ခဲ့လို့ထင်တယ်အစ်မရ မူရင်းလင့်က ဒီမှာပါအစ်မ ။ ဟီးကျနော်ဘာသာပြန်တာများလွဲနေလို့လား ကျနော်လုပ်ထားတာတော့ ပေါ်နေတယ် နောက်ပြီး တခြားဘလော့တစ်ခုကိုလည်းလုပ်ပေးသေးတယ် ရတယ် ။

    မူရင်းလင့် - http://www.allblogtools.com/tricks-and-hacks/add-facebook-like-button-for-blogger-blogspot-and-customize-it/

    ReplyDelete
  3. ပြောထားတဲ့အတိုင်း လုပ်ကြည့်ပါတယ် သက်တန့် ရေ..မူရင်းလင့်မှာလည်းသွားဖတ်ပြီး ထပ်လုပ်ကြည့်တယ်.. အဟီး..ဒါပေမဲ့ မရဘူး ကွဲ့ ..ဘာ Like မှ ပေါ်မလာဘူး...း((
    တင်းပလိပ်နဲ့များဆိုင်နေမလား ဟင်.. L

    ReplyDelete
  4. ဪ..တခုမေ့နေတာ.. facebook account ID နဲ့ blog mail acc က မတူပဲ ဖြစ်နေလို့ များလား...
    ဒါဆိုရင်တော့ Like မပေါ်နိုင်ဘူး ထင်တယ်..း))

    တော်ပြီ.. မလိုက်ခ် တော့ပါဘူး ကွယ်..
    ရှိပါစေတော့..

    ခင်တဲ့ မကိ

    ReplyDelete
  5. ဟုတ်တယ် အမလဲ လုပ်တာ မပေါ်ဘူး အယ်ရာချည်းပေါ်နေတယ်။ ဘာဖြစ်လဲ မသိဘူး။ ဒါပေမဲ့ ဒီပို့စ်ကလို လေးအောက်မှာ မတွေ့ဘူး။ တန်းပလိတ်အောက်မှာပဲ အကုန်တွေ့လို့ အဆင့်အတိုင်း လုပ်လိုက်ပေမဲ့ မရဘူးဖြစ်နေတယ်။ အပေါ်က နိုင်နိုင်းတို့လိုပဲ အယ်ရာလို့ ပြောတယ်။

    ReplyDelete
  6. ကျွန်တော့်ဟာကတော့... ဘာမှားလဲမသိဘူး ဘလော့ပို့စ်တွေမှာ Facebook like buttom ထည့်ရင် ..Like box ဖြုတ်လို့မရဘူး..
    ဖြုတ်လိုက်ရင် .. FB page ကို Like လုပ်ထားတဲ့ အရေအတွက်ပဲ...Blog post မှာလာပေါ်တယ်.. :D

    ReplyDelete
  7. ကျွန်တော့်ဟာကတော့... ဘာမှားလဲမသိဘူး ဘလော့ပို့စ်တွေမှာ Facebook like buttom ထည့်ရင် ..Like box ဖြုတ်လို့မရဘူး..
    ဖြုတ်လိုက်ရင် .. FB page ကို Like လုပ်ထားတဲ့ အရေအတွက်ပဲ...Blog post မှာလာပေါ်တယ်.. :D

    ReplyDelete